"အစွမ်းထက် 2 IN 1 ခေါင်းလျှော်ရည်"
မုံရွာမြို့ KM & Son ကုမ္မဏီက ထုတ်လုပ်လိုက်တဲ့ "2 in 1 ဆံပင်သန်ခေါင်းလျှော်ရည်" ဈေးကွက်အတွင်းကို စတင်ဖြန့်ချိလိုက်ပါပြီ။
ထိပ်ပြောင်သူ၊ ဆံပင်ပါးသူများအတွက် သတင်းကောင်းပါ။
ဘယ်လောက်ခေါင်းပြောင်ပြောင် အဲဒီခေါင်းလျှော်ရည်ကို သုံးလိုက်တာနဲ့ ပြောင်နေတဲ့ခေါင်း ဆံပင်အသစ်တွေနဲ့ မဲမှောင်သွားစေရမယ်လို့ အာမခံနဲ့ ရောင်းတာ။
ဒါလောက်ကြော်ညာကောင်းတာ ဝယ်သုံးကြည့်အုံးမှ။
ကိုယ်ကလည်း အသက်ကလေးက ရလာတော့ ဆံပင်က ခပ်ပါးပါးကျန်တော့တာကိုး။
ခေါင်းလျှော်ရည်လိုသုံးရတာဆိုတော့ ရေချိုးရင်းနဲ့ပဲ ခေါင်းလျှော်လိုက်တယ်။
အဲ...
အဲဗျို့...
ဆေးစွမ်းထက်တာတော့ မပြောနဲ့
တစ်ပတ်အတွင်း ဆံပင်တွေရှည်လာလိုက်တာ ဂုတ်ထောက်တယ်
ခက်တာက...
ခေါင်းလျှော်ရည် စီးဆင်းကျရာ ခန္ဓာကိုယ်တစ်လျှောက်က ရှိသမျှကောင်တွေလည်း လိုက်ရှည်တာကိုးဗျ...
အီး ဟီး ဟီး
ကယ်ကြပါအုံး... အရပ်ကတို့
ဂျိုင်းမွှေးက တံတောင်ဆစ်ရိုက်နေပြီး...
ဟိုဒင်းကတော့ ပြောမနေနဲ့
ခု... လူစင်စစ်က ဂေါ်ဇီလာမျောက်ဝံပုံထွက်နေလို့
အိမ်ထဲက အိမ်ပြင်တောင် ထွက်ရဲတော့ဘူး
သန်၎ကို-ဖောက်သည်ချသည်။
0 comments:
Post a Comment