Wednesday, March 12, 2014

အိမ်ထောင်မှုကိစ္စဖြစ်ပါသဖြင့် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပေးပါ




၁။ ဆေးသောက်ပြီး ၁ဝ ရက်အတွင်းမှာ ရာသီလာပါတယ်။
၂။ တရုတ်မှထုတ်သော 5 million ဆေးပြား ၄ ပြားခန့် သောက်မိပါတယ်။
၃။ Circumcision အတွက် ဆေးနည်းလေး သိပါရစေ။


၎။ မည်သည့် ရောဂါလက္ခဏာမျှ မပြသေးသော်လည်း HIV ရှိ-မရှိ ဆေးစစ်ချင်ပါတယ်။
၅။ သားအသက်က ၁၉ ပါခဗျာ။
၆။ ကားပေါ်ရောက်တာနဲ့ ဗိုက်အရမ်းအောင့်လာပြီး စဆင်းပါတယ်။
၇။ မပြီးဆုံးခင် ပျော့သွားတာမျိုး ဖြစ်နေပါတယ်။
၈။ ပန်းသေပန်းညှိုး လက္ခဏာကို သိချင်ပါတယ်။

Sat, Feb 18, 2012 at 9:52 PM
သမီးအသက်က ၂၈နှစ်ပါ။ သမီးရဲ့ ချစ်သူနဲ့ အကာအကွယ်သုံးပြီး ဆက်ဆံပါတယ်။ သမီးက ကိုယ်ဝန်ရမှာစိုးလို့ ပြီးပြီးချင်းမှာ Ecee 2 ပထမအလုံးကို သောက်လိုက်ပါတယ်။ ဆေးအညွှန်းကို မှားပြီး ဖတ်လိုက်လို့ ၁၂နာရီအတွင်းမှာ ဒုတိယအလုံးကိုသောက်ရမယ်ထင်ပြီး ၁၂ နာရီအတွင်းမှာ သောက်လိုက်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်ဝန်ရနိုင်ပါသလား။ နောက်ပြီး ဆေးသောက်ပြီး ၁ဝ ရက်အတွင်းမှာ ရာသီလာပါတယ်။ ခါတိုင်းဆိုရင် ၂၈ ရက်နောက်ပိုင်းမှ လာပြီး အခုကျတော့ ၁၅ ရက်လောက်မှာရာသီပေါ်ပါတယ်။ သမီးက ရာသီလာရင် ၃ ရက်လောက်ပဲလာပါတယ်။ အခုကျတော့ ၆ ရက်လောက်ရှိနေပါပြီ။ ရင်သားတွေလဲ နာနေပါတယ်။ အဲဒီလိုဖြစ်ရင် ကိုယ်ဝန်ရလာနိုင်တာလား။ မရနိုင်ဘူးလားဆိုတာ သိချင်ပါတယ်။ နောက်ပြီး Ecee 2 ဆေးက ဆက်ဆံပြီးတိုင်း သုံးလို့ရသလား။ ၁ လလုံး သောက်ရတဲ့ ဆေးတွေကို မသောက် ချင်ပါဘူး။ ဘယ်လိုဆေးတွေ သောက်လို့ရလဲဆိုတာကိုလည်း ဖြေကြားပေးပါရှင့်။

- Ecee 2 ဆေး အချိန်စောသောက်တာ စိုးရိမ်စရာ မဖြစ်ပါ။ နောင်ဆိုရင် ဘယ်ဆေးမဆို တိတိကျကျ လိုက်နာသုံးစွဲပါ။
- ဆေးသောက်ပြီး ရာသီလာမှတော့ ဒိအရင်က ဆက်ဆံတာမှန်သမျှကနေ ကိုယ်ဝန်မရစေတော့ပါ။
- ဆေးသောက်လိုက်လို့ ရာသီရက်တွေပြောင်းပါတော့မယ်။ အရင်က လာတတ်တဲ့ရက်လဲ ပြောင်းနိုင်ပါတယ်။
- အရေးပေါ်တားဆေးသောက်ပြီး ပဌမလမှာ ရာသီများပါလိမ့်မယ်။ နောက်ဆိုရင် အရင်လိုဘဲ ပြန်လာမှာပါ။
- ရင်သားနာတာ ကိုယ်ဝန်ကြောင့်သာမဟုတ်ဘဲ တားဆေးကြောင့်လဲ နာတတ်ပါတယ်။
- Ecee 2 လို အရေးပေါ်တားဆေးမှန်သမျှ အရေးပေါ်ကလွဲရင် မသုံးသင့်ပါ။ ရေးထားပါတယ်။ ပုံမှန်တားနည်းတွေလဲ ရေးထားပါတယ်။

Sun, Feb 19, 2012 at 4:09 PM
ကျွန်တော် လိင်ဆက်ဆံပြီးနောက် တရုတ်မှထုတ်သော 5 million ဆေးပြား ၄ ပြားခန့် သောက်မိပါတယ်။ ယင်း ဆေးပြားများဟာ window period အား ကြာရှည်စေနိုင်လား သိချင်ပါတယ်။ HIV ပိုးရှိ-မရှိဆေးစစ်ရာမှာ မည်ကဲ့သို့ သက်ရောက်စေမလဲဆိုတာ သိချင်ပါတယ်။

အဲဒီဆေးကို မသိပါ။ သေခြာတာက ဆရာတို့လို ဆရာဝန်တွေက အဲလိုဆေးမျိုးတွေကို မသိ-မသုံး-မညွှန်ကြပါ။

Sun, Feb 19, 2012 at 3:27 PM
Circumcision အတွက် ဆေးနည်းလေး သိပါရစေ။

Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃)

Sun, Feb 19, 2012 at 10:21 AM
ကျွန်တော့် အသက်က ၃၄ ရှိပါပြီ။ ၂ဝ၁၁ November, December နှစ်လအတွင်းမှာ အမျိုးသားအချင်းချင်း ၅ ခါခန့် လိင်ဆက်ဆံမိပါတယ်။ ဆက်ဆံရာမှာ Condom မသုံးမိခဲ့ပါဘူး။ ယ္ခု ကျွန်တော့မှာ မည်သည့် ရောဂါလက္ခဏာမျှ မပြသေးသော်လည်း HIV ရှိ-မရှိ ဆေးစစ်ချင်ပါတယ်။ ဆေးစစ်ရာတွင် window period အတွင်းစစ်ဆေးပါက ရောဂါပိုး ရှိ-မရှိ မသေချာဟုလည်း ကြားသိရသောကြောင့် မည်သည့် အချိန်တွင် သွေးဖေါက် ဆေးစစ်ခြင်းပြုလုပ်ပါက HIV ရောဂါပိုး ရှိ-မရှိအဖြေ သိရှိနိုင်မည်ကို မေးမြန်းလိုပါတယ်။ လိင်ဆက်ဆံရာတွင် ပါးစပ်ဖြင့် ဆက်ဆံခြင်းပါ ပြုလုပ်ခဲ့မိပါတယ်။

• HIV Summary အတိုချုပ်
• HIV and Oral Sex ပါးစပ်သုံးပြီး လိင်ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ)
• HIV and AIDS ခုခံစွမ်းအားကျ ဗိုင်းရပ်စ် နဲ့ ရောဂါ
• HIV Tests (1) စမ်းသပ်နည်းများ
• HIV Tests (2) အမေး-အဖြေ
• HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ

Sat, Feb 18, 2012 at 9:15 PM
သား Penis ရဲ့ ထိပ်မှာ အဖုသေးသေးလေးတွေ ပေါက်နေလို့ပါခဗျာ။ နာတော့ မနာပါဘူး၊ တစ်ခါမှကို မနာတာပါ။ ၃ နစ်လောက်ရှိပေမဲ့ ဘာမှတော့ ထူးထူးခြားခြား မဖြစ်သေးပါဘူး။ သေချာကိုင်ကြည့်ရင် အသား ပိုလို ဖြစ်နေပါတယ်။ Penis ထိပ်မှာ ဝိုင်းပြီးတော့ ပေါက်နေတာ။ ဒါပေမဲ့ လုံးပတ်အပြည့် မဟုတ်ပါဘူး။ အဲ့ဒါ ဘာရောဂါဖြစ်နိုင်မလဲလို့။ သားအသက်က ၁၉ ပါခဗျာ။ အရင်က တွေ့ရာလျှောက်ဆော့တော့ ဒီလို အဖုလေးတွေ ပေါက်လာတာပါ။ သားပြောတတ်တာကတော့ ဒါအကုန်ပါပဲခဗျာ။

ကိုယ့်ကိုယ်ကို မိတ်ဆက်တာက အရင်မလာလို့ "သား" ဆိုတာ ကိုယ့်ကလေးအကြောင်းမေးတယ် ထင်လိုက်ရတယ်။
• Pearly Penile Papules (PPP) ကျား-အင်္ဂါမှာ ပုလဲကုံးလေးလိုဖြစ်နေတာ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၈)

Sat, Feb 18, 2012 at 2:03 PM
ဒီနေ့ Ultrasound ရိုက်ဖို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ မနက်က Duty ရှိလို့ သွားတော့ ကားပေါ်ရောက်တာနဲ့ ဗိုက်အရမ်းအောင့်လာပြီး စဆင်းပါတယ်။ ကျွန်မလည်း ကြောင်စီစီဖြစ်သွားပါတယ်။ ဗိုက်အရမ်းအောင့် တာနဲ့ Ultrasound မရိုက်နိုင်တော့လို့ အလုပ်ပြီးတာနဲ့ ပြန်လာခဲ့ပါတယ်။ ဘာဆက်လုပ်သင့်ပါသလဲဆရာ။ အခုဖြစ်နေတဲ့ ရက်အတွင်းမှာ Penorit, Misoprostol တစ်ခုခု သုံးလိုက်လို့ရမလား။ ဘာတွေဖြစ်နေ မှန်းတောင် ကိုယ့်ကိုကိုယ်မမှန်းတတ်တော့ပါဘူး။

စာ ၂ ခေါက်ဖတ်ရတယ်။ ကားပေါ်ရယ် ဆင်းတာရယ်ဆိုတော့ ဗိုက်နာလို့ ကားပေါ်ကဆင်းရသလား ထင်သွားတယ်။ ဆရာလည်း ကြောင်စီစီဖြစ်သွားပါတယ်။ သွေးဆင်းတာဆိုရင် ဘာဆေးမှ မသောက်ပါနဲ့။ ဗိုက်နာတာအတွက် Paracetamol/Ibuprofen တခုခုသောက်ပါ။ နားပါ။ ရေ-အရည် များများသောက်ပါ။ ဆင်းစရာမကုန်သေးတာဖြစ်မယ်။ ကုန်အောင်ဆင်းပါလိမ့်မယ်။ နောင်ဆိုရင် ဘာကိုဖြစ်ဖြစ် ကြိုတင် ဆင်ခြင်ပါ။

Sat, Feb 18, 2012 at 1:00 PM
ကျွန်တော် အသက်က ၂၂ ပါ။ အမျိုးသမီးနဲ့တော့ မဆက်ဆံဖူးဘူး၊ မိမိတစ်ယောက်ထဲ ဖြေသိမ့်တဲ့အခါမှာ မပြီးဆုံးခင် ပျော့သွားတာမျိုး ဖြစ်နေပါတယ်။ စိတ်ကတော့ရှိပေမယ့် ပျော့နေတော့ ခက်တယ်။ ဆရာပြောသလို မိန်းကလေးနဲ့ ဆက်ဆံကြည့်ရင်တော့ ထူးခြားမလားတော့ မသိသေးဘူး။ အပျော်မိန်းကလေးတွေနဲ့လည်း မဆက်ဆံချင်ဘူး။ ကိုယ့်ချစ်သူကြတော့လည်း အခွင့်အရေးမယူရက်တော့ ခက်နေတယ်ဆရာရေ။

အသက် ၂၂ မှာ အဲလိုရောဂါ မဖြစ်နိုင်ပါ။ စိုးရိမ်စိတ်မထားပါနဲ့။ စိတ်ထက်သန်နေရင် သန်မာမှုရမှာပါ။ လူကြီးတွေ သန်မာမှုနည်းတာ၊ မဖြစ်တာအတွက် ရေးထားတာတွေ အများကြီးရှိနေပါပြီ။ သုက်လွှတ်စော တာလဲ ရေးထားတယ်။ ဆေးနည်းတွေလဲ ရေးထားတယ်။ ဒီအရွယ်မှာ ဆေးတခုမှလိုစရာမရှိပါ။ တချို့မှာ ကိုယ့်ဖါသာပြုတာနဲ့ မိန်းကလေးပါတာ မတူတတ်ပါ။ ဆန့်ကျင်ဘက်လိင်နဲ့ဆိုရင် စိတ်ဖြစ်ပေါ်မှု၊ အင်္ဂါ သန်မာမှု သိသိသာသာ ပိုတယ်။

• ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် နောက်ခံ ကျန်းမာရေး ရာဇဝင်၊ ဥပမာ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင် ရှိ-မရှိ။ လိုအပ်ရင် နေတဲ့ တိုင်းပြည်။ ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဖုန်းဆက်ပြီး မေးတာ Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျန်းမာရေး နဲ့ ဆေးပညာ ရှာလိုတာ ရှိပါက Search ထဲမှာ မြန်မာလို-အင်္ဂလိပ်လို ရိုက်ပြီးရှာပါ။ အောက်ဆုံးမှာ မာတိကာရှိပါတယ်။

Fri, Feb 17, 2012 at 11:37 PM
ပန်းသေပန်းညှိုး လက္ခဏာကို သိချင်ပါတယ်။ ပြီးတော့လေ ကျွန်တော်လိင်တံကလေ ဟိုကိစ္စပြုနေစဉ် ပျော့သွားလို့ပါ။ (လက်နဲ့နော်)

Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးခြင်းဆိုတာ ယောက်ျား လိင်အင်္ဂါက သန်မာဘို့ ဖြစ်စေချင်စိတ် ရှိပေမဲ့ သန်မာမှု မရတာ၊ ဒါမှမဟုတ် အောင်မြင်တဲ့ လိင်ဆက်ဆံနိုင်အောင်အထိ သန်မာမှု မဖြစ်နိုင်တာပါ။ အဲဒီလို Consistent တောက်လျှောက် ဖြစ်နေတာကိုမှ ED လို့ သတ်မှတ်တယ်။ တခါတလေ အဲလိုဖြစ်တာက တမျိုး၊ ဥပမာ Fatigue အားကုန်နေချိန်၊ Anger စိတ်ဆိုးနေချိန်၊ Depression စိတ်ဓါတ်ကျဆင်းနေချိန် စတာမျိုးတွေမှာသာ သန်မှုမရနိုင်တာမျိုးကို မခေါ်ပါ။

အရင်ကလို Impotence လို့မခေါ်တော့ပါ။ ED က သူ့ချည်းသပ်သပ်ဖြစ်တာ၊ Mental disorders စိတ်ရောဂါတွေနဲ့တွဲတာ၊ Sexual dysfunction လိင်ရောဂါနဲ့တွဲတာ အမျိုးမျိုးရှိတယ်။ Substance-induced sexual dysfunction ဆေးဝါးသုံးလို့ လိင်မှုကိစ္စမမှန်တာနဲ့လဲ တွဲနေနိုင်တယ်။ ဖြစ်နေသူတွေမှာလဲ မတူတာတွေရှိမယ်။ လိင်အရေးကိုစချင်ကတည်းက သန်မာမှုမဖြစ်တာ၊ တချို့က ဆက်ဆံနေရင်း အဆုံးထိ ဆက်ပြီး သန်မာမှု မရှိတော့တာ၊ တချို့က ကိုယ်ဖါသာ အာသာဖြေရင် သန်မာပြီး အဖေါ်ကိုဆက်ဆံတော့ မသန်မာနိုင်တာ၊ အမျိုးမျိုး ရှိနိုင်တယ်။ နောင်မှာ မေးရင် အသက် စတာတွေပါထည့်ရေးပါ။

Fri, Feb 17, 2012 at 5:29 PM
ecee2 ဆေးနှစ်လုံးကို ၁၂ နာရီခြား မဟုတ်ပဲ ၂၄ နာရီခြားသောက်လို့ရလား။ အဲလိုသောက်မိရင် စိတ်ချမှုရာခိုင်နှုန်း ဘယ်လောက်ရှိလဲ။
By HIM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...