Wednesday, March 5, 2014

Myanmar Youth Media Club -04 Mar 2014

MYMC - MYMHOT



Posted: 04 Mar 2014 07:02 PM PST
Logbar Ring"The Lord of the Rings" ဇာတ်လမ်းထဲက လက်စွပ်တွေ ကတောင် အရှူံးပေး ရလောက်မယ့် Logbar Inc. ကနေ တီထွင် ထုတ်လုပ်တဲ့ စွယ်စုံသုံး လက်စွပ် အကြောင်း ဒီဆောင်းပါးမှာ တင်ပြ ဆွေးနွေး ထားပါတယ်။
ပြက္ခဒိန်တွေ အသစ်ပြောင်း လာလေလေ သိပ္ပံ ပညာက အံမခန်း တိုးတက် လာလေပါပဲ။ အထူးသဖြင့် ဖျော်ဖြေရေးသုံး ပစ္စည်းတွေရဲ့ တိုး တက်မှုဟာ တစ်နေ့နဲ့ တစ်နေ့ ကွဲပြားခြားနား လောက်အောင် တိုးတက်တာ မြန်ပါတယ်။ တီဗီတွေက အဖြူအမဲ ခေတ်ကနေ ရောင်စုံခေတ်။ ဖုန်းတွေက လက်တစ် တောင်လောက် အရွယ်အစားကနေ လက်တစ်ဖ၀ါး စာခေတ်။ အလုပ်ရုံ တစ်ရုံလောက် ကြီးမားခဲ့တဲ့ ကွန်ပျူတာ တွေဟာ အခုဆို စာအုပ် တစ်အုပ်စာ အရွယ်အစား စသည်ဖြင့် တိုးတက် လာခဲ့တာဟာ မျိုးဆက် နှစ်ဆက်စာ အချိန် ပမာဏလေး တွင်မှာပါ။ အရင် တုန်းကဆို အခုလို တိုးတက်မှုတွေ ဖြစ်နိုင်တယ်လို့ ပြောမိရင် စိတ်ကူးယဉ် အဖြစ် ဟားတိုက်ခံ ရမှာပါ။
ဒါပေမယ့် စိတ်ကူးယဉ် သမျှ တော် တော်များများဟာ အချိန်နဲ့အမျှ လက်တွေ့ ဖြစ်လာ ခဲ့ပါတယ်။ အခုလည်း အရင်က ကိရိယာ တွေကို အားထုတ်ပြီး ကိုယ်တွယ် သုံးစွဲခဲ့ရာမှ လက် လေး ဝှေ့လိုက်ရုံနဲ့ အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ တာဟာ စိတ်ကူးယဉ် အတွေးတွေ တစ်ကယ် ဖြစ်လာသလိုပါပဲ။



Logbar Inc. ကထုတ်တဲ့ ဒီလက်စွပ်ကို လူတွေ သတိထား မိလာတာက 2013 TechCrunch Tokyo မှာပါ။ လက်စွပ် တီထွင်သူ တွေဟာ အ ကြိမ်ကြိမ် အခါခါ ကြိုးစား ခဲ့ရပြီး ဒီနောက်ဆုံး ခြောက်ခု မြောက်ကျမှ လူထုဆီ ချပြခဲ့ပါတယ်။ လက်စွပ်လေး တစ်ခုနဲ့ အံ့သြ ရလောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင် ပြနိုင်တော့ လူတွေ အံ့သြမှုတွေ ဖြစ်ပေါ်ခဲ့ ကြသလို မဆုတ်မနစ် ကြိုးစားမှု ရလဒ်အနေနဲ့ ထိုက်တန်တဲ့ ပထမဆု ကိုလည်း ရရှိခဲ့တဲ့ တီထွင်မှု ဖြစ်ခဲ့ပါတယ်။ ဟုတ်ပါပြီ။ လူတွေ အံ့မခန်း ဖြစ်အောင် လုပ်ခဲ့တဲ့ ဒီလက်စွပ်ရဲ့ အစွမ်းတွေက ဘာတွေ များပါလိမ့်။ လက်စွပ်မှာ အဓိက အစိတ်အပိုင်းတွေ အနေနဲ့ ပြောရရင် Battery, Motion Sensors, LED, Touch Sensor, Bluetooth Low Energy နဲ့ Vibration ဆိုတဲ့ အပိုင်းလေး တွေပဲ ပါပါတယ်။ ဒါပေမယ့် အဆိုပါ လက်စွပ်ဟာ လေးခုသော အံ့မခန်း လုပ်ဆောင်မှု တွေကို စွမ်းဆောင် နိုင်ပါတယ်။ ပထမဆုံး ပြောရရင် လက်စွပ် စွပ်ထားတဲ့ လက်ညှိုးကို သုံးပြီး အခြားသော ပစ္စည်းတွေကို ထိန်းချုပ် နိုင်ပါတယ်။ ဥပမာ ပြောရရင် တီဗွီပိတ်တာ၊ ဖွင့်တာတို့၊ ဖုန်းမှာပါတယ့် App တွေ သုံးနိုင်တို့ စသည်ဖြင့် ဖြစ်ပါတယ်။ ဒီနေရာမှာ အံ့သြစရာ ကောင်းတာက အခြားပစ္စည်း တွေကို သီးသန့် သင်္ကေတ (ဥပမာ တီဗီဆို အင်္ဂလိပ်စာလုံး TV ပုံစံ) သတ်မှတ်ပြီး ထိန်းချုပ်လို့ ရတာပါပဲ။ ဒါပေမယ့် မှတ်ထား ရမှာက အဆိုပါ လက်စွပ်ဟာ သူ့မှာပါတဲ့ Bluetooth ကိုသုံးပြီး ချိတ်ဆက် တာကြောင့် လက်စွပ်နဲ့ တွဲဖက်သုံးမယ့် ပစ္စည်းဟာ သူနဲ့ ကိုက်ညီတဲ့ ပစ္စည်း ဖြစ် ရင်ဖြစ် ဒါမှမဟုတ် Wifi သုံးချင်တယ်ဆို ကြားခံ ဖုန်းလို ဟာမျိုးနဲ့ လက်စွပ်ကို Bluetooth၊ တခြား ပစ္စည်းဖက်ကို Wifi နဲ့ကြား ထဲက ချိတ်ပြီး သုံး စွဲနိုင်ပြီး နောက်တစ်ခု မှတ်ထား ရမှာက လက်စွပ်မှာပါတဲ့ Motion Sensors ဟာ လက်စွပ် ၀တ်ထားတဲ့ လက်ချောင်းကိုပဲ အာရုံခံမှာ ဖြစ်ပါ တယ်။

Logbar Ring

နောက်ထပ် လုပ်နိုင်တဲ့ အစွမ်းကတော့ အခြားသော ပစ္စည်းတွေမှာ စာရိုက်ဖို့ လိုရင် လေထဲမှာ စာလုံးတွေကို ရေးပြီး ရိုက်နိုင် တာပါပဲ။ မသိရင် မန္တန်ထုတ် နေသလိုလို ထင်ရပေမယ့် အဲဒီစာလုံးတွေ ရေးနည်းဟာ လက်စွပ်ထုတ်တဲ့ ကုမ္ပဏီက လွယ်ကူအောင် ပုံသေ သတ်မှတ် ထားတာ ဖြစ်ပါတယ်။ သိထား ရမှာကတော့ စာလုံးတွေ၊ သင်္ကေတတွေ ရေးတဲ့အခါမှာ တစ်ခုခု ရေးပြီးတိုင်း ခေတ္တဆိုင်းပြီးမှ ကိုယ်လိုတဲ့ အတိုင်း ဖြစ် နိုင်ပါတယ်။ နောက်တစ်မျိုး လုပ်နိုင်တာ ကတော့ ငွေလွှဲပြောင်းတဲ့ လုပ်ငန်း တွေကိုလည်း လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒီအချက် ကတော့ တွေး ကြည့်ရင် နည်းနည်း ထူးဆန်းတဲ့ စိတ်ကူလေး ဖြစ်ပါတယ်။ လက်စွပ် တစ်ခုတည်း နဲ့တော့ ငွေချေလို့မရပါဘူး။ GPS ဒါမှမဟုတ် iBeacon ပါတဲ့ ပစ္စည်းပေါ်မှ တစ်ဆင့် သင်္ကေတသုံးပြီး တိုက်ရိုက် ငွေပမာဏ ရေးတာပဲ ဖြစ်စေ၊ ချက်လက်မှတ် ရေးတာပဲ ဖြစ်စေ ငွေချေတာကို လုပ်နိုင် ပါတယ်။ နောက်ဆုံး အနေနဲ့ တစ်ခုခုသော သတင်းထူး ပေးချင်ရင် လက်စွပ်မှာ ပါတဲ့ LED ဒါမှမဟုတ် လှုပ်ရှားမှုတွေ သုံးပြီး အချက်ပေးပါ တယ်။

Logbar Ring

အထက်က ဖော်ပြခဲ့ တာကတော့ ယေဘုယျ အားဖြင့် လုပ်ဆောင် ပေးနိုင်တဲ့ လုပ်ငန်း လေးခုပါ။ ဒါပေမယ့် အခြားသော အသေးစိတ် သိ ထားသင့်တဲ့ အချက်လေး တွေကိုလည်း ဆက်လက် ပြောပြပေး သွားပါမယ်။ ပထမ ပြောရရင် လက်စွပ်မှာ ပါတဲ့ Batteryဟာ လောလော ဆယ်တော့ အားမကုန်ခင်ထိ အခု တစ်ထောင်သော သင်္ကေတ တွေကို ပြုလုပ်နိုင်ပြီး Battery Stand နဲ့ အခါတစ်ထောင် ပြန်လည် သွင်းနိုင်ပါ တယ်။ Batter Stand ကလည်း ငါးခါအထိ USB နဲ့ ပြန်လည်အား မသွင်းဘဲ ထားလို့ ရပါတယ်။ ဒီလက်စွပ်ကို သုံးဖို့ iOS 7 နဲ့အထက်ရှိတဲ့ Apple ပစ္စည်းတွေ၊ Android 4.4 နဲ့အထက်ရှိ တဲ့ Android ပစ္စည်းတွေ၊ Windows Phone (အသေးစိတ် မကြေညာသေး) ဒါမှမဟုတ် မကြာခင် ကုမ္ပဏီက ထုတ်မယ့် Ring Hub၊ တွေထဲက တစ်ခုခုသော ပစ္စည်းတွေ ရှိမှဖြစ်ပါမယ်။ ဒါ့အပြင် အဆိုပါ ပစ္စည်း တွေကမှ လက်စွပ်ကို အခြားသော ပစ္စည်းတွေ ထိန်းချုပ်ဖို့ သင်္ကေတ တွေကို RingApp တွေက တစ်ဆင့် ထည့်သွင်း သွားနိုင်မှာ ဖြစ်ပါတယ်။ ပစ္စည်းအသစ်တွေ အတွက် ကတော့ RingApp တွေကို Ring Store ကတစ်ဆင့် ဒေါင်းလုပ် လုပ်ပြီး ထိန်းချုပ် နိုင်ပါတယ်။ လောလောဆယ် အားဖြင့် လက်စွပ် အရောင်က ငွေရောင်နဲ့ အရွယ်အစား ခြောက်ခု ထုတ်လုပ်မယ်လို့ ဆိုထားပေမယ့် နောက်ထပ် စွမ်းဆောင် ရည်ပိုင်းရော၊ အဆင်း ပတိရုပ် အပိုင်းပါ တိုးမြှင့်ဦး မယ်လို့ လက်စွပ်တီထွင် သူများက ဆိုပါတယ်။ ခန့်မှန်းချက် များအရ ဒီနှစ် ဇွန်လိုင်လမှာ ရောင်းဈေး ၁၆၅ ဒေါ်လာနဲ့ ဈေး ကွက် ၀င်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။




လက်စွပ် တစ်ခုနဲ့ တစ်အိမ်လုံးကို ထိန်းချုပ်ဖို့ နည်းပညာ တွေကတော့ ပေါ်လာပါပြီ။ မကြာမယ့် အနာဂတ်မှာ လူတိုင်း လေထဲမှာ လက်စွပ် ၀တ်ထားတဲ့ လက်ညှိုးလေးတွေ ဝှေ့ယမ်းပြီး ပစ္စည်းတွေကို ထိန်းချုပ်နေ ကြမှာကို တွေးမျှော် စောင့်စား ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ် ပါတယ်။

Image from kickstarter. Source: kickstarter.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...