Friday, May 2, 2014

အသည်းကွဲပုလင်းသစ်

အောင်ချိမ့်က ဂန္ထ၀င်မမကို ရည်းစားစကားပြောတော့
ဟိုက ပြန်ပြောလွှတ်လိုက်တယ်...
"ငါဟာ မင်းအမေလောက်ရှိပါတယ်" တဲ့
ဘာအဓိပ္ပါယ် ရှိပါသလဲ

ဘာအဓိပ္ပါယ် ရှိပါသလဲ....။
သူငယ်ချင်းမတစ်ယောက် ပြောဖူးတယ်...
ငယ်ငယ်က သူ့ကို ကြိတ်ပြီးကြိုက်နေတဲ့
ကောင်လေးတစ်ယောက် ရှိခဲ့ဖူးသတဲ့...
(သူမကလည်း ဟိုကောင်လေး
ဖွင့်ပြောလာရင် အဖြေပေးဖို့ အရံသင့်စောင့်နေတဲ့ပုံ)။
တစ်နေ့သောအခါ ထိုကောင်လေး
နံရံမှာ မတ်တပ်ထောင်သေးပမ်းနေတာကို
သူငယ်ချင်းမ တွေ့သွား၊
သူမ တွေ့သွားတာကို ထိုကောင်လေးကလည်း ပြန်တွေ့သွားရာက...
နှစ်ယောက်သား အိုးတို့အန်းတမ်း၊ ရှိုးတို့ရှန်းတန်းတွေ ဖြစ်
ရှေ့ဆက်မရကြတာ့ဘူး.... တဲ့။
ကျော်ဘသစ်က ကောင်မလေးတစ်ယောက်ကို
သွား ပြောမိတယ်...
သတိရတယ်... လို့။
အဲဒါကို ထိုသူမက ပြန်မေးတယ်...
"ဟုတ်လား..." တဲ့..
"နည်းနည်းလေး သတိရတာလား..."
"အများကြီးသတိရတာလား..."
"ဒါမှမဟုတ် အလောတော်လောက်ပဲ သတိရတာလား.." တဲ့
ဘာထပ်ပြောရမယ် မသိ။
အေးဗျာ...
ကမ္ဘာပေါ်မှာ အဲဒီလို လူမသိသူမသိ
အတော်ခံပြင်းတဲ့ အသည်းကွဲမှုတွေ ရှိနေတယ်....။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...