Wednesday, March 12, 2014

Myanmar Youth Media Club 11 Mar 2014

MYMC - MYMHOT



Posted: 11 Mar 2014 07:53 PM PDT
Turn your water into wine

တန်ခိုးနဲ့ ဖန်ဆင်းလိုက် သလို ကိုယ်ရဲ့ အိမ်က ရိုးရိုးရေ တွေဟာ ၀ိုင်တွေ အဖြစ် ပြောင်းလဲနိုင်တဲ့ မှော်ဆန်တဲ့ Miracle Machine အကြောင်းကို တင်ပြ သွားမှာပါ။ ဝိုင်ချစ်သူတွေ အတွက် သတင်းကောင်းပေါ့။
ဒီ Miracle Machine ကိုတီထွင်သူ တွေကတော့ California ပြည်နယ်က ၀ိုင်နဲ့ ပတ်သတ်လို့ နာမည်ကြီးလှတဲ့ Napa Valley နယ်က Custom vine လို့ခေါ်တဲ့ ၀ိုင်လုပ်ငန်းက ဖြစ်ပါတယ်။ ဒီစက်မှာ ပါဝင်တဲ့ အစိတ်အပိုင်း အနေနဲ့ ပြောရရင် Mixer, Micro-filter, Sieve, Fermentation chamber, Thermoelectric heater, Motor နဲ့ The engine room တို့ဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့ အတိုင်း ဒီစက်ဟာ ၀ိုင်ထုတ်ပေး နိုင်ပါတယ်။ စက်ထဲကို ထည့်တဲ့ ရေအပြင်၊ သီးခြား ပါဝင်ပစ္စည်း (ဥပမာ-တဆေး) တွေ ၁.၂၀ ဒေါ်လာ ဖိုးလောက်၊ ပမာဏ အားဖြင့် ၀ိုင် တစ်ပုလင်း ထွက်နိုင်တဲ့ ပမာဏ ထည့်လိုက်ပြီး ၃ ရက်လောက် ကဇော်ဖေါက် ထားလိုက်ရင် တစ်ပုလင်းကို ဒေါ်လာ ၂၀ တန်တဲ့ ၀ိုင်ရနိုင် ပါ တယ်တဲ့။ ကိုယ့်ရဲ့ ၀ိုင်ထုတ်တဲ့ အခြေအနေကို free ပေးထားတဲ့ Android ဒါမှမဟုတ် iOS App ကို ကိုယ့်ဖုန်းမှာ သွင်းပြီးနောက် စက်နဲ့ချိတ် ဆက်ပြီး ကိုယ်ထုတ် နေတဲ့ဝိုင် အခြေအနေကို စောင့်ကြည့် နိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က စက်ဟာ ဘယ်လို အလုပ်မျိုး လုပ်ပြီး ၀ိုင် ထွက်လာ သလဲကိုတော့ တီထွင်သူ တွေက ရှင်းပြမထား ပေမယ့် အများပြော ကြတာ ကတော့ ဒီစက်ရဲ့ Fermentation chamber ဟာ elec trical sensors, transducers, heaters နဲ့ pumps တွေကို အသုံးချပြီး ၀ိုင်ကဇော် ဖေါက်နိုင် လောက်တဲ့ ပတ်ဝန်းကျင် ဖန်တီးကာ ၀ိုင်ထုတ် တယ်လို့ ဆိုကြပါတယ်။ ဖြစ်နိုင်တာ ကတော့ စက်မှာပါတဲ့ Digital refractometer ဟာကဇော် ဖောက်နေတဲ့ ကာလအတွင်း စက်အတွင်း ထုတ်လိုက်တဲ့ ရေရဲ့ သကြား ပမာဏကို တိုင်းနေစဉ် Air-diffuser ကစစ်ထားတဲ့ လေကို Micro-oxygenated channel ကတစ်ဆင့် သွင်း ပါမယ်။ ဒီဖြစ်စဉ် အတွင်း ကဇော် ဖောက်တဲ့ အောက်မှာရှိတဲ့ Ultrasonic transducer ကအမြဲ လှည့်နေပြီး ရောနှောမှု ပမာဏကို တိုးမြှင့်စေ ပြီး ၀ိုင်ဖြစ်စေ ပါတယ်တဲ့။ စိတ်ကူးယဉ် ဆန်ပေမယ့် စက်ရဲ့ ၃ရက်တာ လုပ်ငန်းစဉ် အပြီး ၀ိုင်တော့ ထွက်လာပါတယ်။



ဒီစက်က ထုတ်နိုင်တဲ့ ၀ိုင်အမျိုး အစား အနေနဲ့ ပြောရရင် လောလောဆယ် အားဖြင့် ၆ မျိုးသော ၀ိုင်ထုတ်ပေး နိုင်ပါတယ်။ ၀ိုင်နယ်မြေ Napa Valley က Cabernet Sauvignon နဲ့ Chardonnay၊ Oregon ပြည်နယ်က Pinot Noir ၊Italy က Tuscan wine အပြင် Sonoma မြို့က Sauvignon Blanc နဲ့ပြင်သစ်နယ် ဖြစ်တဲ့ Burgundy က Red and white wine တွေဖြစ်ပါတယ်။ တီထွင်သူများ အနေနဲ့ နောက်ထပ်ဝိုင် ၅ မျိုးကနေ ၁၀ မျိုးအထိ ထုတ်နိုင်အောင် စက်စွမ်း ဆောင်ရည်ကို တိုးမြှင့်သွား မယ်လို့ သိရပါတယ်။ လောလောဆယ်တော့ စက်ဟာ စမ်းသပ်ဆဲ ကာလမှာပဲ ရှိပြီး ယခုပုံစံ အတိုင်း ဆက်လက် အောင်မြင် နေပါက ဒီနှစ်ကုန်ပိုင်းမှာ စက်တစ်ခုကို ၄၉၉ ဒေါ်လာ ဒါမှမဟုတ် ၂၉၉ ပေါင်တန် ဖိုးနဲ့ ဈေးကွက်သွင်း သွားဖို့ရှိပါတယ်။ စက်ဝယ်ယူ သူများ အနေနဲ့ Miracle Machine Website နဲ့ Amazon တို့က ၀ိုင်တစ်မျိုး ခြင်းစီရဲ့ ပါဝင် ပစ္စည်း တွေကို ၀ယ်ယူနိုင်ပြီး အခမဲ့ ပေးထားတဲ့ App နဲ့ကိုယ်ပိုင် ၀ိုင်တွေ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အရေး အကြီးဆုံး အချက် အနေ နဲ့ ဒီစက်နဲ့ ထုတ်တဲ့ ၀ိုင်တွေဟာ စီးပွားဖြစ် သေချာ ၀ိုင်ထုတ်လုပ်တဲ့ နည်းလမ်း တွေနဲ့ လုပ်ထားတာ မဟုတ်တဲ့ အတွက် တစ်ပတ် ကနေ နှစ်ပတ် အတွင်းသာ ခံမှာ ဖြစ်ပါတယ်တဲ့။


The Miracle Machine from The Miracle Machine on Vimeo.

ဒီလို ကိုယ်ဘာသာ ကိုယ်ဝိုင် ထုတ်နိုင်တဲ့ စက်လေး ရှိတာဟာ ၀ိုင်နှစ်ခြိုက်သူ စာဖတ်သူများ အနေနဲ့ တစ်နိုင်တစ်ပိုင် ခံစားလို့ ရနိုင်တယ့် အ ခွင့်အရေးမို့ မျှော်လင့်ထား ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

Images from wiki. Source: dailymail.co.uk


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...