Tuesday, March 11, 2014

ဟာသစုဗူး


မမြင်သင့်တာ
=======

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။

အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...


ကျွန်တော့် "အဖေ" ကိုလေ....

မေ့သွားလို့
=====

စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတယ်.."

ေ သေသွားမယ်
========
သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´ကွ ဘာမှတ်နေလဲ သေသွားမယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...