Saturday, May 17, 2014

Bill Gates နဲ့ ပတ်သက်သမျှ


၁. Bill Gates ဟာ တစ်စက္ကန့်ကို ဒေါ်လာ ၂၅၀ ရရှိတဲ့အတွက် တွက်လိုက်မယ်ဆိုရင် တစ်ရက်ကို ဝင်ငွေ ဒေါ်လာ သန်း ၂၀ ရှိပြီး တစ်နှစ်ကို ဒေါ်လာ ၇.၈ ဘီလီယံ ဝင်ငွေရှိပါတယ်။
၂. အကယ်၍သာ Bill Gates က တစ်ဒေါ်လာတန် ကျပျောက်ခဲ့မယ်ဆိုရင် သူ့အတွက် စိတ်ပူစရာမလိုပါဘူး။ အကြောင်းကတော့ သူပြန်ကောက်ယူလိုက်ရင် ကြာမြင့်မယ့် ၄ စက္ကန့်သော အချိန်က ၁ ဒေါ်လာမက ဝင်ငွေရှိနေလို့ဖြစ်ပါတယ်။

၃. အမေရိကန်နိုင်ငံရဲ့ ကြွေးမြီက အခုချိန်မှာ ၅.၆၂ တရီလီယံ ရှိပါတယ်။ Bill Gates ကသာ သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ အမေရိကန်နိုင်ငံရဲ့ ကြွေးမြီကို ဆပ်မယ်ဆိုရင် ၁၀ နှစ်အတွင်း အသာလေး ဆပ်သွားနိုင်ပါတယ်။
၎. Bill Gates ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းကို ၁၅ ဒေါ်လာဆီ လှူခဲ့ရင်တောင်မှ သူ့ဆီမှာ ဒေါ်လာ ၅ သန်းကျန်ရှိနေပါလိမ့်မယ်။
၅. မိုက်ကယ် ဂျော်ဒန်က အမေရိကန်နိုင်ငံရဲ့ လစာအများဆုံး အားကစားသမားတစ်ဦးဖြစ်ပြီး အရက်သေစာ မသောက်မစားပဲနေမယ်ဆိုရင် တစ်နှစ်ကို ဝင်ငွေ သန်း ၃၀ ရရှိပါလိမ့်မယ်။ အကယ်၍သူ့အနေနဲ့ Bill Gates လို ချမ်းသာချင်တယ်ဆိုရင်တော့ နောက်ထပ် နှစ်ပေါင်း ၂၇၇ နှစ် စောင့်ရပါမယ်။
၆. အကယ်၍ Bill Gates က နိုင်ငံတစ်နိုင်ငံဆိုရင် ၄င်းက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများထဲမှာ နံပါတ် ၃၇ ကို အသားလေးချိတ်ထားနိုင်ပါတယ်။
၇. Bill Gates ရဲ့ ပိုက်ဆံတွေအားလုံးကို တစ်ဒေါ်လာတန်တွေအဖြစ်ပြောင်းလဲပြီး လမ်းတစ်လျှောက်ဖြန့်ခင်း လိုက်မယ်ဆိုရင် လနဲ့ ကမ္ဘာကိုတောင် ဆက်သွယ်နိုင်ပါလိမ့်မယ်။ ဒီလိုပြုလုပ်ဖို့ကိုလည်း နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မှာဖြစ်ပြီး ပိုက်ဆံတွေအားလုံးကို တင်ပို့ဖို့ကလည်း ဘိုးအင်းလေယာဉ်ပျံပေါင်း ၇၄၇ စင်းလိုပါလိမ့်မယ်။
၈. Bill Gates က လက်ရှိအချိန်မှာ အသက် ၄၀ ကျော်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် သူဟာ နောက်ထပ် အနှစ် ၃၀ လောက်နေရဖို့က ကျိန်းသေတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် Bill Gates က မသေခင်အထိ တစ်ရက်ကို ဒေါ်လာ ၆.၇၈ သန်း အလဟာသ ဖြုန်းတီးသွားနိုင်ပါသေးတယ်။
အေးချမ်းမွန် Credit & Copy From >Smart Journal <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...