Saturday, March 15, 2014

ဟားစရာများ


ငါလဲ မင်းလိုဘဲ ပေါ့ကွယ်
 ယောက်ျား။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
  ယောက်ျား။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့ကွယ် ...တဲ့လေ


အကြောင်းအရင်း

တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကို
တွေ့လို့ မေးလိုက်တယ်…
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”

သတင်းကောင်း

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊
1.က မကောင်းတဲ့ သတင်း၊
2.က ကောင်းတဲ့ သတင်း၊
3.ကတော့ အကောင်းဆုံးသတင်းပေါ့ဗျာ...
လူနာ- ဟုတ်ပြောပါဗျာ
1.မကောင်းတဲ့ သတင်းက စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
2.သတင်းကောင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်…. အဲ …..
3.အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "လေ

*မိန်းမများနှင့်တူသော အားကစား

15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...