Monday, May 5, 2014

ပျော်တော်ဆက် (အပိုင်း-၃)


ဒီနေ့ဟာဟာကျွန်တော်ဘ၀အတွက်အရေးကြီးဆုံးနေ့ဖြစ်မယ်ဆိုတာကိုကျွန်တော်မသိခဲ့ဘူး။ဒါကြောင့် လည်း သူမ ခေါ်သောအချိန်တွင် အနည်းငယ်သောက်စားပြီး သွားတွေ့ဖြစ်သည်။ ခြေထောက်ကို ခပ်ရင့်ရင့်ချိတ် ပြီး ဘေးနာတွင်လူငယ်များနှင့်ထိုင်နေသော မမသည် “ဒီနေ့မင်းကိုခေါ်တာနောက်ဆုံး ဘဲ ကောင်လေး နောက် ရက်ကစပြီး မင်းနဲ့ဒို့ ဘာပတ်သက်မူမှမရှိတော့ဘူး။

ဒါကြောင့်မင်းကို နောက်ဆုံးအနေနဲ့ခေါ်သတိပေးတာ။ မင်းကို ဒီနှစ်ပိုင်းအတွင်းထောက်ပံ့ပေးခဲ့တာတွေအားလုံးကိုစေတနာကြေးလို့ဘဲသတ်မှတ်တယ်။ နောက်ဆို ဒို့ကိုလမ်းမှာတွေ့ရင်တောင်ပြုံးမပြပါနဲ့”။ တစ်နေ့နေ့တွင်ထိုသို့ဖြစ်လာမည်ကိုကြိုတွက်ထားသောလည်း တရား ၀င်ထုတ်ပြောလာသောနေ့တွင်လူငယ်ပီပီစိတ်ကထောင်းခနဲ။
“ခင်ဗျားပြန်ပြောလိုက်စမ်းပါ။ စေတနာကြေးဟုတ်လား။ သမီးပေးလို့သားမက်ရတာပါဗျာ။ ခင်ဗျားတို့ သွေးသားလိုအပ်ချက်တွေကို ကျွန်တော်ဖြည့်ဆည်းပေးလို့ ခင်ဗျားတို့ပိုလျှံနေတဲ့ ငွေကြေးတွေကို သိက္ခာရှိရှိပေး လိုက်တယ်လို့ဘဲပြောစမ်းပါဗျာ”။ ကျွန်တော်စကားကြောင့် မမ တော်တော်ဒေါသ ထွက်သွားသည်။ နီရဲလာ သောမျက်နာသည် မိတ်ကပ်များပေါ်မှအထင်းသားမြင်နေရ၏”။
လူကလည်းမူး နေသဖြင့် စကာလုံးများကို ဒရစပ်ပြောရင်းသူမနား တိုးကပ်သွားသည်။ အနားသို့မရောက်မီ သူမဘေးမှ လူငယ်များကလည်း အဆင်သင့်ဖြစ် အောင်နေရာယူလိုက်တာတွေ့လိုက်သည်။
အေးမြမြညပိုင်းတွင် ပူလောင်သော ငွေကြေးအတွက် သားကောင်လေးများနှင့်တိုက်ပွဲကစတော့မည်။ “ညီလေးမင်းတို့နဲ့မဆိုင်ဘူး။
အသာနေပါ”။ ပါးစပ်ကပြောရင်း အမျိုးသမီးရှေ့တွင်ရပ်လိုက်သည်။ “ကလေးလေး ရှေ့ဆက် တိုးမလာနဲ့နော်။ ဒို့ရဲကိုဖုန်းဆက်လိုက်ရင် မင်းဘာဖြစ်သွားမယ်ထင်လည်း။ ပိုင်နက်ကျူလွန်မူ။ အသရေဖျက်မူ ။ ခေါင်းစဉ်ရှာမရတဲ့ အမူတွေကြားမှာ မင်းဘ၀ပျက်သွားမယ်”။
“ဟတ် ဘ၀ဟုတ်လား။ ကျွန်တော်ခင်းဗျားတို့အသိုင်းဝိုင်းက သူငယ်ချင်းကိုကူညီမိလို့ ရောက်ကထဲက ဘ၀ကပျက်ပြီးသားပါဗျာ။ ငွေဂုဏ်ရှိတဲ့ခင်ဗျားတို့လုပ်ရပ်တွေကြောင့် လူငယ်လေးတွေကို ပျက်မစီးစေပါနဲ့” “ဒီမှာ ကောင်လေး သူတို့ကို မမက ဘာတွေများမြူစွယ်နေလို့လည်းကွယ်။ မမလိုအပ်တာကိုပြောတယ်။ သူတို့ ပေးနိုင်ရင်ပေး မပေးနိုင်ရင်မပေးနဲ့လေ။ အဲတစ်ခုတော့ရှိတယ်။သူတို့လိုချင်တာလေးတွေက မမအတွက်အသေး ဖွဲလေးတွေဖြစ်နေလို့ စွန်ကြဲတာပါ ကလေးရယ်” အမျိုးသမီးကပြောပြီ အမြင်ကပ်လောက်အောင်ပြုံးသည်။
သူတို့အလုပ်ကိုငြင်းဆန်လျှင်ဘ၀ပျက်ပြီး အောက်ခြေသို့ရောက်သွားနိုင်သည်ဟုထိုအမျိုးသမီးထင် နေပုံရသည်။ ငွေကိုခင်တွယ်မိလို့ ဂုဏ်ကိုခြေဖ၀ါးအောက်သို့ချနင်းခဲ့ဖူးသည်။ ရွေကိုမျှော်လို့ မာနကို အစွယ်ကျိုး မြွေတစ်ကောင်ကို နေထိုင်ခဲ့ဖူးသည်။ မိမိကိုမလိုအပ်သော ထိုဌာနေမှာနေထိုင်၇န် လိုအပ်မည်မထင်တော့။ ယောက်ျားတစ်ယောက်၏ လက်ဖ၀ါးအစုံသည် မည်သည့်အရာကိုဖြစ်စေ ရိုးသားစွာ ပျိုးထောင်နိုင်သည်ဆိုတာ ကိုပြရတော့မည်။ ခုဘ၀လို ငွေကိုရေလိုမသုံးစွဲနိုင်လျှင်ကော မနေနိုင်ဘူးလား။
ကျွန်တော်ပြန်သုံးသပ်သည်။ လောကတွင်မြောက်များစွာသော လူသားတို့ရှိသည်။ အားလုံးသည် လောကကြီးမှပေးသော အမှန်တရားများအတိုင်း ရှင်သန်နေထိုင်ကြသည်။အောင်မြင်သည်လည်းရှိ၏။ ကျရှုံးသည်လည်းရှိ၏။ အသေချာဆုံးသောအ၇ာမှာ ဘ၀တွင်သိက္ခာရှိသော အသက်မွေးဝမ်းကြောင်းဖြင့် နေရခြင်းဖြစ်ကြောင်း ကျွန်တော်ကောင်းစွာသဘေား ပေါကပြီ်။
“သားကြီးဘွားတော်က ငါ့ကိုကန်နေပြီ။
ငါလည်းဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူး” သူရကကျွန် တော်ကိုကြည့်ပြီး မင်း ဒီလောက်ဝင်နေတဲ့ ငွေကြေးကိုစွန့်လွတ်နိုင်လို့လား”။ ၀င်နေတဲ့ ငွေကြေး ဟုတ်လား သားကြီး။ မင်းပြန်တွက်ကြည့် ငွေမရဘူးမဟုတ်ဘူး။ရတယ်။ ဒါပေမဲ့ ပူလောင်တဲ့ ငွေကြေးတွေ ။ မင်းဘယ်လောက်စုမိလည်း တစ်ခါတစ်လေ အိမ်ကိုနည်းနည်းပါးပါးပေးနိုင်တာလေးဘဲရှိတာ။ နောက်ဒီလိုနေ နိုင်ဘို့ ၀ယ်ရခြမ်းရနဲ့ လက်ထဲမှာမှမတင်တာ။ ဒီတိုင်းဆက်သွားရင် ငါတို့တွေ အမှောင်လမ်းမှာ လမ်းပျောက် တော့မယ်”။
“ကြိုးစားကြည့်ပေါ့သားကြီးရာငါကတော့ ဒီမှာနေသားကျနေပြီ။ မင်းကခုမှသုံးနှစ်လောက်ရှိသေးတာ။ ပြီးတော့ ငါတစ်ခြားပင်ပန်းတာတွေကိုလည် မလုပ်ချင်တော့ဘူး” သူရကပေါ်တင်ပြောလာသည်။ ရှက်ရွံ ရအောင်ကလည်း အရာအားလုံးက အကြောင်းသိတွေ။ “အေးပါကွာ။ငါကမင်းကိုလုပ်ဘို့မလုပ်ဘို့ကန့် ကွက်တာမဟုတ်ပါဘူး ငါရုံးထွက်တော့မယ်။
ပူလောင်စွာအသက်ရှင်နေခြင်းထက် အေးစက်စွာတစ်ရက်အ သက်ရှင်ရခြင်းကပိုကောင်းမယ်ထင်တယ်။ ခံယူချက်တွေ ယုံကြည်ချက်တွေ အတွက်မင်းနဲ့ငါသွေးမကွဲပါဘူး။ မင်းကငါရဲ့သူငယ်ချင်းဘဲကို။ ကိုယုံကြည်ရာကိုဆက်လုပ်ပါ။ အနက်တွေ အဖြူတွေ အ၀ါတွေကို ခွဲမကြည့်တော့ပါဘူး။မိခင်အဖြူကနေ ဆင်းသက်လာတာမို့ ငါတို့တွေက တစ်အူထုံးဆင်းတွေပါ”။
ကျွန်တော်ဆုံးဖြတ်ချက်ကြောင့်သူရကျွန်တော်ကို မျက်ရည်ဝဲစွာကြည့်သည်။ သူ၏စို့နင့်သောမျက် ရည်များသည်ကျွန်တော်အတွက်လား သူဘ၀အတွက်မှန်ကန်သောဆုံးဖြတ်ချက်ဖြင့် လျှောက်လမ်းမူမပြုခြင်း ကို ကိုယ်စားပြုမည်မှန်းကျွန်တော်သေချာစွာမသိ။ လုပ်နိုင်စွမ်း ဆုံးဖြတ်နိုင်စွမ်းရှိအောင် မိဘနှစ်ပါးပညာတွေ သင်ပေးထားကြသည်။ ကိုတို့လူငယ်တွေက ငွေကိုအထင်ကြီးပြီး နည်းမှားလမ်းမှားတွေနဲ့ ငွေကြေးတွေရှာဖွေ နေတာမှားယွင်းမှန်း သိပြီ။ ပြုပြင်ရမည်မှန်းကိုလည်းသိသည်။ လောဘကိုအဆုံးသတ်ပြီး ဘ၀တစ်ခုမှာ တန်ဖိုးရှိ၍ ရိုးသားသော အသက်မွေးဝမ်းကြောင်းပြုသူအဖြစ် အသိမှတ်ပြုခံရသူဖြစ်လိုသည်။
ထိုသို့ဖြင့်ကျွန်တော်သည်နုပျိုသော အသွေးအသားများကို သနားစိတ်မရှိစွာဝါးမျိုတတ်သော အသိုင်း ၀ိုင်းတစ်ခုနှင့်ဝေးရာသို့ထွက်လာမိသည်။ ခုဆိုကျွန်တော်နယ်မြို့လေးကိုရောက်နေသည်မှာ တစ်လ၀န်းကျင်ခန့် ရှိပြီ။ အရင်မြိုကြီးမှာ လူရာဝင်အောင်သင်ခဲ့သောကွန်ပြူတာပညာလေးဖြင့် စာစီစာရိုက်မိတ္တူနှင့်ဓါတ်ပုံဆိုင်သေး သေးလေးဖွင့်ဖြစ်သည်။
လိုအပ်သောငွေကြေးအချို့ကို နယ်ရှိမိဘထံမှတောင်းခဲ့သည်ဆိုလျှင်လည်းမမှားပါ။
နောက်တတွေတစ်ပွေ့တစ်ပိုက်ဖြင့် ကိုယ်ထူကိုယ်ထစီးပွာရေးလုပ်ရခြင်းသည် အနည်းငယ် စိတ်ပင်ပန်းမူကို ဖြစ်စေသည်။ကံဆိုးနေသည့်အချိန်မှ နလုံးသားကို ကိုင်လှုပ်သောအမျိုးသမီးတစ်ယောက်နှင့် ထပ်မံတွေ့ဆုံရပြန် သည်။
အတိတ်သမိုင်းမလှပသောကျွန်တော်သည် သူမအား ချစ်ခင်တွယ်တာမိသော်လည်း မိမိလိပ်ပြာကိုမလုံ ။ “ ပတ်စပို့ ပုံရိုက်ချင်လို့ပါ” သူမ၏ခပ်ဟဟနုတ်ခမ်းရဲလေးမှထွက်လာသောအသံသည် နလုံးသားတစ်ခုလုံး အားလွမ်းမိုးနေသည်။ သေချာကြည့်မိတော့ အကျီအဖြူ လုံချည်အစိမ်းရောင်ကို သေသပ်စွာဝတ်ထားပြီး ဆွဲခြင်းလေးနှင့်။ သေချာသည်မှာ ကျောင်းဆရာမလေးဖြစ်ပေမည်။
ပုံမှန်ဆိုလျှင် မြန်မြန်ရိုက်ပေးမိမည်ဖြစ်ပေမဲ့ သူမနှင့်အချိန်ခဏကုန်ဆုံးသွားမည်ကိုကြောက်သည်။ ထိုကြောင့် သူမမသိသော အခြားရှုဒေါင့်များဖြင့် ခလုပ်များကို တစ်ချက်ခြင်းနိပ်နေမိသည်။ စိတ်လုပ်ရှားမူ ကြောင့် ရင်ခုန်သံများက ဆူညံလာသည်။ စူးစမ်းလိုသောစိတ်ဖြင့် နာမည်လိပ်စာ ဆက်သွယ်ရန် ဖုန်းနံပတ်များကို မေးထားမိသည်။ ဆယ်မိနစ်လောက် အချိန်ပေးလျှင်ရနိုင်သော ပုံကို မပေးဘဲ နောက်ရက်မှလာယူရန်ချိန်းလိုက် သည်။ သူမ၏မျက်ဝန်းထဲတွင် သင်္ကာမကင်းသော စူစမ်းအကြည့်များက ကျွန်တော်ထံဝေ့ကနဲ့။
သူမလှည့်ထွက်သွားသောအချိန်တွင် သူမခေါင်းမှအမျိုးမည်မသိသောပန်းပွင့်လေးတစ်ပွင့်ကျကျန်နေ သည်။ အသာကောက်ယူ၍ နမ်းရှိုက်မိတော့ သင်းပျံ့မူကလိုက်ခနဲ့။ ထိုသို့ဖြင့်ကျွန်တော်သည် သူမထံရိုးသား သော မာယာမျိုးစုံသုံးပြီးချဉ်းကပ်သည်။ သူမ၏အမြင်တွင်ရိုးသားသော ရုပ်ရည်သန့်ပြန်သည့်ပညာတတ် တစ်ဦးဟုယူဆပြီး ကျွန်တော်၏ ကြိုးစားမူကိုအသိမှတ်ပြုသည်။
“ကျွန်တော်ပိုးလေးကို ချစ်တယ်။ကျွန်တော်အချစ်ကိုလက်ခံပေးပါ” ။ ကျွန်တော်ချစ်ခွင့်ပန်လိုက်သည် နှင့် ပိုးသစ္စာဟုခေါ်သောဆရာမလေးသည် ကျွန်တော်အားထူးခြားစွာစိုက်ကြည့်သည်။ “ကျွန်မကိုချစ်တယ် ဟုတ်လား။ ချစ်လို့ရပါတယ်။ မချစ်နဲ့လို့မတိုက်တွန်းပါဘူး။ ကျွန်မတို့အသက်ရွယ်ကအချစ်ကို ကိုးကွယ်ရမဲ့ အရွယ်မဟုတ်ဘူးဆိုတာလည်း ရှင်သိပါတယ်။
ဒါကြောင့် ချစ်တယ်လို့ပြောမယ်ဆိုလျှင် လက်ထပ်ဖို့အထိပါ ထည့်စဉ်းစားထားရမယ်။ လက်ထပ်မယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့မျိုးရိုးနဲ့ သမိုင်းကိုတော့ ကျွန်မ သိဖို့လိုအပ်မယ်ထင်တယ်”။ ပိုးသစ္စာစကာလုံးများဖြင့် ကျွန်တော်မျက်နာအားဖြတ်ရိုက်လိုက်သည်နှင့်တူ သည်။
ကျွန်တော်၏တစ်စိတ်တစ်ပိုင်းသော အတိတ်သမိုင်းကိုသူမသိနေပုံရသည်။ “မင်းဘာကိုဆိုလိုတာ လဲပိုးလေး။ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပါ။ ကိုယ်မင်းပြောတာဘာမှနားမလည်ဘူး။ “အင်းဒါဆိုကျွန်မပြော မယ်နော်” သူမ၏တိတ်ဆိတ်ခြင်းက ကျွန်တော်အတွက်များစွာရင်ပူစေသည်။ ကျွန်တော်၏အတိတ်တစ်ပိုင်း တစအား သူမသိနေသည်လားမသိ။ “ကျွန်မလည်းရှင့်ကိုသံယေားဇဉ်ရှိတယ်” သူမထိုစကားပြောပြီးလှည့်ထွက် သွားသည်။
ကျွန်တော်မည်သို့နေရမည်မသိ။ သေချာသည့်အဖြေတစ်ခုမဟုတ်သော်လည်းကျွန်တော်အချစ်အား သူမလက်ခံလေပြီ်။ ကျွန်တော်သတိထားမိသောအချိန်တွင် သူမသည်ကျွန်တော်မြင်ကွင်းမှပျောက်ကွယ်သွား ပြီဖြစ်သည်။ ထိုရက် ထိုရက်များ၏နောက်ပိုင်းတွင် သူမအကြောင်းကိုရင်ဖွင့်သည်။ ကျွန်တော်အားတရားဝင်ချစ် ပါသည်ဟုမပြောသည်မှလွဲပြီး ချစ်သူတစ်ဦးနှင့်မခြားသဘောထားလေသည်။
ကျောင်းဆရာမတစ်ဦးလည်းဖြစ်ပြီး ပတ်ဝန်းကျင်သိက္ခာကိုငဲ့ကွက်သောအားဖြင့် ကျွန်တော်သူမအား လက်ထပ်မည်ဟုပြောတိုင် စောပါသေးတယ်ဟုပြောပြီးအမြဲငြင်းသည်။ ထိုသိုပြောတိုင်းမျက်နာ ပျက် ယွင်းနေခြင်းကိုလည်းကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ လိပ်ပြာမသန့်သော လူတစ်ယောက်အတွက် အချစ် အားဗန်းပြပြီး ဇွတ်ထိုးဆန်သောသိမ်းပိုက်ခြင်အမူကိုလည်း ကျွန်တော်မပြုလို။ သူမတွင်လည်း သေချာခိုင်မာေ သောအကြောင်းပြချက်ကောင်းကောင်းရှိလိမ့်မည်။
ကျွန်တော်အရမ်းပျော်နေသည်။ ဒီနေ့သည်ကျွန်တော်ကို ပိုးသစ္စာက မောင်ဟုပထမဆုံးခေါ်သော နေ့ဖြစ်သောကြောင့်ဖြစ်သည်။ “မောင်ကိုကျွန်မချစ်တယ်။ ဒါကြောင့်လည်းဘာအကြောင်းကိုဘဲဖြစ်ဖြစ်လက်ခံ နိုင်ဖို့ကြိုစားထားတယ်။
ကျွန်မမောင့်နောက်ကြောင်းတွေကိုလည်းထဲထဲဝင်ဝင်မသိချင်ဘူး။ မောင်ကျွန်မကိုချစ် နေတယ်ဆိုလျှင်ဘဲ ကျွန်တော်ကျေနပ်တယ်”။ ပတ်ဝန်းကျင်အမြင်တွင် သိပ်ကိုလိုက်ဖက်နေသည့်ဇနီးမောင်နံ လောင်းအတွဲဟုထင်ပေမည်။ ကိုယ့်စိတ် အပူရုပ်အားသရုပ်ဆောင်နေရသည်။ အချစ်သည်ချို၍ အဆိပ်ပြင်းမှန်း ကျွန်တော်ကောင်းစွာသိသည်။
ကျွန်တော်တို့ချစ်သူနှစ်ဦးတွင် ဘာမှန်းမသိနိုင်သောခံစားချက်ကိုယ်စီရှိကြသည်။ ပိုးသစ္စာကလည်းထုတ် ဖော်မပြောသလို ကျွန်တော်ကိုလည်းသူမသိချင်သောအကြောင်းအရာကို တိုက်ရိုက်မမေး။ အချစ်ဖြင့်ရစ်ပတ် တွယ်နှောင်ထားသော်လည်း ၀န်ခံမူမရှိသောအမှန်တရားတစ်ချို့သည် ရင်ခုန်ခြင်းအားပျက်ရယ်ပြုနေသည်။တစ် ဦးနှင့်တစ်ဦး ပွင့်လင်းစွာချမပြသော အမှန်တရားများကို ထုတ်ဖော်ချင်သော်လည်း သူမစိတ်ဆိုးသွားမည်ကို ကြောက်သည်။
“မောင်ဒီနေ့ဆေးခန်းသွားရအောင်” အဆက်စပ်မရှိသော ပိုးသစ္စာ၏စကားကြောင့်ကျွန်တော်ကြောင် သွားသည်။ “ဟင် ဘာလို့လည်း ပိုးလေ ကိုယ်လည်းဘာမှမဖြစ်” “လာပါမောင်ရယ် ဘာမှမေးမနေနဲ့ ကျွန်မနဲ့လိုက် ခဲ့” သူမကမနက်စေားစော ကြီးဆိုင်ကိုလာပြီး ထိုသို့ပြောလာသည်။ ဘာမှန်းလည်းမသိ။ ဘာကိစ္စမှန်းလည်းမ သိ။ စောလည်းအစောကြီး ဆိုင်လည်းမဖွင့်သေးသဖြင့် သူမခေါ်ရာနောက်သို့ လိုက်သွားသည်။
“ဟယ် ပိုးသစ္စာ နင်ကလည်း အစောကြီးပါလား။ငါကနေ့လည်မှလာမှာထင်နေတာ။ အေးဟယ် ကျောင်းပိတ်ရက်လည်းဖြစ် တော့ နေ့လည်ကို မောင့်ဆိုင်မှာနေချင်လို့လေ”
“ အမယ်ချစ်နေကြတယ်ပေါ့လေ။ ပြောကိုမပြောချင်ဘူး”။ ဆရာဝန်မလေးနှင့်ပိုးလေးတို့ အပြန်လှန်နုတ်ဆက်နေသည်ကိုကြည့်ပြီး အံသြမိသည်။
မောင်သူက ဒေါက်တာနွယ်နွယ်လင်း ပိုးနဲ့ငယ်သူငယ်ချင်းပေါ့။
“ကဲ မောင်ဆိုတဲ့ ဟိုတစ်ယောက် ကုတင်ပေါ်တက်။ ကျွန်တော်ဆရာဝန်မပြောတဲ့အတိုင်း တက်အိပ်လိုက်သည်။ “လက်သီးကိုစုတ်ထားနော်။ မနာပါဘူးပိုးသစ္စာရယ် နင်ကလည်း အဲလောက်ကြီးစိတ်ပူနေတယ်။ အိုကေ” ဆရာဝန်မလေးက ပြောလည်း ပြော အလုပ်ကိုလည်း တစ်ဆက်ထဲလုပ်သည်။
စူးခနဲ့ဝင်လာသောအထိတွေ့ကြောင့် မျက်ဝန်းကိုအသာမိတ် ထားလိုက်သည။ “ရပြီပြီးပြီ” 5 CC စလင်းထဲမှသွေးအနည်းငယ်ကို ပုလင်းပုလေးတစ်ခုထဲသို့ထည့်ရင်းပြော သည်။ “နာလားမောင်” ပိုးငယ်က ဆရာမဖိသွားသော ဂွမ်းကိုကိုင်ရင်းလာမေးသည်။
“ဒါနဲ့ပိုးလေး အဲတာဘာလုပ်တာလဲ” “ဆေးစစ်တာလေမောင်။စိတ်မပူပါနဲ့မောင်။ မောင်ဘယ်လိုအ ခြေနေဘဲဖြစ်ဖြစ် ပိုးလေးမောင်နဲ့ အတူတူရှိနေမှာပါ” သူမစကားကြောင့် ဦးခေါင်းအစုံကမိုက်ခနဲ
ဇော်ညီညီ(နေပြည်တော်)
ဇတ်သိမ်းပိုင်းအား ဆက်လျှက်ဖော်ပြပါမည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...