Sunday, May 18, 2014

စက်ဝိုင်းသံသရာ ဘယ်အထိ လည်နေအုံးမလဲ မပြောတတ်တော့ပေ

" ဂါးးးးးးးးးးး"
" ဂရားးးးးးးးးး"
" ဂူးးးးးးးးးးးးးးး"
" ဂီးးးးးးးးးးးးးး"
" ဟွင် မိန်းမရေ ဒို့ရပ်ကွက်ထဲ ဘယ်က တိရစ္ဆာန် တွေ ၀င်လာသတုန်းဟ တဂူးဂူး တဂဲဂဲ နဲ့"
" ဘယ်က တိရစ္ဆာန်ရမှာလဲ အာ့ မီးပြတ်လို့ လူတွေအော်တဲ့ အသံတွေလေ"
" ငင်"
ဟုတ်တော့လဲ ဟုတ်သည်။ မီးက ခုတလော အတော်ပြတ်သည်။ နွေတုန်းက မီးပြတ်ပြီး မိုးတွင်းကျတော့ မလာပေ။ မိုးလေးနဲနဲ အုံ့လာတာနဲ့
" မိန်းမရေ ဖယောင်းတိုင် ယပ်တောင်"

ဟု သတိလှမ်းပေးရသလို လေလေး နည်းနည်း ဝှေ့လာလျှင်လည်း
" မိန်းမရေ ယပ်တောင် ဖယောင်းတိုင် ခြင်ထောင်ပါ ထောင်ဟေ့"
တစ်ခါထဲ တန်းအိပ်ရုံ။ လေတိုက်လျှင် တစ်ညလုံး မလာဖို့က များသည်ကိုး။ တစ်ခါကလည်း ည နှစ်နာရီ လောက် မီးထလာတာနဲ့ ဘေးအိမ်က အလန့်တကြား အသံကြီး ထွက်လာသေး။
" အားးးးးးးးးးးးးးးးငါ့ကိုမီးပိတ်ပေးကြပါ မီးပိတ်ပေးကြပါ"
" ဟွင် ဒီလူ အလင်းကြောက်ပုံရတယ် ဧကန္တ ခွေးရူးပြန်နေသလားပဲ"
" ဘယ့်နှာ ခွေးရူးပြန်ရမှာတုန်း လျှပ်စစ်မီး မမြင်ရတာ ကြာလို့ ပြန်မြင်တော့ မမှတ်မိဘဲ လန့်သွားလို့နေမှာပါ"
" ငင် အဲ့လောက်တောင်လား"
" အေးဆို"
အရင်တုန်းကဆို ပူအိုက်လွန်းတော့ မိုးလေးရွာ လေလေးတိုက်ဖို့ဆုတောင်းမိသော်လည်း ယခုမူကား
" ဖျားဖျား ဒိနေ့ မိုးမရွာ လေမတိုက် မိုးမခြိမ်း ပါစေနဲ့ဖျား ကိုးရီးယားကား ဇာတ်သိမ်းခန်းလေးမို့ပါ"
မောင်ပွ တို့ အိမ်မှာ EPC ရုံး နှင့် နီးလေရာ မောင်ပွ မှာ အီးတောင် ကျယ်ကျယ် မပေါက်ရဲ။ မတော်တဆ အီးပေါက်သံ ကို မိုးခြိမ်းသံ ထင်ပြီး မီးဖြတ်လိုက်ရင် မခက်လား။ သို့နှင့် အီးပေါက်ချင်လျှင် အောင့်ထားရသည်။ တစ်ခါက မအောင့်နိုင်လွန်းလို့ ခိုးပေါက်မိပါတယ်။
" ဘူ "
" ဖျတ်"
" ငင့်"
သို့နှင့် နောက်ပိုင်း ဆို အီးပေါက်ချင်လျှင် မီးဖိုချောင်ထဲရှိ အင်တုံပေါ် ပြေးထိုင်ရသည်။
" ဘွမ် ဟမ် ဟမ် ဟမ်"
သူကတော့ အက်ခိုးသံ ပါပေမယ့် ဘေးက ရုံးက မကြားလို့နေမယ်။ မီးမပြတ်။ ဒုက္ခပဲ။ ဒီအတိုင်းဆို အိမ်မှာနေရင်း အင်တုံ ခေါင်းပေါ်ရွက် နေရမယ့်ပုံ။ ဧည့်သည်လာလျှင်လည်း ကော်ဖီခွက် နှင့် အတူ အင်တုံချကာ ဧည့်ခံ ရပေတော့မည်။
" ကဲကဲ ကော်ဖီလေး သောက်ကြပါအုံးပြီးရင် ဒီအင်တုံပေါ် ထိုင်ကြပါအုံး"
" ဟွင် ဒီအင်တုံက ဘာလုပ်ဖို့လား"
" အီးပေါက်ဖို့ပါ"
" ငင့်"
" ဟွာလေ လေသံကျယ်ရင် မီးပြတ်တတ်လို့ပါညော်"
" ဟွင် ဒီလိုလား ဒါဆို ကျွန်မ အရင်ထိုင်ပျစေ"
" မေကြီး မေကြီး သားအရင်ထိုင်မယ်"
" ဟဲ့ မိန်းမ ငါအရင်ထိုင်ပျစေအုံးဟဲ့ ငါ့အီးသံက ပိုကျယ်တယ် ငါအရင် ထိုင်ပျစေလား"
ဘာတွေမှန်းတော့ မသိ။ ပြီးလျှင်
" ကော်ဖီသောက်ပါ အီးပေါက်ပါ ထိုင်ပါ ဒီအင်တုံ
အက်ခိုးသံကြား စိတ်ချထား မုချ အေးဆေးယုံ
ပလိန်းပေါက်က မီးပြတ်ပဟ သေဟဲ့ တစ်ညကုန်"
ဟုတ်မဟုတ်တော့ မသိ။ ဒီလိုပဲ လျှောက်စပ်ကာ ဧည့်ခန်းမှာ ကပ်ထားရ ကောင်းမလားပဲ။ ဒါတင်မကသေး။ အိမ်က လသား အရွယ် သားတော်မောင် အားလည်း အာပြဲ နှင့် မငိုစေရန် ထိန်းရ သိမ်းရသေးသည်။ မတော် သူ့လည်း မိုးခြိမ်းသံ ထင်သွားလျှင် မခက်လား။ မတော်တဆ မပြောကောင်း မဆိုကောင်း မီးလာပါက မိန်းမ ဖြစ်သူမှာ မီးပူပြေးတိုက်ရ ထမင်းပြေးချက်ရ အလုပ်များပေသည်မို့ မောင်ပွ သာလျှင် ကလေး ထိန်းရသည် ဖြစ်လေရာ သားတော်မောင် မငိုစေရေး နည်းမျိုးစုံ ချော့ရလေသည်။
" ဒုက္ခ ဒုက္ခ အိုဒုက္ခ ကုတ်ရဖဲ့ရ ရှုပ်သဟ ကြည့်မကောင်းဘူး ဖေကြီးရာ ဘရိတ်ဒန့် ကနေတာ ကတာ မဟုတ်ဘူး ငါ့သားရဲ့ ယားလို့ကုတ်တာဟဲ့ ဒါဆိုရင် အလွယ်သား ဆေးကောင်းပေးမယ်ဗျား"
" ယောက်ျား အခြေ အနေ ကောင်းလား"
" အေး ခုထိတော့ မဆိုးဘူး"
" ဒါဆိုရင် ဆက်ဆွဲထား ကျွန်မ မီးပူတိုက်လိုက်အုံးမယ်"
မိန်းမ လုပ်သူမှာ မီးပူကို မီးပူနှင့်တူအောင် မတိုက်နိုင်။ မီးလာတုန်း တိုက်ရသည် ဖြစ်လေရာ မီးပူတိုက်သည်နှင့် မတူဘဲ လွှဆွဲ နေသည်နှင့် တူနေသေးတော့သည်။ မြန်လိုက်သည့် အမျိုး။ ထိုသို့ မီးပူဆွဲနေစဉ် ဒီဘက်မှ မောင်ပွကလည်း ပါးစပ်မှ အငြိမ် မနေရပါ။ သားတော် မောင် မငိုစေရန် ချော့ရသေးသည်။ မတော် ငိုလို့ မီးထပြတ်ရင် ဒုက္ခ။
" အိုက်လိုက်တာ မိန်းမရေ မီးလာတုန်းလေ ဟိုဟာလေး ဖွင့်ကွာ ဟွာလေ ဘာခေါ်တယ် အဲ့ဒါ ဟိုနံရံမှာ ကပ်ထားတာကြီးလေ"
" အဲ့ဒါ ဟွာလေ ဘာတဲ့ နေပါအုံး ကျွန်မလဲ မေ့နေလို့ ဘာခေါ်ပါတယ်"
" ဟိုဥစ္စာလေကွာ ဘာတဲ့ နေပါအုံး အာ ကြာပါတယ် အဲ့ဖြူဖြူ ကြီးကိုဖွင့်စမ်းပါကွာ"
မီးပြတ်လွန်း၍ မဖွင့်ရတာ ကြာလို့လား မသိ။ အဲကွန်းကိုတောင် နာမည် မခေါ်တတ်တော့။ ထိုစဉ်
" အဲ့ အဲ့ အဲ့"
" ငင်"
" ငွန့်"
သား လုပ်သူမှာ ငိုရန် စတင်လေပြီ။ ဒုက္ခပဲ ။ ဒင်းငိုလို့ မဖြစ်။ မီးပူတိုက်ရမှာတွေက ကျန်သေးသည်။
" မိန်းမရေ အခြေ အနေ မကောင်းဘူး လက်နက်ကြီး သုံးမလား"
" သုံးမယ် ကြာလို့ ဟိုင်းယား"
" စွပ်"
" အွန့်"
တခြား မထင်လိုက်ကြပါနှင့်။ လက်နက်ကြီးဆိုသည်ကား အင်ဂျင် နှစ်လုံးတပ် မိန်းမ၏ ရင်နှစ်မွှာကို ခေါ်ခြင်းပင်။ စွပ် ဆိုတာက သားလုပ်သူ ပါးစပ်ထဲ လက်နက်ကြီး ထိပ်ဖူး ၀င်သွားသော အသံ။ တော်သေးသည်။ ရန်သူမျိုး ငါးပါး မနှောင့်ယှက်ပါက မီးမပြတ်နိုင်တော့။
" ဟွီးးးးးးးးးး ခုမှပဲ စိတ်အေးရတော့တယ်"
" ဖျတ်"
" ငင့်"
တောက် သက်ပြင်းတောင် ကျယ်ကျယ် ချလို့ မရပါလားကွယ်ရို့။
" ဖျတ်"
" ဟေးးးးးးး မီးပြန်လာဘီ"
တစ်စက္ကန့်ကြာသော်
" ဖျတ်"
" ငင့် ပြန်ပြတ်သွားဘီ"
" ဖျတ်"
" ဟေးးးးးး"
" ဖျတ်"
" ငင့်"
" ဖျတ်"
" ဟေးးးးးးးးး"
" ဖျတ်"
" ငင့်"
ဒီလို ဟေးးးငင့် စက်ဝိုင်းသံသရာ ဘယ်အထိ လည်နေအုံးမလဲ မပြောတတ်တော့ပေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...