Wednesday, March 5, 2014

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ

ရန်ကုန်၊ မတ် ၎

ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...