"မောင်"
မောင်…
တိုးတိုးလေး ရွတ်ဆိုလိုက်တဲ့ ခဏ
ပြေသလိုရှိခဲ့တဲ့ အလွမ်းတွေကြားမှာ
တမ်းတ,ရာ တစ်ခုလို
‘မောင်’ လို့ ညည်းတွားမိတဲ့အခိုက်
ပိုတိုးလာခဲ့တာ
တမ်းတမှုဆိုတာလားပဲ…
ေ မောင်…
မနက်ဖြန်ဆိုတာကို မျှော်လင့်ရင်း
ဆိုပြခဲ့ဖူးတဲ့ မောင့်သီချင်းသံတွေ ပြန်ကြားယောင်တိုင်း
ရင်ဖွင့်စရာ တစ်ခုလို
အမှတ်တရ လိုက်ဆိုမိတဲ့အခိုက်
ပိုဆိုးလာခဲ့တာ
လွမ်းဆွတ်မှုဆိုတာလားပဲ…
ေ မောင်…
မခေါ်သင့်ပါဘူး
မခေါ်အပ်ပါဘူးလို့
အကြိမ်ကြိမ်တားဆီးရင်း
မသေချာတဲ့ မနက်ဖြန်တွေကို မျှော်လင့်မိနေတုန်း
အတိတ်ဆိုးတစ်ခုလို
သတိတရ ရှိလိုက်မိတဲ့အခိုက်
ကျွန်မ ပတ်ဝန်းကျင်မှာ
ခုချိန်ထိ ကျွန်မတစ်ယောက်ထဲ ဖြစ်နေတယ် မောင်…
(သန်းသန်းနိုင်။ myanmar cyber media)
0 comments:
Post a Comment