Saturday, March 22, 2014

အဆင်းရဲဆုံးလူ

အဆင်းရဲဆုံးလူ

တစ်ခါတုန်းက သူတောင်းစားပုံစံနဲ့(တကယ်တော့ ရသေ့) တစ်ပါးဟာ မြို့ထဲကို ၀င်လာတယ်။ ပြီးတော့ အော်ဟစ်လိုက်တယ်။ ငါဒီမြို့ထဲက အဆင်းရဲဆုံးလူတစ်ယောက်ကို ပိုက်ဆံငါးပြားပေးမယ် လို့ပြောလိုက်တယ်။

အကုန်လုံးကလဲ ၀ိုင်းရယ်ကြတယ်။ တစ်ချို့လူတွေကတော့ ဒါသူတော်စင်တစ်ပါးလို့ပြောကြတဲ့အတွက် သူတော်စင်ဆီက ပိုက်ဆံကို လိုချင်ကြတာပေါ့။ အဲဒါနဲ့ လူတွေ တန်းစီလိုက်တယ်။ ပြီးတော့ ကျွန်တော်က ဘယ်လိုဆင်းရဲပါတယ်။ ဆိုပြီးတော့ ၀ိုင်းတောင်းကြတာပေါ့။ သူတော်စင်ကတော့ တစ်ယောက်ချင်းပြောတာကို နားထောင်ပြီးတော့ တစ်ယောက်မှမပေးဘဲ မြို့ထဲ ၀င်လာတယ်။ ပိုက်ဆံငါးပြားလိုချင်တဲ့ သူတွေကလဲ အနောက်ကလိုက်လာတာပေါ့။ သူတော်စင်ကလဲ အဆင်းရဲဆုံးလူကို လိုက်ရှာတယ်။ အဲလိုနဲ့ မြို့ထဲက လူတွေကလဲအများကြီးပါလာတာပေါ့။ အဲဒီအချိန်ပဲ ဘုရင်က တိုင်းခန်းလှည့်လည်တယ်။ 

သူတော်စင်ကလဲ ဘုရင့်ကို မြင်တော့ " ဒီလူဟာ အဆင်းရဲဆုံးလူပဲ သင့်အား ငါးပြားပေးမယ် ဆင်ပေါ်ကဆင်းလာ " လို့ပြောလိုက်တာပေါ့။ ရှင်ဘုရင်က စိတ်တော့ဆိုးတယ် " အောင်မာ ရာရာစစ မင်းတစ်ကိုယ်လုံးဖိသတ်လို့ရတဲ့ ရွှေဒင်္ဂါးတွေ တောင်ငါပေးနိုင်တယ်။ ဒီတစ်မြို့လုံးကို၊ဒီတစ်တိုင်းပြည်လုံးကို ငါပိုင်တယ် အဲဒါကိုများ ဆင်းရဲတယ်လို့ပြောရကောင်းလား " ဆိုပြီးတော့ ပြောတယ်။

" အရှင်မင်းမြတ်ကား အဆင်းရဲဆုံးပင်ဖြစ်သည်။ ဒီမြို့ဒီတိုင်းပြည်ကို ပိုင်ဆိုင်တာတောင်မှ အရှင့်ရဲ့ လောဘတွေက အခြားမြို့ အခြားတိုင်းပြည်များကို သိမ်းပိုက်ရန် ကြံရွယ်နေပြီး လောဘအတောမသတ်နိုင်ဖြစ်သည်။ အဆင်းရဲဆုံးကို တိုင်းတာရာတွင် လောဘအကြီးဆုံး လူသည်ပို၍ အဆင်းရဲဆုံးဖြစ်သည်။ လောဘသည်မည်မျှပင်သေးငယ်စေကာမူ ထိုလူ၏ စိတ်ကို ဆင်းရဲခြင်းကိုဖြစ်စေသည်" ဟုပြော၍ ငွေငါးပြားကို ပေးလိုက်လေသည်။ရှင်ဘုရင်လဲ ဆင်ပေါ်မှဆင်း၍ ငွေငါးပြားကို လက်ခံယူလေ၏။

မောင်စိုင်း

တစ်ခါတုန်းက သူတောင်းစားပုံစံနဲ့(တကယ်တော့ ရသေ့) တစ်ပါးဟာ မြို့ထဲကို ၀င်လာတယ်။ ပြီးတော့ အော်ဟစ်လိုက်တယ်။ ငါဒီမြို့ထဲက အဆင်းရဲဆုံးလူတစ်ယောက်ကို ပိုက်ဆံငါးပြားပေးမယ် လို့ပြောလိုက်တယ်။


အကုန်လုံးကလဲ ၀ိုင်းရယ်ကြတယ်။ တစ်ချို့လူတွေကတော့ ဒါသူတော်စင်တစ်ပါးလို့ပြောကြတဲ့အတွက် သူတော်စင်ဆီက ပိုက်ဆံကို လိုချင်ကြတာပေါ့။ အဲဒါနဲ့ လူတွေ တန်းစီလိုက်တယ်။ ပြီးတော့ ကျွန်တော်က ဘယ်လိုဆင်းရဲပါတယ်။ ဆိုပြီးတော့ ၀ိုင်းတောင်းကြတာပေါ့။ သူတော်စင်ကတော့ တစ်ယောက်ချင်းပြောတာကို နားထောင်ပြီးတော့ တစ်ယောက်မှမပေးဘဲ မြို့ထဲ ၀င်လာတယ်။ ပိုက်ဆံငါးပြားလိုချင်တဲ့ သူတွေကလဲ အနောက်ကလိုက်လာတာပေါ့။ သူတော်စင်ကလဲ အဆင်းရဲဆုံးလူကို လိုက်ရှာတယ်။ အဲလိုနဲ့ မြို့ထဲက လူတွေကလဲအများကြီးပါလာတာပေါ့။ အဲဒီအချိန်ပဲ ဘုရင်က တိုင်းခန်းလှည့်လည်တယ်။

သူတော်စင်ကလဲ ဘုရင့်ကို မြင်တော့ " ဒီလူဟာ အဆင်းရဲဆုံးလူပဲ သင့်အား ငါးပြားပေးမယ် ဆင်ပေါ်ကဆင်းလာ " လို့ပြောလိုက်တာပေါ့။ ရှင်ဘုရင်က စိတ်တော့ဆိုးတယ် " အောင်မာ ရာရာစစ မင်းတစ်ကိုယ်လုံးဖိသတ်လို့ရတဲ့ ရွှေဒင်္ဂါးတွေ တောင်ငါပေးနိုင်တယ်။ ဒီတစ်မြို့လုံးကို၊ ဒီတစ်တိုင်းပြည်လုံးကို ငါပိုင်တယ် အဲဒါကိုများ ဆင်းရဲတယ်လို့ပြောရကောင်းလား " ဆိုပြီးတော့ ပြောတယ်။

" အရှင်မင်းမြတ်ကား အဆင်းရဲဆုံးပင်ဖြစ်သည်။ ဒီမြို့ဒီတိုင်းပြည်ကို ပိုင်ဆိုင်တာတောင်မှ အရှင့်ရဲ့ လောဘတွေက အခြားမြို့ အခြားတိုင်းပြည်များကို သိမ်းပိုက်ရန် ကြံရွယ်နေပြီး လောဘအတောမသတ်နိုင်ဖြစ်သည်။ အဆင်းရဲဆုံးကို တိုင်းတာရာတွင် လောဘအကြီးဆုံး လူသည်ပို၍ အဆင်းရဲဆုံးဖြစ်သည်။ လောဘသည် မည်မျှပင်သေးငယ်စေကာမူ ထိုလူ၏ စိတ်ကို ဆင်းရဲခြင်းကိုဖြစ်စေသည်" ဟုပြော၍ ငွေငါးပြားကို ပေးလိုက်လေသည်။ ရှင်ဘုရင်လဲ ဆင်ပေါ်မှဆင်း၍ ငွေငါးပြားကို လက်ခံယူလေ၏။

မောင်စိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...