Monday, February 17, 2014

"Politicians for Sasana"

- ဒီမို ခေတ်ရောက်မှ တို့ ကိုယ်တော်တွေလည်း နံပြားဖုတ်မယ့် ဂျုံလုံးဘ၀ လုံးလုံးရောက်တော့တာပဲ..။ ထုလိုက်၊ လှိမ့် လိုက်၊ ပြားလိုက်၊ လုံးလိုက် နဲ့ နောက်ဆုံး မီးဖိုထဲ ရောက် အကင်ခံရမှပဲ ဇတ်လမ်းက ပြီးတော့မယ်ထင်တယ်...။

- သံဃာဆိုတာကို ကြည်ညိုဖို့ ၊ ပြုစု စောင့်ရှောက်ဖို့  ၊ ပျိုးထောင်ဖို့ ထက် သူတို့ လိုအင်၊ သူတို့ အကျိုးအတွက် လိုအပ်ရင်သုံးဖို့  ချနင်းမယ့် သူတွေနဲ့ ပေါင်းမှတော့ သူတို့ လက်ခုပ်ခဲက ရေ ဘ၀ ရောက်တော့တာပေါ့..။


- "လာဘ၊ မာတု (မာတုဂါမ)၊ ဤနှစ်ခု ၊ ဘိက္ခု သေမင်း ဓါးနှစ် စင်း" တဲ့..။ မိန်းမ နဲ့ လာဘ်လာဘ ဆိုတာ ရဟန်းတစ်ပါး ရဟန်းအဖြစ်ကို ဆုံးရှုံးရခြင်းအတွက် ကြီးမားသော အကြောင်းတရားတွေပေါ့လေ..။ ဒါက တသီးပုဂ္ဂလ (Individually) ရဟန်းအတွက် ရှောင်ရှားရမယ့် အနီးဆုံးအန္တရာယ် ၂ခုပေါ့..။

- သံဃာ ဆိုတဲ့ အဖွဲ့ အစည်းကြီး (Organization) အတွက်တော့ သန်သန်မာမာ ကျန်းကျန်းမာမာ ရှိဖို့ ဆိုရင်ရှောင်ရှားရမယ့် အရာကတော့.. နိုင်ငံရေးသမားပဲ...။ နိုင်ငံရေးသမား ဆိုတဲ့အထဲ ဇဆပလ ခေတ်က စလို့  မျိုးချစ်၊ ဒီမို၊ မွတ်ဒေါင်း၊ ဖွတ်စိမ်း အစရှိသူ နိုင်ငံရေးသမားအားလုံးပါတာပဲ..။

- ၂၀၀၇ အရိပ်ကို ခိုတဲ့ ဒေါ်စုဦးစီးတဲ့ ဒီမိုတွေအားလုံးဟာ သံယာ့ အင်စတီကျူးရှင်းကြီးအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်သလို မျိုးစောင့် ခေါင်းစဉ်နဲ့ နိုင်ငံရေးသမားတွေကလည်းမသေးလှတဲ့ အန္တရာယ်ပဲ။ အစိုးရဆိုတဲ့ အာဏာပိုင်အဖွဲ့ ဆိုရင် ပိုဆိုးတော့မပေါ့...။

- ဒီနိုင်ငံရေးသမားတွေအားလုံးဟာ သံဃာ နဲ့ ပတ်သက်လာရင် ဘာနဲ့ တူသလဲဆိုတော့ "အရဟဓဇ" ကို လက်နှီးစုတ် လုပ်သုံးတဲ့သူတွေချည်း။ ကိုယ့်လက်အပူမလောင်ဖို့  လိုအပ်မှ အကာအကွယ်အနေနဲ့  သုံးတာ..။ ကျန်တဲ့အချိန် ပြာပုံထဲ ထားခဲ့မှာ..။ မီးလောင်ဖေါက် အပေါက်ပေါက်နဲ့ သံဃာက ဇတ်သိမ်းကျန်ခဲ့မှာ...

- ဒီနိုင်ငံရေးသမားတွေ အားလုံးမှာ သက်ဆိုင်ရာ နိုင်ငံရေးအယူဝါဒတွေသာကွဲမယ်...သံဃာ နဲ့ ပတ်သက်ရင်အားလုံးတူညီစွာကျင့်သုံးတဲ့အရာတစ်ခုရှိတယ်..။ အဲဒါကတော့...သံဃာ အားကို သူတို့ နိုင်ငံရေးလမ်းကြောင်းအတွက် လမ်းခင်းအုတ်လုပ်ချင်လာရင် ဘုရားဟော ပါဠိ အကိုးအကားတွေ၊ လောကီ နိုင်ငံရေးစကားလုံတွေနဲ့ အကြောင်းကောင်းပြ (Rationalize) လုပ်လာ တော့တာပဲ...။ ဦးနုတို့ ကစလို့ ၂၀၀၇ အလယ် လက်ငင်း အဖြစ်အပျက်တွေအဆုံး အားလုံးက သံဃာတော်တွေ တရုန်းရုန်းပါဝင်လာတာကို သင့်မြတ်လျှော်ကန်ပါတယ်လို့  ဝေေ၀ဆာဆာ တင်ပြကြတာချည်း (justification)။

- သံဃာ ဆိုတာ တူညီတဲ့ ပန်းတိုင်တစ်ခုဆီကို သွားရာမှာ အဖွဲ့ ဝင်အချင်းချင်း
ယိုင်းပင်းကူညီဖို့ ၊ ဖေးမ စောင့်ခေါ်ဖို့  စုစည်းသွားလာနေတဲ့ ခရီးသွားအုပ်စုပဲလေ။ ကွန်မြူနီတီ တစ်ခုပဲလေ..။ နိုင်ငံရေးသမားဆိုတာ သံဃာ အတွက်က ပလီပလာ ပခြုပ် ဖာ မျှပဲ...။ ခရီးသွားဟန်လွဲ ထင်းခွေသမ အတွက်နဲ့ ကိုယ့်ပင်မ လမ်းပေါ်ကဆင်း တဲ့အဖြစ်မျိုး။

- ဒေါ်စုကို ဗမာမကြီးမို့ အောင်ဆန်းသမီးမို့ နှစ်သက်နိုင်တယ်။ ဒါပေမယ့် သံဃာ အတွက်တော့ ကြီးမားတဲ့ ဆူးကြီးတစ်ချောင်းဆိုတာ မမေ့ပါနဲ့ ။ မျိုးစောင့်အုပ်စုဟာလည်းပဲ အမျိုးကို ချစ်တာခြင်းမို့ ပေါင်းသင်းနိုင်တယ်။ ဒါပေမယ့် ဒီ နိုင်ငံရေးသမား တွေဟာလည်းပဲ သံဃာ အတွက် ကြီးမားတဲ့ အန္တရာယ်ပဲပေါ့..

- အောင်ဆန်းဟာ အောင်ဆန်း ဖြစ်ခဲ့တာ ဒီလို ပခြုပ် ဖာ မဟုတ်ခဲ့လို့ ပဲ..။ သံဃာ အတွက် နိုင်ငံရေးသမား မဟုတ်တဲ့ နိုင်ငံရေးသမားဟာ အောင်ဆန်းပဲရှိခဲ့တယ်။ ခုချိန်ထိလည်း မပေါ်သေးဘူးလေ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...