Monday, March 3, 2014

အစိမ်းရောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေး ပိုမို ကောင်းမွန်

နေ့စဉ် အချိန်ကုန် နေရာကနေ စိမ်းလန်း စိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့ တောင်ပေါ် မြို့တွေလို နေရာတွေကို ရောက်သွားတဲ့ အခါစိတ်ဖိစီး နေတာတွေ၊ ပန်ပင်း နွမ်းနယ် နေတာတွေ ပြေပျောက် လန်းဆန်း သွားတာကို ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။
ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ်ပင်တွေ၊ တောတောင်တွေရဲ့ စွမ်းအားကြောင့် ပါဘဲ။ အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင် ချမ်းမြေ့ စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ် သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း ပြုလုပ်ပေး သင့်ပါတယ်။
အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတဲ့ စကားလုံးနဲ့ အနည်းငယ် စိမ်းနေကောင်း စိမ်းနေ ပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအရာ ကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါ လိမ့်မယ်။

အစိမ်းရောင် လေ့ကျင့်ခန်းက တစ်ခြား မဟုတ်ပါဘူး.. မိမိအနီးနား ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့ သဘာဝနဲ့ တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊ ကိုယ်လက် လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု စောင့်ရှောက် တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။ သင်ဟာ စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင် ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင် အိမ်အပြင်ဘက်က စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ တစ်နေ့ကို ၅မိနစ်ခန့်တော့ မဖြစ်မနေ အချိန်ပေး နေထိုင်သင့်တယ်လို့ ပညာရှင်များက အကြံပြုကြ ပါတယ်။ လေ့လာ ဆန်းစစ်ချက် များအရ စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေရှိ ရာ ပန်းခြံ၊ ဥယျာဉ်၊ တောတောင်၊ သစ်တောတို့မှာ ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်း၊ သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြုစုခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်း၊ မြစ်ချောင်း၊ ရေကန်တို့မှာ ငါးမျှားခြင်း စသည်တို့ကို ပြုလုပ် ပေးပါက စိတ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အထူးဘဲ ကောင်းမွန် တိုးတက်စေနိုင်တယ်လို့ Environmental Science and Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

Visit website

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...