Friday, March 14, 2014

Myanmar Youth Media Club 12 Mar 2014

MYMC - MYMHOT



Posted: 12 Mar 2014 08:39 PM PDT
Centralia Burning Road

ကမ္ဘာပေါ်မှာ အမြဲမပြတ် မီးတွေ လောင်ကျွမ်းနေတဲ့ နေရာတွေ ရှိပါတယ်။ ကမ္ဘာ့အကြာဆုံး မြေအောက် မီးလောင်မှုပာာ နှစ်ပေါင်း ၆၀၀၀ ကျော်ရှိနေ ပါပြီ။ ဒီဆောင်းပါးက အဆိုပါ မီးလောင်စေတဲ့ ကျောက်မီးသွေး လွှာတွေ အကြောင်းပါ။
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ မီးတောင် တွေဟာ မကုန်နိုင်တဲ့ မီးတွေနဲ့ အမြဲမပြတ် လောင်ကျွမ်း နေပါတယ်။ ဒါပေမယ့် ဒီလို လောင်ကျွမ်းနေ ကြတာကတော့ မီးတောင် တွေချည်းပဲ မဟုတ်ပါဘူး။ တောင်တန်း တွေရဲ့ အောက်မှာရှိတဲ့ ကျောက်မီးသွေး လွှာတွေလဲ ပါဝင်ပါတယ်။ သူ့ ဘာသာ သူတော့ လောင်ကျွမ်းလေ့ မရှိပါဘူး။ အများအားဖြင့် မိုးကြိုးပစ် လိုက်လို့ပဲ ဖြစ်ဖြစ်၊ တောမီးကြောင့် ပဲဖြစ်ဖြစ်၊ မီးစမီးနလေး တစ် ခုလေး ရှိရုံနဲ့ ကျောက်မီးသွေး လွှာတွေဟာ စွမ်းအင်ရှိ သလောက် လောင်ကျွမ်းပါ တော့တယ်။ ကမ္ဘာတစ်လွှားမှာ ကျောက်မီးသွေး တွင်းများစွာ ပိုင်ဆိုင်တဲ့ အတွက် မီးဘေး အန္တရာယ် အတွက် အမြဲ စိုးရိမ်နေ ရတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဥပမာ ကျောက်မီးသွေး တွင်းတွေ များစွာ ပိုင် ဆိုင်ထားတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကား တို့ဖြစ်ပါတယ်။ အမြဲ လောင်ကျွမ်းနေ ပါတယ်ဆိုတဲ့ ကျောက်မီးသွေး လွှာတွေထဲက ထင်ရှားတဲ့ နေရာ သုံးခု လောက်ကို ဗဟုသုတ အနေနဲ့ တင်ပြလိုက်ပါတယ်။



ပထမဦးဆုံး အမေရိကားက Pennsylvania ပြည်နယ်က Centralia မြို့ပျက် အောက်မှာ ရှိတဲ့ တောက်လောင်နေဆဲ ကျောက်မီးသွေးတွေ အ ကြောင်း တင်ပြ ချင်ပါတယ်။ အဲဒီ Centralia မြို့ဟာ ပေါများတဲ့ ကျောက်မီးသွေး လွှာတွေ ပိုင်ဆိုင်တာကြောင့် ၁၈၅၆ ခုနှစ်လောက် ကစ ပြီး မိုင်းတွင်းတွေ စတူးခဲ့ ကြပါတယ်။ အစကတော့ ဘာပြဿနာမှ မရှိပေမယ့် ၁၉၆၂ ခုနှစ်မှာတော့ မြို့အောက် မှာရှိတဲ့ ကျောက်မီးသွေးလွှာ တွေဟာ စတင် မီးလောင် ခဲ့ပါတယ်။ မီးလောင် ရတဲ့ အကြောင်းအရင်း ကတော့ ရေရေရာရာ မသိရှိ ရပါဘူး။ အမိုက် မီးရှိ့လို့ပဲ လောင်သလိုလို၊ အ မိုက်ကန်ထဲမှာ ကျောက်မီးသွေးတွေ မီးရှိ့ပြီး ကျန်ခဲ့တဲ့ ကျောက်မီးသွေး တွေကြောင့် လိုလိုတော့ ပြောကြပါတယ်။ ၁၉၇၉ ခုနှစ်မှာ ဓာတ် ဆီဆိုင် တစ်ခုက ၇၇.၈ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်နေတဲ့ ဓာတ်ဆီ တွေရဲ့ အပူချိန်ကို တိုင်းတာ မိတာ တစ်ကြောင်း၊ ၁၉၈၁ ခုနှစ်မှာ ၁၂ နှစ်အရွယ် ကလေး တစ်ယောက်ဟာ မီးလောင်နေတဲ့ ကျောက်မီးသွေး လွှာထုထဲကို ကျွံကျမလို ဖြစ်ခဲ့တာ တစ်ကြောင်း၊ အဆိပ် ဖြစ်တဲ့ ကာဘွန်မို နောက်ဆိုဒ်တွေ အတိုင်းအဆ မရှိ ထွက်နေတာ ကြောင့်လည်းကောင်း၊ အမျိုးမျိုးသော မကောင်းကြောင်း တွေကြောင့် ၁၉၈၄ ခု နှစ်မှာ မြို့နေ လူထု တော်တော် များများဟာ အစိုးရရဲ့ ဒေါ်လာ ၄၂ သန်း လောက်စိုက် ထုတ်ထားတဲ့ အကူအညီနဲ့ နီးရာမြို့ တွေကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ အဆိုပါ Centralia မြို့က မိုင်းတွင်း တွေက ကျောက်မီးသွေး မီးဟာ Byrnesville မြို့အထိ ရောက်ရှိသွားပြီး ထိုမြို့နေ လူထု ဟာလည်း တစ်ဖန် ပြောင်း ရွှေ့ ခဲ့ပါတယ်။ အခု လက်ရှိ အခြေအနေကို ပြောရရင် အဲဒီ Centralia မြို့မှာ အဆောက်အဦး နည်းနည်းပဲ ရှိပါ တော့တယ်။ အဆောက်အဦး အများစုဟာ သဘာဝကြောင့် လည်းကောင်း၊ အစိုးရက ဖျက်ပစ် လိုက်လို့ကြောင့် လည်းကောင်း ပျက်စီးကုန် ပါ တယ်။ လူနေဦးရေ ဆိုလို့ ၈ ယောက်ပဲ ရှိတော့ပါတယ်။ အဆိုပါ ကျောက်မီးသွေး လွှာတွေဟာ လောင်ကျွမ်း ခဲ့တာဟာ နှစ်ပေါင်း ၅၀ကျော် ခဲ့ပြီဖြစ်ပြီး အခုအထိ ဆက်လက် လောက်ကျွမ်းကာ ဓာတ်ငွေ့တွေ ဆက်ထွက်နေပြီး ကျွမ်းကျင် သူများရဲ့ အဆိုအရ နောက်ထပ် နှစ်ပေါင်း ၁၀၀၀ လောက်မှ Centralia ကကျောက်မီးသွေး လောင်တာ ရပ်မှာလို့ ဆိုပါတယ်။

Burning Coal Seams around the world

အမေရိကားက အကြောင်းပြီးတော့ ဂျာမနီနိုင်ငံ ဘက်ကို ခရီးလှည့် ရအောင်။ ဂျာမနီ မှာလည်း လောင်ကျွမ်းနေတဲ့ ကျောက်မီးသွေး လွှာတွေ ရှိပါတယ်။ အဆိုပါ နေရာဟာ ကျောက်တောင် တစ်ခုဖြစ်ပြီး အမည်အားဖြင့် ဂျာမန်လို Brennender Berg အင်္ဂလိပ်လို Burning Moutain လို့အမည်တွင် ပါတယ်။ ဒီတောင်ထဲ မှာရှိတဲ့ ကျောက်မီးသွေး တွေဟာ ၁၆၈၈ ခုနှစ်မှာ စတင် လောက်ကျွမ်း ခဲ့တယ်လို့ ဆိုပြီး မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဒေသခံတွေ လက်ခံထား ကြတဲ့ ပုံပြင်လေး တစ်ခု ရှိပါတယ်။ တစ်နေ့ မှာတော့ သိုးထိန်းသမား တစ် ယောက်ဟာ အဆိုပါ တောင်မှာရှိတဲ့ သစ်ပင် တစ်ပင်ကို မီးတိုက်မိ ပါတယ်။ အဆိုပါ မီးဟာ မီးအားကောင်း သွားပြီး ရေနဲ့ငြိမ်းတောင် ငြိမ်းမ ရတော့ဘဲ အမြစ်တွေ ကတစ်ဆင့် တောင်အထဲ မှာရှိတဲ့ ကျောက်မီးသွေး တွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၈ ရာစု အကုန်လောက်မှာ မီးအား တဖြည်းဖြည်း ကျလာခဲ့ပြီး ယခုဆိုရင် သက်တမ်း နှစ်ပေါင်း ၃၀၀ ကျော်ပြီ ဖြစ်တဲ့ တဖြည်းဖြည်း ထွက်နေတဲ့ မီးခိုး တွေနဲ့ တောက်ပနေတဲ့ ကျောက်မီးသွေး တွေကို ကျောက်တောင် အကွဲတွေ ကြားထဲက နေတောင် တွေ့ရှိနိုင် ပါတယ်။

Brennender Berg, Germany

နောက်ဆုံး နေရာ အနေနဲ့ ပြောရအောင် ဥရောပ ဘက်ကနေ သြစတြေးလျ တိုက်ဘက်ကို ခရီးဆက် ကြရပါမယ်။ တည်နေရာကို ဦးစွာ ဆိုရရင် Sydney မြို့ရဲ့ မြောက်ဘက် ၂၂၄ ကီလိုမီတာ အကွာက Wingen ရွာနားက Wingen တောင်ဖြစ်ပါတယ်။ အဆိုပါ တောင်ဟာ Burning Moutain လို့လူသိ များကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဆိုပါ တောင်က ကျောက်မီးသွေး တွေဟာ လောင်ကျွမ်း နေတော နှစ်ပေါင်း ၆၀၀၀ လောက်တောင် ရှိပြီဖြစ် လို့ပါပဲ။ အစ ပထမ ကတော့ စတင် တွေ့ရှိသူ ဥရောပ စူးစမ်းသူ တွေဟာ အဆိုပါ တောင်ကနေ ထွက်နေတဲ့ မီးခိုးတွေကို ကြည့်ပြီး မီးတောင်လို့ ထင်ခဲ့ ကြပေမယ့် ၁၈၂၉ ခုနှစ်မှာ ဘူမိဗေဒ ပညာရှင် C.P.N. Wilton ဟာကျောက်မီးသွေး လွှာတွေ လောင်ကျွမ်း တာအဖြစ် ဖော်ထုတ်ခဲ့ ပါတယ်။ Burning Moutain ကလောင်ကျွမ်း နေတဲ့နေရာ ဗဟိုကို မြေပြင်မှ အနက် ပေ ၇၀ မှာရှိ နေတယ်လို့ ဆိုကြပါတယ်။ မီးလောင် ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ မဆင်မခြင် တောမီးရှိ့မှု၊ မိုးကြိုးပစ်မှု၊ အောက်ဆီဂျင်နဲ့ ဓာတ် ပြုပြီး ထွက်တဲ့ အပူကြောင့် စသည်ဖြင့် ပြောကြပေမယ့် ဘယ်ဟာက အမှန်လဲ ဆိုတာကိုတော့ ဘယ်သူမှ သက်သေ မပြနိုင် ကြပါဘူး။  အဆို ပါ Burning Moutain ဟာကမ္ဘာ ပေါ်မှာ မီးလောင်နေတဲ့ ကျောက်မီးသွေး လွှာတွေနဲ့ ပတ်သက်လို့ သက်တမ်း အရင့်ဆုံး ဖြစ်ပါတယ်။ ဒါ့အ ပြင် ထူးခြားချက် တစ်ခုက လောက်ကျွမ်း နေတဲ့ ကျောက်မီးသွေး မီးတွေဟာ တစ်နှစ်ကို ၁ မီတာနဲ့ တောင်ဘက်ကို ရွေ့နေတယ် လို့ဆိုပါ တယ်။

Burning Mountain, Sydney

အထက်က ဖော်ပြခဲ့တဲ့ ကျောက်မီးသွေးတွေ လောက်ကျွမ်း နေတဲ့ နေရာတွေနဲ့ ပတ်သက်လို့ စာဖတ်သူများ ကျေနပ်ကြ လိမ့်မယ်လို့ မျှော် လင့်ပါတယ်။ အဆိုပါ နေရာ တွေဟာ အမြဲ လောင်ကျွမ်းနေပြီး အဆိပ်ငွေ့တွေ အမြဲထွက် နေတဲ့ အတွက် အန္တရာယ်များ ပါတယ်။ လွန်ခဲ့တဲ့ တစ် လ လောက်က သြစတြေးလျက Burning Moutain ရဲ့ တောင်ဘက် မိုင် ၇၀၀ အကွာလောက်က ကျောက်မီးသွေး လွှာတစ်ခု ကြီးကြီး မားမား မီးလောင်ခဲ့ ရာမှာ ဒေသခံတွေ တိမ်းရှောင်ခဲ့ ရပြီး မီးသတ်သမား တွေလည်း အပြင်းအထန် ငြိမ်းသတ်ခဲ့ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗဟုသုတ အနေနဲ့တော့ မှတ်သား နိုင်ကြပါ စေလို့ မျှော်လင့် ပါတယ်။

Images from sinaimg, wiki, hotel-paradises-kemer, sometimesinteresting, kinja. Source: gizmodo.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...