Myanmar Youth Media Club 03 Feb 2014
MYMC - MYMHOT |
|
Posted: 03 Feb 2014 07:00 PM PST
Ethiology (စတင် ဖြစ်ပွားပုံ) : မသိရှိရသေး။
Age of Onset (ဖြစ်ပွားနိုင်သော အသက်အရွယ်) : လူငယ်ပိုင်းတွင် အများဆုံးတွေ့ ရပါသည်။ ပြီးခဲ့သော လေ့လာမှုများ အရ အရွယ် မရွေး ဖြစ်ပွား နိုင်ကြောင်း တွေ့ရ။
Risk factors :
၁။ အသက် အရွယ်က အများဆုံး အန္တရာယ် ရှိတဲ့ ဖြစ်နိုင်ချေပါ။ တခြား ဟာတွေက
(a)ပညာ တွဲဖက် သင်ကြားခြင်း
(b) Cell Phone များ
(c) ရုပ်ရှင်များ
(d) Internet တို့ ဖြစ်ပါတယ်။
" ဖုန်းကနေ တဆင့် ကူးစက် နိုင်တာကို မှတ်ထား သင့်ပါတယ်။"
Pathology:
ကိုယ်တွင်း အင်္ဂါ အစိတ် အပိုင်း အားလုံး ကို ပျံနှံ့ ထိခိုက် စေပါသည်။
Clinical Features
Symptoms:
A) အများဆုံး တွေ့ရတာက နှလုံး ဆီက နာကျင်မှုကို လူနာက အရမ်း အရသာရှိတဲ့ နာကျင်မှုလို့ ထင်မှတ် နေတာပါ။
B) အစား အသောက် ပျက်ခြင်း
C) အိပ်စက်မှု လျော့ကျခြင်း
D) စိတ်ကူးယဉ်ခြင်း
E) အလုပ်များကို စိတ်မ၀င်စား တော့ခြင်းနဲ့ အဲ့ဒီက မှတဆင့် လူနာကို ကဗျာ ဆရာ အသွင် ပြောင်းသွား စေတဲ့ အန္တရာယ် ရှိပါသည်။

Signs:
A) မျက်လုံး သူငယ်အိမ် အလွန် ပြူးကျယ် လာခြင်း
B) ပါးများ နီမြန်း လာခြင်း (အမျိုး သမီး များတွင် အများဆုံး တွေ့ရ).
C) နားကြပ်ဖြင့် စမ်းသပ် သည့်အခါ : ပထမဆုံး နှလုံး ခုန်သံသည် LUB ဟုမြည်ရမဲ့ အစား Love လို့ မြည်နေခြင်း
D) တစ်ယောက်ထဲ ပြုံးနေခြင်းများ ပဲဖြစ်ပါသည်။
Pathogenesis and Clinical Course:
The Disease is gradual in onset.
ဒီရောဂါက ဖြေးဖြေးချင်း ဖြစ်ပွားတာ ဖြစ်ပါတယ်။ လူနာမှာ အစာ စားလိုစိတ် လျော့ကျခြင်း၊ အိပ်ရေး ပျက်ခြင်း တွေကို စတင် တွေ့ရပါမည်။ အချိန် ကြာလာ တဲ့အမျှ တစ်ကိုယ်လုံးကို ပျံနှံ့ သွားပြီး တခြားသော ရောဂါ လကဏ္ခာ တွေ စတင် ဖြစ်ပေါ် ပါတယ်။ အထူး သဖြင့် လူနာက နှ လုံးသား အပြင်ဘက်ကို ရွှေ့သွားတယ်လို့ ထင်မြင် နေပါမယ်။ လူနာရဲ့ နှလုံးသား ဟုထင်မြင် ထားသူ ရှေ့မှာ မျက်လုံး သူငယ်အိမ်မှ အမျှင် ကြော radial fibres of the iris muscle တွေ ကျုံ့သွား တာမို့ သူငယ်အိမ်က ပြူးကျယ် နေတာ ဖြစ်ပွား ပါတယ်။ မျက်လုံးက ပွင့်နေပြီး မျက် တောင် ခတ်ဖို့ ခဲယဉ်း နေပါမယ်။ Zygomaticus major muscle တွေ အလိုလို ကျုံ့သွားမို့ လူနာ ဟာ အစဉ်ပြုံး နေပါမယ်။ ဒါကို Smile at Sight Phenomenon လို့ခေါ် ပါတယ်။ ထို့အပြင် လူနာဟာ သူရဲ့ချစ်သူရှိရာ ရောက်တဲ့ အခါ action potentials တွေအလုပ်လုပ်လို့ နှလုံး ခုန် နှုန်းတွေ မတည်မငြိမ် ဖြစ်ကာ ပုံမှန်နှလုံး ခုန်နှုန်းတွေ ပျောက်ဆုံး နေပါမယ်။ နှလုံး ကြွက်သား တွေကို Microscopic examinationနဲ့ကြည့် တဲ့ အခါ pacemaker tissue တွေက ပုံမှန် မဟုတ်ပဲ ROMANTIC SPOTS တွေနဲ့ ပြည့်နေပြီး ဒါက နှလုံး ခုန်သံ မမှန်တာရဲ့ အကြောင်း ဖြစ်ပါတယ်။ လူနာက ခံစား လွယ်လာပြီး နှလုံးမှာ ထိုးထိုး အောင့်တဲ့ နာကျင်မှုကို ခံစား ရလေ့ ရှိပါတယ်။ ဒီနာကျင်တဲ့ ခံစားချက်ဟာ ကာလ ကြာတာနဲ့ အမျှ တိုးလာပါမယ်။ နောက်ဆုံး အဆင့်မှာ ဦးနှောက် ကိုပြန့်နှံ့ပြီး ကုသမှု မခံယူရင် လူနာ အတွက် ပိုမို ဆိုးဝါးတဲ့ အခြေ အနေကို ရောက်ရှိ စေမှာ ဖြစ်ပါတယ်။

Treatment (ကုသမှု):
လက်ထပ်ခြင်း ဆိုင်ရာ ကုထုံး ကတော့ ရာနှုန်းပြည့် ပျောက်ကင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကုထုံးက အသက် ၂၂ နှစ်နဲ့ အထက် များမှာပဲ သင့်လျှော်ပြီး အဲ့ဒီ အရွယ်ထက် ငယ်သူများမှာ သုံးမယ် ဆိုရင်တော့ မလိုလား အပ်တဲ့ ဆိုးကျိုး (adverse effect) ရှိနိုင် ပါတယ်။
Preventive Measures ( ကာကွယ် နိုင်မဲ့ နည်းလမ်းများ) :
ဒီရောဂါကို နည်းလမ်း အမျိုးမျိုးနဲ့ ကာကွယ် ဖို့ကြိုးစား နေဆဲပါ။ WLO (World Love Organization) မှ ကျွမ်းကျင် သူများရဲ့ အဆိုအရ ဒီ ရောဂါက အသက် အရွယ် အပိုင်း အခြား တစ်ခုမှာ ဖြစ်ကို ဖြစ်ပွား တတ်ပြီး ကာကွယ်နိုင်ဖို့ နည်းလမ်းကိုတော့ ယေဘုယျ အားဖြင့် ကာကွယ် နိုင်ဖို့ မဖြစ်နိုင် သလောက် ပါပဲ။ ရောဂါ ဖြစ်ပွား လာရင် ပိုဆိုး မလာအောင် ကာကွယ်ဖို့ နည်းလမ်း တွေသုံးတဲ့ အခါ ရောဂါက ပိုဆိုးလာတာ မျိုး ရှိပါသေးတယ်။ ဒါကြောင့် ဒီ interventional measures တွေကို မသုံးဖို့ အထူး တားမြစ် ထားပါတယ်။
Complication:
love syndrome ရဲ့ Complication တွေက အပျော် လွန်ခြင်း၊ ငွေကြေး အကျပ် အတည်း ဖြစ်ခြင်း၊ ရူးကြောင်ကြောင် အသွင် ပေါက်လာခြင်း၊ အစား ပျက်ခြင်း နဲ့ အအိပ် ပျက်ခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ဖြစ်တဲ့ Acute romantic failure က ကိုယ့်ကိုယ်ကို သတ်သေ စေမှုကို ဖြစ်စေ ပါတယ်။ အသက်ရှင် သွားရင် တစ်သက်တာလုံး အတွက် ရောဂါ ကာကွယ် နိုင်တဲ့ ကိုယ်ခံ စွမ်းအား ရရှိသွားပါတယ်။ :P

Images from ievolve, profmpiya, woordup, psychologies. Source: medicalhumour.wordpress.com

0 comments:
Post a Comment