Tuesday, March 11, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၃)

သစ်ထူးလွင်


Posted: 11 Mar 2014 07:29 AM PDT
ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင် မဇင်းရပ်ကွက်၊ ရွှေသာလျောင်း ဘုရားလမ်း၊ ဓမ္မိကာရာမ ဘုန်းကြီးကျောင်းရှေ့တွင် (၁၁.၃.၂၀၁၄)နေ့ နေ့လည်(၁၂း၁၅)အချိန်ခန့် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ရွှေသာလျောင်း ဘုရားဘက်မှ မဇင်း(၁)လမ်း ဘက်သို့ ယာဉ်မောင်း သူရလှိုင်(၁၉)နှစ်၊(ဘ)ဦးအေးငွေ၊ တတိယနှစ်(ဓါတု Day ကျောင်းသား)၊ မြသပိတ်လမ်း၊ ကလျာဏီရပ်ကွက်၊ ပဲခူးမြို့နေသူေ
Posted: 11 Mar 2014 07:07 AM PDT
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဘင်္ဂလီ ကျေးရွာ (၂) ခုတွင် ယမန်နေ့ နေ့လယ်က မီးလောင်၍ အိမ်ခြေ ၁၀၃ ဆောင် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။ “ မီးလောင်တာက မနေ့က နေ့လယ် တစ်နာရီခွဲမှာ လောင်တာပါ။ အိမ်ခြေစုစုပေါင်း ၁၀၃ ဆောင်ပါသွားပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးကြီးက ပြောကြားသည်။ မီးလောင်သော ကျေးရွာများမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ရွာနဲ့ ပေါင်းမြောင်း ဘင်္ဂလီ ကျေးရွာတို့ ဖြစ်ကြသည်ဟုပြောသည်။
Posted: 11 Mar 2014 03:50 AM PDT
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်က လယ်သမား ၁၅၀၀ နီးပါးဟာ  မှတ်ပုံတင်ကြေး ပေးသွင်းပြီးပေမယ့် လယ်ယာမြေ လုပ်ခွင့်ပြုလက်မှတ် ပြန်မရသေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၉ နဲ့ ၃၀ မှာ လက်ရှိ လယ်ယာမြေကို အသုံးပြုခွင့် ရထားတဲ့ ဒေသခံတောင်သူ ၁၅၀၀ နီးပါးဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ရဖို့အတွက် မှတ်ပုံတင်ကြေး ပေးသွင်းပြီး ကျေးရွာအုပ်စု
Posted: 11 Mar 2014 03:48 AM PDT
ရန်ကုန်၊ မတ် ၁၀ အစိုးရသစ် တက်လာပြီးနောက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ရရှိရန်အတွက် လက်ရှိ လျှပ်စစ်ဓာတ်အား ရောက်ရှိနေသည့် နေရာအဆုံးမှ နှစ်မိုင်အတွင်း ရွာများကို လျှပ်စစ်မီး ရရှိရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။ အဆိုပါ စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အရ ဘဏ်များထံမှ ငွေချေးယူ၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
Posted: 11 Mar 2014 03:46 AM PDT
မြစ်ကြီးနား၊ မတ် ၁၀ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း မေခမြစ်ကမ်းဘေး လမ်းဖြစ်သော မံဝိန်း- ချီဖွေ ကားလမ်းအပိုင်း ရှငေါ်ရွာတွင် ရွှေတူးဖော်ရေး ကုမ္ပဏီများက စက်ယန္တရားများဖြင့် ရွှေတူးဖော်မှုကြောင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအပိုင် လမ်းနယ်များ ပျက်စီးလျက် ရှိကြောင်း ရှငေါ်ရွာ ဒေသခံများထံမှ သိရသည်။ ကုမ္ပဏီများက လမ်းနယ်များ အတွင်းသို့ ဝင်ရောက် ရွှေတူးဖော်မှုကြောင့် ကမ်းပါးယံများ ပြိုကျကာ ယခင်လမ်းနှင့်
Posted: 11 Mar 2014 03:42 AM PDT
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံမြစ်မှ တစ်ဆင့် ပင်လယ်ဝအတွင်း ငါးဖမ်းထွက်ရင်း မုန်တိုင်းမိ၍ ပင်လယ်ပြင်မှ တစ်ဆင့် သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိ သွားသော မြန်မာ ရေလုပ်သား အမျိုးသား ခုနစ်ဦးသည် သီရိလင်္ကာရှိ မြန်မာ သံရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနတို့ အစီ အစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါ ေ
Posted: 11 Mar 2014 03:39 AM PDT
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂) ရပ်ကွက်၊ ရန်အောင် မြေ ၂ လမ်း အတွင်း ၂၀၁၄ မတ် လ ၅ ရက် နံနက် ၆ နာရီခန့်အချိန် မိမိဇနီးကို ဓားဖြင့်ထိုးပြီး မသေ မချင်းသတ်ဖြတ်ထွက်ပြေးတိမ်း ရှောင်သွားသူကို ပြည်နယ်ရဲတပ် ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။ မတ်လ ၅ ရက် နံနက် ၈ နာရီအချိန်အခင်းဖြစ်ပွားသည့် အိမ်ရှိမဇာဇာခိုင်သည် အိမ်သန့် ရှင်းရေးပြုလုပ်နေစဉ် အစ်မ (အရင်း) ဖြစ်သူ မချောချောခက်
Posted: 11 Mar 2014 01:47 AM PDT
မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာ တပုဒ်လို ဖြစ်နေ ပါတယ်။ လူပေါင်း ၂၃၉ ယောက်တင်ဆောင်ထားတဲ့ ဧရာမ လေယာဉ်ကြီးဟာ ကောက်ရိုး ပုံထဲ ကျသွားတဲ့ အပ်လို အစအနတောင် ရှာမရပဲ ပျောက်ခြင်း မလှကြီး ပျောက် နေ တာဟာ သာမန်လူတွေ အတွက်သာ မကဘဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်လာနေပါတယ်။ မကြာခင်တုန်းက ပင်လယ်ပြင်မှာဆီကွက်ကြီးတွေ့တယ်လို့ ပြောခဲ့ပေမဲ့
Posted: 11 Mar 2014 01:44 AM PDT
လက်ပံတောင်း ကြေးနီ စီမံကိန်း အတွင်းရှိ လယ်တီသိမ် ကို စတင်ရွှေ့ဖို့ အတွက် အစီရင်ခံစာ အကောင်အထည် ဖေါ်ရေး ကော်မတီက ဆုံးဖြတ်ပြီး လယ်တီသိမ် ဘေးနားရှိ စေတီ နှစ်ဆူ ကို စတင်ဖျက်နေတဲ့ အကြောင်း ဒေသခံ တွေ က ပြောပါတယ်။ ဒေသခံတွေ ရဲ့ ဆန္ဒသဘောထား နဲ့ အညီ ဆောင်ရွက်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မတီ ရဲ့ အစီရင်ခံစာ မှာ အတိအလင်း ပါပေမဲ့၊ အကောင်အထည်ေ
Posted: 11 Mar 2014 01:14 AM PDT
ရန်ကုန်၊ မတ် ၁၀ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင်
Posted: 11 Mar 2014 01:11 AM PDT
ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန် ရန်ကုန်မှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်အနီး ဂျပန်က တည်ဆောက်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြေငှားရမ်းပြီး ချည်မျှင်နဲ့ အထည်စက်ရုံလုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ South China Morning Post သတင်းက ဖေါ်ပြ ပါတယ်။ အခုလို ရန်ကုန်မှာ လာရောက် ရင်းနှီးမြှုပ်နှံတာဟာ အလုပ်သမား လုပ်ခ ဈေးပေါတဲ့အတွက် ဟောင်ကောင်
Posted: 11 Mar 2014 01:10 AM PDT
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် East West Center က ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ မှာြေ
Posted: 11 Mar 2014 12:50 AM PDT
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲတပ်ရင်း ဆောက်လုပ်ဖို့ အဓမ္မ မြေသိမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်က အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက နေပြည်တော်မှာ တောင်းဆိုနေကြပါတယ်။  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတပ်ရင်းတခု တည်ဆောက်ဖို့ အာဏာပိုင်တွေ မြေယာ အကြမ်းဖက်သိမ်းဆည်းခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီမြေသိမ်းမှုနဲ့ ပတ်သက်ပြီး
Posted: 11 Mar 2014 12:47 AM PDT
ရန်ကုန်၊ မတ် ၁၀ စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။ “ဈေးသည်တွေက ရိုးနေပြီ၊ သတင်းထွက်တဲ့ ခဏတော့ ငြိမ်မယ်။ ပြီးရင်ြ
Posted: 11 Mar 2014 12:43 AM PDT
ရန်ကုန်၊ မတ် ၁၀ ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ
Posted: 10 Mar 2014 05:33 PM PDT
ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ သိမ်းပိုက်ထားထားတဲ့
Posted: 10 Mar 2014 01:44 PM PDT
မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက်သွားတဲ့ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ်ကလောင်စာဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ်စုံစမ်းနေသူတွေက ကောက်ချက်ချလိုက်ပါတယ်။ ထိုင်းပင်လယ်ကွေ့ရေပြင်မှာ တွေ့ရတဲ့ဆီတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တော့ ဒီဆီတွေဟာ သင်္ဘောတွေမှာအသုံးပြုတဲ့ေ
Posted: 10 Mar 2014 01:55 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။ အဲ့ဒီလယ်သမား ၃ ဦး အမှုကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ခင်ဦးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒုတာဝန်ခံ ဦးမြင့်ချွန်က အမိန့်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။ "ေ
Posted: 10 Mar 2014 01:53 PM PDT
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။ "ရွေးကောက်ပွဲက တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊
Posted: 10 Mar 2014 01:40 PM PDT
သုံးခွမြို့နယ်တွင် ဗိုက်မကြာခဏအောင့်သည်ကိုမခံစားနိုင်သဖြင့် အဆိပ်သောက်ကာ မိမိ ကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၆ ရက် နေ့က ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် သုံးခွမြို့မရဲခစန်းက ဒုရဲအုပ်နိုင်ဦး နှင့်အဖွဲ့ သည် အဆိပ်သောက်သုံးသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ် ဆေးခဲ့ သည်။ စုံစမ်းချက်အရ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးြ
Posted: 10 Mar 2014 01:35 PM PDT
လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် စကားများသည့် ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လှည်းကူးမြို့နယ် ဖောင်ကြီးနယ် မြေရဲစခန်းမှ ဒုရဲအုပ် နေစိုးနှင့်အဖွဲ့သည် ကတက်ခေါင်း တောစခန်းတွင်လူတစ်ဦး ဆွဲကြိုးချ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ် ဆေးခဲ့သည်။ စုံစမ်းချက်အရ အဆိုပါ တောစခန်းရှိ အမြင့် ၁၂ ပေ ခန့်ရှိ
Posted: 10 Mar 2014 01:30 PM PDT
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။ မင်ဒါနို ကျွန်းပေါ်က ရဲစခန်းကို New People Army လို့ခေါ်တဲ့ အဖွဲ့က သူပုန်တွေ ဒါဇင်နဲ့ချီပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ပြန်အဆုတ်မှာ နောက်က လိုက်တဲ့ စစ်တပ်က စစ်သားတချို့ဟာ လမ်းနံဘေးမှာ ထောင်ထားရစ်ခဲ့တဲ့ မိုင်းဗုံးကွဲမှုကြောင့်ေ
Posted: 10 Mar 2014 01:27 PM PDT
ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ Crimea ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Myhkailo Malyshev က တနင်္လာနေ့မှာ ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေက Crimeaေ
Posted: 10 Mar 2014 01:26 PM PDT
မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံမဲပေးပြီး ရွေးချယ်လိုက်ပါတယ်။ မဲဆန္ဒနယ် ၆၈၇ နယ်မှာ တနယ်ကို ဝင်ရောက်ယှဉ်ပြိုင်သူ တဦးစီပဲရှိတာကြောင့် ရုပ်ပြသက်သက်ဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေအနေနဲ့
Posted: 10 Mar 2014 01:16 PM PDT
မတ်လ(၁၁)ရက်နေ့ ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...