သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၃)
သစ်ထူးလွင် |
- တောင်ကြီးမှာကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့ လူအင်အား ၅သောင်းကျော်တက် (ရုပ်/သံ)
- ပုခုံးချင်း တိုက်မိရာက စကားများရန်ဖြစ်ပြီး လည်ပင်းကို ဓါးဖြင့် ခုတ်သတ်
- အမျိုးသမီးများအတွက် ပထမဆုံး ကျင်းပသောလမ်းလျှောက်ပွဲ အမျိုးသမီး ၄ဝဝဝ ကျော်ပါဝင်
- ရွှေတိဂုံဘုရား ခြေတော်ရင်းက မြန်မာကျော်များ၏ ဂူဗိမာန်
- မိုးညှင်းမြို့ ဒီဂရီကောလိပ်အနီး ထန်းတပင်ရွာသားနှစ်ဦး မိုင်းထိ
- လူမျိုးအမည်တွင် ‘မြိတ်’ ဟု ဖြေရမည်ကို ဒေသခံအများစု မသိဟုဆို
- မသန်စွမ်း ဥပဒေ ရေးဆွဲအပြီး ငါးနှစ်အကြာ ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည်ဟုဆို
- အင်းတော်ကြီးဘုရားပွဲ နောက်ဆုံးနေ့ မီးလောင်မှုဖြစ်ပွား
- ထိုင်းလူမျိုးအသတ်ခံရမှုကြောင့် ဖူးခက်ရောက် မြန်မာလုပ်သားများ ညမထွက်ရအမိန့်နှင့် ရင်ဆိုင်ရ
- လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော် နေပြည်တော် တပ်ကုန်းတွင် တားမြစ်ခံရ
- ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက် တရုတ်တောင်းဆို
- “ဤသတင်း အတိုင်းဆို မလေးစစ်တပ်မှာ တာဝန်မကင်း ဖြစ်မည်”
- သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ကျောက်ဖြူတွင် ဆန္ဒပြကန့်ကွက်
- သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ အမည်ထည့်သွင်း ကောက်ခံမည်ကို ဘူးသီးတောင်တွင် ဆန္ဒပြကန့်ကွက်
- မီးထလောင်နိုင်တဲ့ ကား ၉ သိန်းနီးပါး ဟွန်ဒါကားကုမ္ပဏီ ပြန်သိမ်း
- ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ယင်းမာပင်ဒေသခံများ နှစ်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်
- အောင်ဆုယူအေးစေတီ ထီးတော်တင်ပွဲ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ကျန်းမာရေးကြောင့် မတက်ရောက်
- ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ
- ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး
- ABSDF အဖွဲ့ ၁၀ကြိမ်မြောက် ညီလာခံ ပြီးဆုံး
- EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး
- ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို
- မတ်လ(၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- မတ်လ(၁၇)ရက်နေ့ ထုတ် The Voice Weekly Vol.10/No.10
- မတ်လ(၁၄)ရက်နေ့ ထုတ် မြန်မာတိုင်းမ် - အတွဲ ၃၄ အမှတ် ၆၆၄
Posted: 16 Mar 2014 07:32 AM PDT
ပအိုဝ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်နယ်
တောင်ကြီးမြို့မှာ မတ်လ ၁၅ရက်နေ့က ကျင်းပခဲ့ပြီး နေရာအနှံ့အပြားက
ပအိုဝ်းလူမျိုးစု ၅သောင်းကျော်လောက် စည်စည်ကားကား တက်ရောက်ကျင်းပခဲ့ပါတယ်။
ဘာသာစကား၊ လေယူလေသိမ်း ကွဲပြားကြပေမယ့် ဒေသအသီးသီးမှာရှိနေတဲ့
ပအိုဝ်းတွေအားလုံး စုစည်းကြတဲ့ ပွဲတော်ဖြစ်တာကြောင့်
ဝမ်းသာပီတိဖြစ်ရတယ်လို့ ပထမဆုံးအဖြစ် အမျိုးသားနေ့ကို တက်ရောက်လာတဲ့
ကရင်ပြည်နယ်က
|
Posted: 16 Mar 2014 07:26 AM PDT
ရန်ကုန်၊၊
မဇ္ဈိမ။ ။ ရန်ကင်းမြို့ အမျိုးသားတစ်ဦး ဓါးဖြင့်
ခုတ်သတ်ခံရမှုတစ်ခု မတ်လ ၁၅ ရက် ညက ဖြစ်ပွားခဲ့သဖြင့် မြို့နယ်ရဲစခန်းက
အမှုဖွင့် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အမှုကို ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်၊ လူငယ်မေတ္တာလမ်း၊ အမှတ် (၃၂၅)နေ
အသတ်ခံရသူ၏ ယောက်က္ခမတော်စပ်သူ
ဒေါ်နီနီ (၅၁)နှစ်က အမှုဖွင့် တိုင်တန်းထားသည်။
ယင်းနေ့ ည ၁ဝနာရီ ၄၅ မိနစ်အချိန်က အတူနေ
|
Posted: 16 Mar 2014 07:22 AM PDT
ရန်ကုန်၊မဇ္ဈိမ။ ။ အားကစားဝန်ကြီးဌာနနှင့် Mega Life
Sciences Ltd မှ မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် ပထမဆုံးကျင်းပသော
Ferrovit လမ်းလျောက်ပွဲတွင် အမျိုးသမီး ၄ဝဝဝကျော်က မတ်လ ၁၆ ရက်တွင်
ပါဝင်ဆင်နွဲခဲ့သည်။
အမျိုးသမီး ၄ဝဝဝ ကျော်သည် အရှည် ၅ ကီလိုမီတာရှိ ပြည်လမ်း၊
အင်းယားကန်ဘောင်မှ စတင်လမ်းလျှောက်ခဲ့ပြီး ပြည်သူ့ ဥယျာဉ်တွင်
ပန်းဝင်ခဲ့ကြသည်။ ပန်းဝင်နေရာကို “သွေးအားနည်းခြင်း
|
Posted: 16 Mar 2014 07:14 AM PDT
လူ့ဘဝ ခဏတာ အချိန်တိုတိုလေးမှာ လောကကောင်းကျိုး၊ အများကောင်းကျိုး၊
တိုင်းပြည်ကောင်းကျိုး သယ်ပိုးခဲ့ကြသူ တွေဟာ လူသေသော်လည်း နာမည်မသေ
ကမ္ဘာဆုံးတိုင် မှတ်ကျောက် တင်ခံကြရသလို ကိုယ့်အတ္တ အကျိုးကိုသာ ရှေးရှု
လုပ်ဆောင်မှုကြောင့် လူမသေခင် နာမည်သေပြီး ခေတ်အဆက်ဆက် ရာဇဝင်ဆိုးနဲ့
ကျော်ကြားသူတွေဟာလည်း မှတ်တမ်း အတင်ခံကြရတယ်။ သူရဲကောင်း အာဇာနည်တွေ
အများကြီးထဲကမှ မြန်မာမှာသာမက ကမ္ဘာကပါ လေးစား ကြည်ညိုရသူတွေရဲ့ မြန်မာ့
|
Posted: 16 Mar 2014 06:10 AM PDT
မြန်မာပြည်
မြောက်ပိုင်း(ကချင်ပြည်နယ်) မိုးညှင်းမြို့နယ်က ထန်းတပင်ရွာသား ရှမ်းနီ
တိုင်းရင်းသားများ ဖြစ်ကြတဲ့ ဦးအောင်မင်း အသက် (၄၂)နှစ်နှင့်
မောင်ကျော်ဇင်အေး အသက် (၂၀)ကျော်တို့ နှစ်ဦးသည် မိုးညှင်း ဒီဂရီကောလိပ်
အနီး ကျောက်ဖြူတောင် နှစ်မြွှာဆုံနေရာတွင် မိုင်းထိမှန်၍ ရွာသားတစ်ဦး
ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိသည်။
မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်း အုပ်စု၊ ထန်းတပင်ရွာနေ ဦးအောင်မင်းသည်
|
Posted: 16 Mar 2014 05:56 AM PDT
မြိတ်၊ မတ် ၁၅
လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မြိတ်လူမျိုးဟု
ပြန်ဖြေရမည်ကို လက်ရှိအချိန် (သန်းခေါင်စာရင်း ကောက်ယူရန်
နှစ်ပတ်ကျော်အလို) အထိ မြိတ်ဒေသခံ အများစု မသိသေးဟု မြိတ်ဒေသခံများထံမှ
သိရသည်။
မြိတ်လူမျိုး အများစုသည် မြိတ်သည် လူမျိုးတစ်မျိုး ဖြစ်သည်ကိုပင် မသိကြဘဲ
ဗမာလူမျိုးဟုသာ သိထားကြသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်တွင်
ဗမာလူမျိုးဟုသာ ဖြေကြမည်ဟု ထင်ကြောင်း
|
Posted: 16 Mar 2014 05:56 AM PDT
ရန်ကုန်၊ မတ် ၁၅
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရင်ဆိုင်နေရသည့် အခက်အခဲ များစွာ
ရှိနေဆဲ ဖြစ်ပြီး ထိုအခက်အခဲများ တစ်စိတ်တစ်ပိုင်း ဖြစ်စေ
ဖြေရှင်းနိုင်ရန်၊ အခွင့်အရေးများ ရရှိစေရန်တို့ အတွက် ၂၀၁၀ ပြည့်နှစ်
ကတည်းက ရေးဆွဲခဲ့သော မသန်စွမ်း ဥပဒေကို လာမည့် ၂၀၁၅ တွင် ပြဋ္ဌာန်းနိုင်မည်
ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ထွန်းခိုင်က ပြောကြားသည်။
မသန်စွမ်း ဥပဒေမူကြမ်းကို
|
Posted: 16 Mar 2014 05:49 AM PDT
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်
|
Posted: 16 Mar 2014 05:47 AM PDT
ပါတုံး၊ မတ်-၁၅
ထိုင်းနိုင်ငံတောင်ပိုင်းပြည်
|
Posted: 16 Mar 2014 05:44 AM PDT
အားသဲ၊
ရန်ကုန်၊ မတ်-၁၅
လက်ကျန်နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးရည်ရွယ်၍
ရှမ်းပြည်နယ်တောင်ကြီးမြို့မှ ရန်ကုန်သို့ မတ် ၈ ရက်က စတင်
လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဆရာတော်ဦးရက္ခ၀ံသ နေပြည်တော် တပ်ကုန်းသို့ မတ်
၁၄ရက်က ရောက်ရှိလာရာ ပျဉ်းမနားရဲမှူးကြီးနှင့် မြို့နယ်သံဃနာယကဆရာတော်များက
ဖြတ်သန်းခွင့်မပြုနိုင်ဟုဆိုကာ တားဆီးခဲ့ကြောင်း ဆရာတော်ဦးရက္ခ၀ံသက မတ်
၁၅ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိစဉ် စံတော်ချိန်သို့
|
Posted: 16 Mar 2014 05:39 AM PDT
ပျောက်ဆုံးမလေးရှားလေယာဉ်နဲ့ ပတ်သက်တဲ့ ပိုပြီး တိကျ အသေးစိတ်တဲ့
သတင်းအချက်အလက်တွေကို ထုတ်ပေးဖို့ တရုတ်အစိုးရက မတ်လ ၁၅ ရက်နေ့က
တောင်းဆိုလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇဲခ်က တပတ်ကျော်ကြာပျောက်ဆုံးနေခဲ့တဲ
|
Posted: 16 Mar 2014 05:38 AM PDT
(ဘဲလားလေဘာတီ)
လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက မလေးရှားကနေ တရုတ်ကို ထွက်ခွာသွားတဲ့ မလေးရှား
လေကြောင်းမှ MH370 ဟာ ယနေ့အထိ ပျောက်ဆုံးနေလျက်ပါ။ ပျောက်တဲ့နေ့က စပြီး
ယနေ့အထိ ဂမ္ဘီရဆန်နေပြီး သဲလွန်စ ဘာမှမရဘဲ ဖြစ်နေကြဆဲ။ ခရီးသည် ၂၃၉ ဦးနဲ့
လေယာဉ် တစ်စင်းလုံး ပျောက်သွားပြီး အမေရိကန် အပါအဝင် နိုင်ငံပေါင်း
များစွာက ရေကြောင်း လေကြောင်းကနေ ရှာပုံတော် ဖွင့်နေကြဆဲပါ။
ဗေဒင် ဆရာတွေကလည်း တစ်ဖုံ၊ ပညာရှင်တွေကလည်း တစ်သွယ်
|
Posted: 16 Mar 2014 05:34 AM PDT
ယခုလ ၃၀ရက်နေ့တွင် စတင်ကောက်ယူမည့် မြန်မာပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းကောက်ခံမည်ကို
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသခံ ၅၀၀ ခန့်က ယနေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
“ သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ရိုဟင်ဂျာလို့ ဒီနိုင်ငံမှာ မရှိတဲ့
လူမျိုးတမျိုးကို ထည့်သွင်း ကောက်ယူမှာကို ကျနော်တို့က မလိုလားတဲ့အတွက်
ကန့်ကွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ပြီးတော့ ရခိုင်လူထုအနေနဲ့လည်း
|
Posted: 16 Mar 2014 05:33 AM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင် တိုင်းရင်းသား ပြည်သူများနှင့် သံဃာများ အပါအဝင်
အင်အား ၃၀၀၀ ကျော်သည် ယနေ့ ၁၆.၃.၂၀၁၄ နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ
သန်ခေါင်စာရင်းတွင် ဘင်္ဂါလီအစား ဘင်္ဂါလီများ နုတ်မှပြောသည့် အတိုင်း
ရိုဟင်ဂျာလူမျိုးဟု ရေးသွင်းသွားမည့် ကိစ္စကို ကန့်ကွက်ဆန္ဒထုတ်ဖေါ် ခဲ့ကြသည်။
ထိုဆန္ဒဖေါ်ထုတ်ပွဲတွင် “၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အမြန်ဆုံး
အကောင်အထည်ဖေါ်ပေးပါ”၊ “ဘင်္ဂါလီစာရင်းစစ်
|
Posted: 16 Mar 2014 05:14 AM PDT
ဟွန်ဒါမော်တော်ကုမ္ပဏီဟာ မီးထလောင်နိုင်တဲ့ အော်ဒဲ့စီမော်ဒယ်လ်မီနီဗန်
အမျိုးအစား ကားစီးရေ ကိုးသိန်း နီးပါးကို ပြန်သိမ်းနေတယ်လို့ အမေရိကန်
အမျိုးသား ယဉ်ကြောဘေးကင်းရေး စီမံကွပ်ကဲမှုဌာန NHTSA က
ကားပြန်ရုပ်သိမ်းမှုဆိုင်ရာ အကြောင်းကြားစာမှာ မတ်လ ၁၄ ရက်နေ့က
ဖော်ပြပါတယ်။
အလာဘားမားပြည်နယ်မှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့
အော်ဒဲ့စီ မီနီဗန်တွေမှာ ပါတဲ့ လောင်စာပန့် အစိတ်အပိုင်းက
|
Posted: 16 Mar 2014 05:11 AM PDT
မုံရွာ၊ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်ကို ဖြတ်သန်းသွားသည့်
မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေးရှိ အမှတ် (၂၈) ရဲတပ်ရင်း ဆောက်လုပ်ရန်
မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အုံတုံပင်
ကျေးရွာဒေသခံများ မြေယာပြန်လည် ရရှိရေးအတွက် တရားဝင် ခွင့်ပြုချက်ဖြင့်
နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။
မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ရာတွင်
|
Posted: 15 Mar 2014 09:51 PM PDT
မန္တလေး၊ မတ် ၁၅
ဘိုးဘွားဆွေစဉ် မျိုးဆက် တည်ထား ကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဟု ဆိုသော
စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု စိတ္တရ ကျေးရွာရှိ အောင်ဆုယူအေးစေတီ ထီးတော်
တင်လှူပွဲကို မတ်လ ၁၅ ရက်နေ့ (တပေါင်းလပြည့်) တွင် ကျင်းပရာ ယခင်
တပ်မတော်အစိုးရ အကြီးအကဲနှင့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေမှာ ကျန်းမာရေးကြောင့်
တက်ရောက်နိုင်ခြင်း မရှိကြောင်း ယင်းမိသားစု ဆွေမျိုးတစ်ဦးကြေ
|
Posted: 15 Mar 2014 09:02 PM PDT
ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့်
လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို
တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို
ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။
စနေနေ့က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဆုံးဖြတ်ချက်ကို
ကန့်ကွက်ခဲ့တာ ရုရှားတစ်နိုင်ငံထဲဖြစ်ပြီး တရုတ်က မဲမပေးဘဲနေခဲ့ပါတယ်။
တခြားအဖွဲ့ဝင် ၁၃ နိုင်ငံကေ
|
Posted: 15 Mar 2014 07:10 PM PDT
နိုင်ဂျီးရီးယား နိုင်ငံက မြို့ကြီး တချို့မှာ အစိုးရရဲ့ ယာဉ်မောင်း
အလုပ်အကိုင်နေရာချထား အစီအစဉ်မှာ လာရောက် လျှောက်ထားသူ အများအပြား
တယောက်နဲ့တယောက် နင်းမိကုန်တာကြောင့် လူအတော်များများ သေဆုံးကာ
ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
အလုပ်လိုချင်နေတဲ့ သောင်းနဲ့ချီတဲ့ လူတွေ လူဝင်မှု ကြီးကြပ်ရေး ရုံးရှေ့မှာ
ဝင်ခွင့်ဖြေဖို့ လာရင်း အခုလို ထိခိုက်ကုန်တာ ဖြစ်ပါတယ်။
အဘူဂျာမြို့က အားကစားရုံရှေ့မှာ
|
Posted: 15 Mar 2014 06:57 PM PDT
မြန်မာနိုင်ငံက ပြောင်းလည်းနေတဲ့ အခြေအနေမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး
လုပ်ထားတဲ့ ABSDF အဖွဲ့ဟာ သူတို့ရဲ့ ၁၀ကြိမ်မြောက် ညီလာခံ မနေ့တုံးက
ပြီးဆုံးသွားပါပြီ။
ဒေါင်းတမန်စခန်းမှာ အခုလ ၇ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ ပြုလုပ်တဲ့ ဆယ်ကြိမ်
မြောက်ညီ လာခံမှာ ABSDF အဖွဲ့ထဲမှာ မူပိုင်းမှာ အနည်းအကျဉ်းလောက်ပဲ
အပြောင်းအလဲ ရှိပါတယ်။
ဥက္ကဌ ကိုသံခဲ၊ ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ အတွင်းရေးမှူး ကိုဆန်နီတို့က
အပြောင်းအလဲမရှိပဲ၊
|
Posted: 15 Mar 2014 02:46 PM PDT
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ
မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့
ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား
ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ
ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။
မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း အမျိုးသား
စီမံကိန်းနဲ့
|
Posted: 15 Mar 2014 02:43 PM PDT
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့
ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက်
ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က
ပြောလိုက်ပါတယ်။
ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ်
လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာ လေယာဉ်ပျံသန်းမှု
အချက်ပေးစက်ကို ပိတ်လိုက်တာဖြစ်
|
Posted: 15 Mar 2014 02:24 PM PDT
မတ်လ(၁၆)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 15 Mar 2014 02:22 PM PDT
မတ်လ(၁၇)ရက်နေ့ ထုတ် The Voice Weekly Vol.10/No.10
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
Posted: 15 Mar 2014 02:17 PM PDT
မတ်လ(၁၄)ရက်နေ့ ထုတ် မြန်မာတိုင်းမ် - အတွဲ ၃၄ အမှတ် ၆၆၄
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment