“ချိုပြုံးရွှင်သော နှမပျိုရယ်”
Thanlay Ko's photo.
Joke of the Day
မြန်မာပြည်ကို ခွင့်ခဏပြန်တုန်း... ... ဘိုညိုတစ်ယောက် ညာဘက်ရင်ဘတ်ထဲက အောင့်အောင့်နေလို့ အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ ဆေးခန်းကို ရောက်လာတယ်… …
ေ ကောင်တာစာရေးမက မျက်နှာကိုးခေါက်ချိုးနဲ့ မေးတယ်… …
(သူများက ရှစ်ခေါက်ချိုး၊ သူက ကိုးခေါက်ချိုး၊ တစ်ခေါက်ပိုတယ်)
“ပြော… ဘာကိစ္စ”
“ဆရာဝန်ကြီးနဲ့ ပြချင်လို့”
“ဆရာကြီးက အလုပ်အရမ်းရှုပ်တယ်၊ ပြချင်တိုင်း ပြလို့မရဘူး”
“ဒါဆို ဘာလုပ်ရမှာလဲ”
“ရက်ချိန်းယူရမယ်”
“ဘယ်နေ့ ရမလဲ”
“နောက်နှစ်ပတ်နေမှ လာ”
“ဘာ… ရက်ချိန်း နောက်နှစ်ပတ် ဟုတ်လား”
“ဟုတ်တယ်”
“ဒီကြားထဲ ကျုပ်ရောဂါသည်းပြီး သေသွားရင် ဘယ်လိုလုပ်မလဲ”
“သေသွားရင် ရှင့်မိန်းမကို ဒီကိုလာပြီး အကြောင်းကြားဖို့ မှာခဲ့”
“ဘာလုပ်ဖို့လဲ”
“ရက်ချိန်းဖျက်အောင်လို့”
“ဟင်… တေနာမ”
သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko
0 comments:
Post a Comment