သစ်ထူးလွင် သတင်းစုစည်းမှု (၃-၅)
သစ်ထူးလွင် |
- ပြည်သူလူထုပါဝင်မှု အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
- ထီးချိုင့်တွင် စက်ရုံထွက် အနံ့ဆိုးများကြောင့် ဒေသခံအများစု အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားဟုဆို
- ငြိမ်းစုစီပါ ပုဒ်မ ၃ ခု ပြစ်ဒဏ်လျှော့ချပြီး ပြည်သူ့လွှတ်တော်အတည်ပြု
- အာဂုံဆောင်စနစ်ဆိုးမှ ခွဲမထွက်နိုင်သည့် ပုဂ္ဂလိကကျောင်းများ
- ရေရှားပါးမှု နှင့် ကြုံတွေ့ရသောမြို့နယ်များ NLD ပါတီကို ဆက်သွယ် အကူညီတောင်းခံနိင်
- အနာဂတ်မှာ နိုင်ငံတကာနှင့် မြန်မာ့တပ်မတော် ပူးပေါင်းနိုင်ဖို့ ကာချုပ်ယုံကြည် (ရုပ်/သံ)
- တည်ငြိမ်မှုကို မလိုလားတဲ့ လူတစုက လားရှိုးမှာ လှုံဆော်မှုတွေရှိခဲ့ (ရုပ်/သံ)
- လူထွားကြီးတစ်ဦးကြောင့် ပူတာအိုမြို့မှ အမျိုးသမီးများ ထိတ်လန့်လျှက်ရှိ
- ချစ်တာအပြစ်မရှိပါ သို့သော်
- အစာလည်းဆေး အစာလည်းအဆိပ်
- မုန့်ဖိုးနှင့်အတူ ကိုယ်ချင်းစာတရားမှလွဲ၍ အခြားအရာများ မပါစေရ
- နိုင်ငံ့ဝန်ထမ်းလစာနှင့် ရိုက်ခတ်လာမည့်ဂယက်
- နာဂစ် နေရာချထားရေး အစိုးရအဖွဲ့ ပြောကြားချက် လက်တွေ့နှင့်ကွဲလွဲဟု လွှတ်တော် ကိုယ်စားလှယ်ဆို
- ပင်းတယက မီးအိမ်ရှင်
- လေ့ကျင့်ရေးကွင်းအနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ
- ဗီဇာသက်တမ်းလွန် အလုပ်သမားများကို ဖမ်းဆီးမည်မဟုတ်
- တမုတ်ဆိုးကျေးရွာ၏ပြစ်ဒဏ်
- ဖုန်းဖြင့်လျှပ်စစ်မီတာခ ပေးဆောင်သည့်စနစ် ယခုနှစ် စမည်
- စင်ကာပူသည် ၂၀၁၄ ကုန်ကျစရိတ် ဈေးအကြီးဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရ
- ဘီလူးကျွန်းတွင် သင်ပုန်းကျောက် ရှားပါးခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်း ရပ်နားဖွယ်ရှိဟုဆို
- ဆေးခန်းသွားပြသော မိခင်နှင့်ဖခင် ပြန်အလာကို စောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီး တစ်ဦးပြုတ်ကျ သေဆုံး
- စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ
- အော်ရီဒူးကုမ္ပဏီ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်
- ပြန်ကြားရေးနှင့် မီဒီယာများအကြား အငြင်းပွားခဲ့ရသည့် ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု
- စိန်ခေါ်မှုများနှင့် သုံးနှစ်တာ
Posted: 05 Mar 2014 07:07 AM PST
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ပြည်သူလူထုရဲ့
ပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး
နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောတာပါ။
"အမျိုးသားလုံခြုံရေးအပေါ်မှာြ
|
Posted: 05 Mar 2014 07:05 AM PST
မန္တလေး၊ မတ် ၎
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာ
အုပ်စုတွင် ဂရိတ်ဝေါ စားသောက်ကုန် လုပ်ငန်းစု ကုမ္ပဏီလီမိတက်ပိုင် သကြားစက်၊
အီသနော၊ မက်သနောစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ဟွန်ဒါ မြန်မာသစ်ပါးလွှာ
စက်ရုံများမှ ထွက်ရှိသော အနံ့ဆိုးများကြောင့် ဒေသခံအများစုမှာ အသက်ရှူ
လမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များလာကြောင်း အဆိုပါ
မောင်းကုန်းကျေးရွာ ဒေသခံများထံမှ
|
Posted: 05 Mar 2014 06:39 AM PST
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပါ
ပြစ်မှုပြစ်ဒဏ်တွေကို လျှော့ချ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို ပြည်သူ့
လွှတ်တော်က ဒီနေ့ အတည်ပြု လိုက်ပါတယ်။
ဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်တဲ့ ပုဒ်မ ၁၇၊ ၁၈ နဲ့ ၁၉ တို့က ပြစ်ဒဏ်တွေကို
လျှော့ချပြီး အတည်ပြုလိုက်တာပါ။
“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ
ဥပဒေ ပုဒ်မ ၁၈ တွင်ပါသော ၁ နှစ်ထက် မပိုသော စကားရပ်ကို
|
Posted: 05 Mar 2014 06:33 AM PST
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်
|
Posted: 05 Mar 2014 06:24 AM PST
ရန်ကုန်
၊ မဇ္ဈိမ ။ ။ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုအခက်ခဲ
နှင့် ကြုံတွေ့ရသော မြို့နယ်များ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ရုံးများကို ဆက်သွယ် အကူညီတောင်းခံနိုင်သည်ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ရုံးအဖွဲ့ဝင် ဦးသိန်းဦးကပြောကြားသည်။
" ရေရှားပါးမှု နဲ့ ဘယ်မြို့နယ်တွေမှာ အခက်ခဲဖြစ်နေပြီဆိုတာ သိရင်လည်း
ကူညီပါတယ်။ မြို့နယ်အလိုက် အကူညီတောင်းခံရင် လည်း မြို့နယ်မှာ
|
Posted: 05 Mar 2014 06:08 AM PST
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို နေပြည်တော် သင်္ဂဟ
ဟိုတယ်မှာ မတ်လ(၅)ရက်နေ့က ကျင်းပပြုလုပ်သွားပါတယ်။ ဒီပွဲ့ရဲ့
သတင်းထုတ်ပြန်ချက်ထဲမှာ တောင်တရုတ်ပင်လယ် တည်ငြိမ်ရေးနဲ့
လုံခြုံရေးဆိုင်ရာ COC သဘောတူညီချက်တွေကို အမြန်ဆုံး
အကောင်အထည်ဖော်သွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အာဆီယံဒေသတွင်း
စစ်အင်အားတွေကိုေ
|
Posted: 05 Mar 2014 05:52 AM PST
လားရှိုးမြို့ရဲ့ တည်ငြိမ်မှုကို မလိုလားတဲ့ လူတစုက ဘာသာရေးဆန်တဲ့
ပဋိပက္ခတွေထပ်မံဖြစ်ပွားစေမဲ့ လှုံဆော်မှု ပြုလုပ်ခဲ့ပါတယ်။
ခွန်ဇော်ဦးပေးပို့ထားပါတယ်။ DVB TV - 05.03.2014
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 05 Mar 2014 05:42 AM PST
လွန်ခဲ့သည့်(၅)ရက်ခန့်မှစ၍ ကချင်ပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော
ပူတာအိုမြို့ပေါ်တွင် အမျိုးသမီးများ ညစဉ် ထိတ်လန့်နေရသည့်
ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လျှက်ရှိရာ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ (၅၊၃၊၁၄)ရက်နေ့က
ပူတာအိုမြို့နယ်တာဝန်ရှိသူများ
|
Posted: 05 Mar 2014 04:15 AM PST
အမျိုးသားနှစ်ဦး ရွှေလက်တွဲမင်္ဂလာပွဲကျင်းပသည့် ဓာတ်ပုံများကို ပြည်တွင်းလူမှုကွန်ရက်စာမျက်နှာ
|
Posted: 05 Mar 2014 06:02 AM PST
- အလှူမှ ကြက်သား ဒံပေါက်စားပြီး နောက် အစာအဆိပ်သင့်မှုဖြစ်ပွား
- သစ်ပါးလွှာစက်ရုံ အတွင်း ဝန်ထမ်းများ နံ နက်စာစားသောက်ရာ မှ အစာအဆိပ်သင့်မှု ကြောင့် လူနှစ်ဦးသေဆုံး
- ကန်ကြီးထောင့် ပေကြီးပင်မှ
ကျောင်းသားများ အစာအ ဆိပ်သင့် စသည့် သတင်းများကို ရေဒီယို၊ ရုပ်မြင်သံကြား
(သို့မ ဟုတ်) ဂျာနယ်များတွင် ကြားဖူး၊ ဖတ်ဖူးကြ လိမ့်မည်။
သတင်းတစ်ပုဒ်ထက် ပိုထူးခြားခဲ့သူ
ဗဟန်းမြို့နယ်မှ ကိုကျော်ဇင်ထက်(
|
Posted: 05 Mar 2014 04:01 AM PST
ညနေခင်းက အမြှုပ်တစီစီထလွန်းလှသည်။ အခိုးတရှိန်ရှိန် ထွက်နေသော
သွေးရောင်လွှမ်းမျက်နှာများနှင့် မည်သည့် အဓိပ္ပာယ်ဟု အလိုလိုသိသာနေသော
ရီဝေဝေ အကြည့်များကို လည်း ထိုနေရာ တွင်ပေါပေါသီသီရနိုင်ပါသည်။ ထိုကဲ့သို့
အရိုင်းဆန်လှသောနေရာ တစ်ခုတွင် ပေါင်လယ်ခန့်စကပ်တိုတို၊ ရင်
တစ်ဝက်လှပ်ထားသော ကြိုးပျောက်ဘော်လီအင်္ကျီနှင့် မိန်းမ သားတစ်ဦးကို
ဟိုစားပွဲဝိုင်းကူးလျက် ဒီစားပွဲဝိုင်းကူးလျက်မြင်တွေ
|
Posted: 05 Mar 2014 04:09 AM PST
လာမည့်ဧပြီလတွင်
နိုင်ငံ့ဝန်ထမ်းများ တတိယအကြိမ် လစာတိုးမြှင့်ပေး၊ မပေး
ယခုရက်ပိုင်းအတွင်း လွှတ်တော်တွင် ဆုံးဖြတ်မည်ဖြစ်သည်။ အကယ်၍
တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ပါလျှင် လွန်ခဲ့သည့် ၂ နှစ်ခန့်က
ဖြစ်ပွားခဲ့သည့် အခြေခံလုပ်သားထု၏ သပိတ်မှောက်ဆန္ဒပြမှုမျိုး
ထပ်မံဖြစ်ပွားလာမည်ကို လုပ်ငန်းရှင်အများစုက စိုးရိမ်လျက်ရှိသည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၃ ဧပြီ ၁ ရက်
အနိမ့်ဆုံးအခြေခံလစာေ
|
Posted: 05 Mar 2014 03:46 AM PST
ပုသိမ် မတ် ၎
မြန်မာနိုင်ငံ၌ လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် ၂၀၀၈ ခုနှစ်က
တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ယနေ့တိုင်
အိုးအိမ်မဲ့ ဖြစ်ခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ နာဂစ်
ဒုက္ခသည်များအတွက် မြေနေရာချထားရေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏
လွှတ်တော်တွင်း ပြောကြားချက်များနှင့် လက်တွေ့ အကောင်အထည် ဖော်မှုမှာ
ကွဲလွဲလျက် ရှိကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး
|
Posted: 05 Mar 2014 04:09 AM PST
လူထုကျန်းမာရေးအတွက်
နေ့မအား၊ ညမအား အလုပ်လုပ်ပြီး ခရီးလမ်းခက်ခဲကြမ်းတမ်းသည့်
တောင်ပေါ်ဒေသကျေးရွာများသို့ အခမဲ့ဆေးလိုက်ကုပေးနေသော ရှားရှားပါးပါး
ပြည်သူ့အကျိုးပြု စေတနာရှင်ဆရာဝန်ကြီးများကို များသောအားဖြင့်
ဇာတ်လမ်းများထဲတွင်သာ တွေ့ရလေ့ရှိသည်။ ပြည်သူလူထုအတွက် အမှန်တကယ်
အကျိုးပြုခဲ့သော ဆရာဝန်များစွာရှိခဲ့သော်လည်း သူတို့၏အကြောင်းမှာ
မှတ်တမ်းတင်သူမရှိသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်သွားလေ့ရှိ
|
Posted: 05 Mar 2014 03:43 AM PST
မိတ္ထီလာ၊ မတ် ၎
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ
ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆
နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော်
လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု
ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး
သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး
|
Posted: 05 Mar 2014 03:40 AM PST
ထိုင်းနိုင်ငံမှာ ၄ နှစ် ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ
|
Posted: 05 Mar 2014 04:12 AM PST
‘‘ဒီတစ်ခါတော့ ကျုပ်က ဂါတ်တဲတိုင်တော့မှာ မရတော့ဘူး။ ဒီအရည်တွေချည်း
သောက်သောက်လာတာ။ အိမ်ကနှင်ချလည်းမဆင်းဘူး။ နောက်ဆုံး
ကိုယ်ပဲဆင်းရတော့မယ့်ကိန်းပဲ’’
အသက်(၆၀)ကျော်ပြီဖြစ်သည့် ဒေါ်မြက ၎င်း၏သားသမက်အကြောင်း ကရုဏာဒေါသဖြင့်
ပြောပြနေခြင်းဖြစ်သည်။
ဒေါ်မြက အမရပူရမြို့နယ် တမုတ်ဆိုးရွာမှာနေသည်။ ဒေါ်မြ၏သမက်မှာ
အလုပ်ကြိုးစားသော်လည်း အရက်ခဏခဏသောက်နေ၍ ဒေါ်မြစိတ်ညစ်ရသည်။ မူးလာလျှင်
မိန်းမကို နည်းနည်းရစ်ချင်သည်။
|
Posted: 05 Mar 2014 03:34 AM PST
မိုဘိုင်းဖုန်းမှတစ်ဆင့် လျှပ်စစ်မီတာခ ပေးဆောင်နိုင်မည့်စနစ်ကို
ယခုနှစ်အတွင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ရတနာပုံတယ်လီပို့မှ သိရ သည်။
''ဒီလထဲမှာ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ
ကုမ္ပဏီတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်သွားဖို့ ရှိပါတယ်။ ဒီလို
ဆွေးနွေးမှု ထဲမှာ မိုဘိုင်းကတစ်ဆင့် မီတာဆောင် နိုင်မယ့် စနစ်တွေ
ပါဝင်ပါတယ်''ဟု ရတနာပုံ တယ်လီပို့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
|
Posted: 05 Mar 2014 03:29 AM PST
စင်ကာပူစီးတီး၊ မတ် ၎
ကမ္ဘာ့ထိပ်တန်း မြို့တော်ကြီး ၁၃၁ မြို့တွင် မြို့တော်စင်ကာပူသည် ၂၀၁၄
ခုနှစ် အတွင်း၌ နေထိုင်ရန် ကုန်ကျစရိတ်ဈေး အကြီးဆုံး မြို့တော်အဖြစ်
Economist Intelligence Unit အဖွဲ့အစည်းက သတ်မှတ်ခဲ့ကြောင်း BBC သတင်းက
ဆိုသည်။
စင်ကာပူ၏ ငွေဈေးမာကျောခြင်း၊ ကားစီးရန် ဈေးကြီးခြင်းနှင့် နေ့စဉ်
အသုံးပြုသော လျှပ်စစ်မီတာ၊ ရေမီတာ ဈေးကြီးခြင်း စသည်တို့ကြောင့် စင်ကာပူ
သည် ကမ္ဘာ့ဈေးအကြီးဆုံး
|
Posted: 05 Mar 2014 03:27 AM PST
မော်လမြိုင်၊ မတ် ၎
မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ
မုဒွန်းသင်ပုန်းတောင်မှ သင်ပုန်းကျောက် ထုတ်ယူနိုင်သည့် ကျောက်သား
ရှားပါးလာခြင်းကြောင့် ကျောက်သင်ပုန်း လုပ်ငန်းများ ရပ်နားဖွယ်ရာ
ရှိကြောင်း ကျောက်သင်ပုန်း ပြုလုပ်သည့် လုပ်ငန်းရှင် ဦးလှခိုင်က
ပြောကြားသည်။
ယခင်က မုဒွန်းသင်ပုန်းတောင်တွင် သင်ပုန်းကျောက် ထုတ်သည့် ကျောက်တွင်း ၆၀
ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင် ကျောက်တွင်း
|
Posted: 05 Mar 2014 03:26 AM PST
ရန်ကုန်-မတ်၅
ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ၍
သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို
့မရဲစခန်းမှ သိရသည်။
ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွ
|
Posted: 05 Mar 2014 03:25 AM PST
စင်ကာပူ-မတ် ၅
အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအိုအား
သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။
မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား
မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း
ဖြစ်သည် ။
မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale
ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ်
|
Posted: 05 Mar 2014 03:18 AM PST
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ ကာတာအခြေစိုက်
အော်ရီဒူးကုမ္ပဏီဟာ 3G ကွန်ရက်စနစ် စမ်းသပ် အောင်မြင်ခဲ့ပြီလို့ မတ် ၎
ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကွန်ရက်မှာ အသံလှိုင်းအရည်အသွေး စမ်းသပ်တာ၊ စာတိုပေးပို့တာနဲ့ အင်တာနက်
အသုံးပြုတာတွေ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
အော်ရီဒူးကုမ္ပဏီဟာ သူ့ရုံးချုပ် အခြေစိုက်တဲ့ အမ်အိုင်စီတီ ပတ်စ် (MICT
Park)နဲ့ အနီးနားပတ်ဝန်းကျင်မှာ စမ်းသပ်မှု
|
Posted: 04 Mar 2014 10:01 PM PST
နေပြည်တော်၊ မတ် ၎
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ ကိုးလနီးပါးကြာ အချေအတင်
အငြင်းပွားခဲ့ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲခဲ့သော
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာ
ဥပဒေတို့ကို မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက
အတည်ပြုလိုက်ပြီ ဖြစ်သည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း
ဥပဒေကြမ်းကို
|
Posted: 04 Mar 2014 09:52 PM PST
လာမည့် မတ်လကုန်ပြီဆိုလျှင် လက်ရှိအစိုးရ တာဝန်ယူခဲ့သည်မှာ သုံးနှစ်
တင်းတင်းပြည့်ပြီဖြစ်သည်။
သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံတရားစီရင်ရေးသည် စိန်ခေါ်မှုများစွာကို
ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအခြေအနေအထိလည်း ရင်ဆိုင်နေရဆဲဖြစ်သည်။
----
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းလာနေသောနိုင်ငံ
(Transnational Country)ဖြစ်သည်နှင့်အညီ အစဉ်အလာအားဖြင့်
တရားစီရင်ရေးကိုချုပ်ကိုင်လာခဲ့
|
0 comments:
Post a Comment