သူချန်ထားရစ်တဲ့နေရာ
Kyar Phyu Nwe was tagged in Ko Zaw Nyi Nyi's photo.
"ထားခဲ့ပါလို့ကျွန်တော်ဘယ်တော့မှမပြောဘူး။ ချန်ထားခဲ့တယ်ဆိုမှတော့ ကျန်ထားခဲ့တဲ့သူအတွက် အချစ်တွေကျန်နေတာသေချာတယ် ။ အမှန်တော့ ကျွန်တော်ရင်ဘတ်ကနေ ထွက်သွားတယ်ဆိုရင်တောင် "အစ်မ"ခြေရာတွေက နှလုံးသားမှာထင်ကျန်နေမှာအမှန်ဘဲ။ ထားခဲ့သည်ဖြစ်စေ မထားခဲ့သည်ဖြစ်စေ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အသိတစ်ခုနဲ့ဆို ကျွန်တော်အသက်ဆက်ရှင်သန်နေနိုင်တယ်။
ဘယ်လိုပြောပြောမရတော့ဘူလာကလေးရယ်။ အစ်မမှာ မင်းမြင်တဲ့အတိုင်း ကလေးတစ်ယောက်ရှိတယ်။ ဒီကိုလာ တယ်ဆိုတာကလည်း သံသရာတွေမရှည်ချင်တော့လို့။ ပတ်ဝန်းကျင်မှာလည်း ကလေးတစ်ယောက်အမေနဲ့ မင်းကို သမုတ်ခံရမှာဆိုးလို့ လာရှင်းပြတဲ့သဘောဘဲ။ မင်းညညအစ်မအိမ်ရှေ့ မှာ ဂီတာတဂွမ်ဂွမ်ဆိုတော့ ရပ်ကွက်ထဲကလည်းအစ်မကိုပြောလှပြီငါ့မောင်ရယ်။ မင်းအစ်မကိုတစ်ကယ်ချစ်တယ် ဆိုရင် ဒီတိုင်းလေဘဲ ရှေ့ဆက်မတိုးဘဲနေပေးပါ။
အစ်မကိုကျွန်တော်ပြောထားပြီးပြီဘဲဗျာ။ အစ်မကသာ ကျွန်တော်ကို မချစ်ဘူးလို့တစ်ခွန်းပြောလိုက် တစ်သက်လုံး ဒီမျက်နာကိုမမြင်စေရဘူး။အစ်မလည်း မချစ်တာမဟုတ်ဘူး။ ချစ်ရဲ့သားနဲ့ဗျာ။ အချစ်မှာ ပျိုတာတွေ အိုတာတွေ ကလေးရှိတာတွေ မရှိတာတွေ မလိုအပ်ဘူးတင်တယ်။ အစ်မကျွန်တော့်ကိုချစ်နေတယ်ဆိုရင် အရာ အားလုံးကို အဆင်ပြေအောင်စွမ်းဆောင်နိုင်တဲ့ ခွန်အားကျွန်တော်မှာရှိတယ်။ တစ်ခုဘဲဘေးနာမှာတော့ အေးတူ ပူမျှ အစ်မ နေပေးဖို့လိုတယ်။
အရက်သောက်ထားလို့ အာသွက်နေတယ်လို့တော့မပြောနဲ့နော်အစ်မ။ အစ်မနားမှာဆို သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ ရင်ခုန်သံတွေမြန်တာတော့သေချာတယ်။ သေချာအောင်နောက်တစ်ခါထပ်ပြောမယ်။ခု တစ်ခါငြင်းတယ်။ ရတယ်ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ နောက်ရက်တွေလည်းအစ်မ နားမှာကျွန်တော်ရှိနေ မှာဘဲဗျ။ ကျွန်တော်ပြောချင်တာတွေဘဲဇွတ်ပြောနေလို့ထင်တယ်။ အစ်မလှည့်ထွက်သွားတယ်။ ဆံနွယ်တစ်ချို့ ကျွန်တော် ကျွန်တော်ရှေ့မှာ ဝှေ့ကနဲ့လွင့်လာတယ်။
ချစ်လိုက်တာအစ်မရယ်။ ကလေးတစ်ယောက်အမေဆိုတာ ကျွန်တော်ဘယ်လိုယုံရမလည်းဗျာ။ အစ်မနဲစတွေ့တဲ မိုးတွေရွာတဲ့နေတစ်နေ့က ကလေးကိုမိုးမိမှာဆိုလို့ သူမိုးကာအကျီကို ကလေးကိုခြုံပေးပြီး အစ်မတစ်ကိုလုံးစိုရွဲနေတဲ့ အချိန်မှာကျွန်တော်ထီးတစ်ချောင်ကို စေတနာသန့်သန့်နဲ့သွားပေးဖြစ်တယ်။ကျွန် တော်ကို ဘယ်လိုမြင်သွာသည်မသိ ပေးတဲ့ထီးကိုပုတ်ထုတ်ပြီး စူးရှရှအမြင်ဆိုးနဲ့ကြည့်သွားတဲ့ မျက်ဝန်းနှစ်ဘက်က ရင်ထဲကို အော်တိုရောက်သွားတယ်။
နောက်ကနေလိုက်ပြီး အစ်မနေတဲ့အိမ်ကိုသွားကြည့်တယ်။ကျွန်တော်သူငယ်ချင်းအိမ်နဲ့ကပ်လျှက်မို့ပိုပြီးတောင် အဆင်ပြေတယ်။ နောက်ရက်တွေမှာသူငယ်ချင်းအိမ်မှာသွားသွားပြီးတော့ မ သီချင်းတွေ သွားသွားဆိုတဲ့နောက် ပိုင်း ရင်ခုန်သံတွေက ပိုမိုမြန်ဆန်လာတယ်။ “အေးကွာသူတို့အိမ်မှာကလေး သုံးနှစ်သားတစ်ယောက်ရယ် အဖွားကြီးတစ်ယောက်ရယ် မင်းအစ်မရယ်ဆိုတော့သုံးယောက်ဟ။
သူစိမ်းယောက်ျားဝင်ထွက်တာလည်းမရှိဘူး။ ကလေးကတော့ မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ မင်းအစ်မနဲ့နေတာဆိုတော့ သူကလေးဖြစ်ဖို့များတယ်။ကလေးလေး ကလည်း သူနဲ့တော်တော်တူတယ်ချစ်စရာလေး”ကျွန်တော် အောင်သူကို နာရင်းတစ်ချက်အုပ်လိုက်တယ်။ “ဘာချစ်စရာလေးလည်းကွ။
ငါမြတ်နိုးပါတယ်လိုပြောထာတာကိုမင်းက နာဘူးထချင်နေတာလား” “ဟဟ မင်းသာကြိုက်ကလေးအမေကို ငါတို့ရူပါနဲ့ဆို အပျိုလေးတွေတန်းစီနေတာကွ ဟဲဟဲ” အမြင်ကပ်လောက်အောင် ရည်နေတဲ့ အောင်သူကိုနာရင်တစ်ချက်ခပ်ဖွဖွ၇ိုက်ပစ်လိုက်တယ်။
အမြဲတမ်းကလေးတစ်ဖက်ဖြင့် သုတ်တီးသုပ်ပြာသွားတတ်တဲ့ အစ်မနောက်ကို မမေားမပန်းလိုက်ကြည့်ရ သည်ကိုကျွန်တော်များစွာသာယာနေမိတယ်။
အစ်မကိုသေချာကြည့်လေလေ သူပုံစံဟာ ကလေးအမေနဲသိပ်မ တူသလိုခံစာရတယ်။ပြုံးလိုက်တဲ့ အပြုံးလေတစ်ချက်ကို မြင်ခွင့်ရဘို့ နေရာပေါင်းစုံကနေ အချိန်ပေါင်းများစွာပေး ခဲ့ရတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းအကူညီနဲ့ အစ်မအိမ်က အဒေါ်ကြီကိုမရရအောင် ခွင့်ရခဲ့တယ်။
ထိုသို့ဖြင့် အဒေါ်ကြီး၏ လိုအပ်သောအကူညီအချို့ကို အစ်မ မရှိသည့်အချိန်တွင်သွားရောက် ကူညီပေးပြီးကလေး နှင့်လည်းရင်းနီအောင်နေရတယ်။ တစ်ရက်မှာအပြင်ကနေ ပြန်လာတဲ့ အစ်မရောက်လာတယ်။ ကျွန်တော်က အဒေါ်ကြီးဆီမှာ သမီးလေးနဲ့အတူတူနေနေတုန်းကိုပေါ့ဗျာ။
“အန်တီ သူကဘယ်သူလည်း၊ဘာလို့သူစိမ်းတွေကို အိမ်ပေါ် ခေါ်ထားတာလည်အဒေါ်ရယ် လူဆိုးမှန်းမသိ လူကောင်းမှန်းမသိ မတော်တစ်ခုခုလုပ်ပြီး မတော်တာ တွေဖြစ်ကုန်ရင်ဒုက္ခဘဲ” မျက်နာကိုကြည့်ပြီး ခတ်တင်းတင်းပြောနေတဲ့ အစ်မစကားတွေက သိက္ခာကိုလာထိပါး နေတယ်။
“ဒီမှာအစ်မ လူပုံကိုလည်းသေချာကြည့်ဦး မဟုတ်တာလုပ်စားတဲ့ မကောင်းတဲ့လူများအောင်မှတ်နေလာ။အန် တီက အကူညီတောင်းလို့လာကူညီပေးတာ။ ကျေးဇူးမတင်ရင်တောင် ကျေးဇူးမကန်းနဲ့” “လောကမှာကျေးဇူးမ တင်သင့်ဆုံးက နင့်တို့ယောက်ျားတွေဘဲ။
အကူညီပေးချင်ယောင်ဆောင်ပြီး အခွင့်ရေးကိုလိုတာထက်ပိုလိုချင် တာလည်း နင်တို့မျိုးနွယ်တွေဘဲ” “ ဟဲ့သမီးရယ်ဒါဟိုဘက်အိမ်က အောင်သူသူငယ်ချင်း အန်တီကလေးငိုနေလို့ ထမင်းအိုးတည်နေတုန်းတန်းလန်းမို့ တစ်ချက်ကြည့်ပေးဘို့ ပြောလို့လာကြည့်တာပါကွယ် ငါ့သမီးနယ် ဧည့်သည်ကိုအာနာစရာ” ကျွန်တော်ကိုမကြည့်ဘဲ “အဲတာဆိုလည်းပြန်လို့ရပြီ ကိုယ်တော်ကြွ”ကျွန် တော်ကိုတန်းပြီးပြန်ခိုင်းတယ်။
ဒီလိုပုံစံနဲ့ ကျွန်တော်များစွာကူညီပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်၏ ချဉ်းကပ်မှု့ နည်းလမ်းမှန်ခဲ့တယ်။ သမီးလေး ကိုကူညီထိန်းပေးရင် အစ်မရဲ့နူးညံသိမ့်မွေ့သော ချစ်စရာစရိုက်များစွာကိုကျွန်တော်မျက်ဝါးထင်ထင် တွေ့ခွင့်ရတယ်။အမြဲတမ်း မျှော်လင့်ချက်ကိုဖြစ်စေတဲ့ ဘယ်အရာကိုမှ မပေးဘဲသိုသိပ်စွာနေထိုင်ခြင်းဟာလည်း ကျွန်တော်ရဲ့စွဲလမ်းစိတ်ကိုပိုမိုမြင့်တက်စေတယ်။တစ်ခါတလေမှာ အသိစိတ်ကင်းလွတ်တဲ့အချိန်ကျွန်တော့်ကို မတော်တဆပုံစံမျိုးဖြင့် ကြည့်ပေမဲ ကျန်တဲ့အချိန်တွေမှာ မြင့်မားစွာထိန်းသိမ်းနိုင်တာကိုလည်းတွေနေရတယ်။
အမျိုးသမီးတစ်ယောက် သိက္ခာဆန္ဒကိုထိန်းလေလေ တန်ဘိးုပို့မြင့်လေလေဖြစ်တယ်ဆိုတာကိုလည်းသဘော ပေါက်တယ်။ ကျွန်တော်ရဲ့ နုညံ့စွာချဉ်းကပ်မှု့တွေကိုလည် အစ်မအနေနဲ့ သဘောပေါက်နေပုံပေါ်တယ်။ အချိန်ပေးရမယ်။
ကျွန်တော်အစ်မကိုလက်ထပ်ချင်တယ်။ သမီးလေးကိုလည်း ကျွန်တော်သံယောဇဉ်ရှိတယ်။ ကျွန်တော်မိဘတွေ ကိုလည်းကျွန်တော်တိုင်ပင်ထားတယ်။ ကျွန်တော်စိတ်ချမ်းသာမယ်ဆိုရင် အာလုံးလုပ်ဘို့ ခွင့်ပြုပေးထားတယ်။ တစ်ခုဘဲရှိတယ်။ အစ်မကျွန်တော်ကို ပြန်ချစ်နိုင်မယ် မချစ်နိုင်ဘူးဆိုတာကို သေချာသိ ချင်တယ်။
ဒီမှာမောင်လေး အချစ်ဆိုတာမင်းထင်သလောက်မလွယ်ဘူး။ မင်ကအစ်မကိုချစ်တယ်လို့အစ်မ မထင်ဘူး။စွဲ လမ်းနေတာဘဲဖြစ်လောက်မယ်။ ကလေးတစ်ယောက်အမေ မုဆိုးမတစ်ယောက် ဘယ်သူကများကြင်ကြင်နာ နဲ့ အချိန်ဘယ်လောက်အထိ ပေါင်းသင်းနိုင်မယ်ထင်တယ်။ မင်းအစ်မပေါ် သာယာမှု့တွေ ကွယ်ပျောက်တဲ့အချိန် အစ်မက ကလေးတစ်ယောက်အမေ၊ အိမ်ထောင်ဆက်များတဲ့ လူတစ်ယောက်အဖြစ်ကျန်ခဲ့နိုင်တယ်။ ပြီးတော့ ယောက်ျားတွေရဲ့ အချစ်ဆိုတဲ့ စကာလုံးတွေကိုအစ်မ မယုံဘူး။
ဒါကတော့ အစ်မအတ္တကြီးတာဘဲ။ ဒီလောက်ဖြစ်ပါတယ်။ ကြိုက်ပါတယ်။ မြတ်နိုးပါတယ်။ လက်ထပ်ချင်ပါတယ် ဖြစ်နေတဲ့လူတစ်ယောက်ကို မင်းရဲ့ အချစ်ကို ကျွန်မမယုံပါဘူး။စကားတွေက လိမ်ညာနေ တာပါဆိုတာကြီးက မလွန်လွန်းဘူးလားဗျာ။ ကျွန်တော်အစ်မကိုချစ်လွန်းလို့ အရာအာလုံးကိုတောင် သည်ခံနိုင်သေး တာ။ အစ်မအနေနဲ့ ကျွန်တော်ကို လက်ခံနိုင်မယ် မခံနိုင်ဘူးတိတိကျကျသိချင်တယ်ဗျာ။ အဲအဖြေမရမချင်းမပြန် ဘူး။ အန်တီဆေးခန်က ပြန်လာတဲ့အထိနေမယ်။ ကျွန်တော်နည်းနည်းအကျပ်ကိုင်လိုက်တယ်။ ကလေးလေး နေမကောင်းလို့ အန်တီကလေးကို ဆေးခန်းသွားပြတာကို ကျွန်တော်သိထားတာကိုဗျ။
အစ်မမျက်နာ ပန်းရောင်ကနေ အနီရောင်ပြောင်းလာတယ်။ နာရွက်နှစ်ဖက်အပြင်ပါးပြင် ထက်က သွေးကြေားစိမ်းလေးတွေကလည် ရဲတွတ်နေသလိုထင်နေမိတယ်။“ကဲနောက်ဆုံးပြောမယ် မင်းပြန်မလား မပြန်ဘူလား။ မပြန်ဘူးဗျာလုပ်ချင်သလိုလုပ် ဒီနေ့အစ်မဆီက သဲကွဲတဲ့အဖြေတစ်ခုခု နုတ်ခမ်းက ထွက်ကျမလာမချင်းကျွန်တော်မပြန်ဘူး” “ အိုကေ ကောင်းပြီးလေ ဒီလောက်တောင် အသည်းမာတဲ့ကောင်” ကျွန်တော် ပါးပြင်ထက်ကို ပူနွေးစေးပျစ်တဲ့ အရာအနည်းငယ်စီးကျလာတယ်။ လက်နဲ့သုတ်ကြည့်လိုက်တဲ့အခါ မှာလက်ဝါးမှာ သွေးတွေက ရဲရဲနီနေတယ်။
ကျွန်တော်အံသြစွာကြည့်မိတယ်။ ဒီလောက်ထိလုပ်ရက်လိမ့်မည်လို့မထင်မိဘူးဗျာ။ ကျွန်တော်အစ်မကို ပြောဘို့ အတွက်စကာလုံးတွေ တစ်လုံးမှရင်ထဲကထွက်မလာဘူး။ စိတ်ထဲမှာလည်း လုပ်ရက်လေခြင်းစိမ်းကားလေခြင်းဆိုတဲ့ အသိတစ်ခုရတယ်။ လုပ်ရက်လိုက်တာဗျာ။ သူပေါ်ကြင်နာချင်တယ်။ မြတ် နိုးပါတယ်ပြောတဲ့သူကို အကြင်နာကင်းစွာ ပန်အိုးနဲ့ရိုက်ရက်တဲ့ မိန်းမသားကို စိတ်ထဲမှာအံသြစိတ်ကတစ်ဖက် မယုံနိုင် တဲ့စိတ်ကတစ်ဖက်ဖြစ်နေတယ်။အိုကေပါဗျာ။ အစ်မစိတ်ချမ်းသာစေရပါမယ်။ ဘယ်တော့မှ ကျွန်တော်မျက်နာကို အစ်မအနီးနာပတ်ဝန်းကျင်မှာ မတွေ့စေရပါဘူးဗျာ။
ခြံဝင်းကနေထွက်လာတဲ့ အချိန် အန်တီ ပြန်လာတာနဲ့ကြုံတယ်။ “ဟဲသား မျက်နာမှာလည်းသွေးတွေနဲ့ဘာဖြစ်တာလည်း” “ဘာမှမဖြစ်ပါဘူးဗျ ကျွန်တော်ပြန်တော့မယ် နောက်မှလာမယ်အန်တီ သမီးလေးဦးသွားပြီ” သမီးလေးက ကျွန်တော်ကိုလက်ပြတယ်။ ချစ်စရာကောင်းတဲ့ သမီးငယ်လေးကိုတွေ့လိုက်သည့်နှင့် စိမ်းကာရက်စက်ပြတ်သား တတ်သော သမီးလေးရဲ့ မိခင် မျက်နာကိုပြန်မြင်လာတယ်။ မျက်နာပေါ်ကျလာတဲ့ သွေးတွေနဲ့အတူ မျက်ရည်များရေားကာစီးဆင်သွားတယ်။
ရှက်စိတ်ဖြင့်ငြင်းလိုက်သည်ကို ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ သွေးထွက်လောက်တဲ့အထိ ကျွန်တော်ပေါ်ရက် စက်တဲ့အစ်မကိုဘယ်လို ထင်မြင်ချက်ပေးရမလည်းမသိဖြစ်နေတယ်။
ကိုယ်ပေးတဲ့အတိုင်း အချစ်က တန်ပြန်သက်ရောက်မှု့မရှိမှတော့ ချစ်စိတ်ကို သိုသိပ်မျိုချရတော့မယ်။ကျွန်တော် အနာကျတ်တဲ့ အချိန် အမျိုးတွေရှိတဲ့ ကချင်ပြည်နယ်ဘက်ကိုခရီးထွက်ဖြစ်တယ်။ သူငယ်ချင်းအောင်သူက “မင်းအစ်မလာမေးတယ်သားကြီးမင်းကို ဘယ်သွားလည်းတဲ့ အဲနေက ကိစ္စကိုတောင်းပန်ချင်တယ် လိုပြောတယ်” ဆိုပြီး ကျွန်တော်ရောက်ရောက်ချင်း သတင်းလာပေးတယ်။ ကျွန်တော်စိတ်ထဲမှာမယုံရဲစိတ်တစ်ဝက်နဲ့ ၀မ်းသာ သွားတယ်။ ကျွန်တော်ကိုများ ကြင်နာယိုဖိတ်ပြီး သနာစိတ်နဲ့ ချစ်သွားပြီလားလို့တွေးပြီးပျော်နေတယ်။
“ဒါပြီးတော့မင်းကို ငါသတင်းထူးတစ်ခုပြောရအုံးမယ်။ မင်းနဲ့ငါတို့ထင်နေတဲ့ ကလေးလေးက မင်း အစ်မ သမီးလေး မဟုတ်ဘူးကွ။ အဲတာသူအစ်ညီမက မွေးတဲ့သမီးတဲ့။ ကလေးမွေးပြီးတော့ မီးတွင်းထဲမှာဘဲဆုံးသွားတာတယ်တဲ့ အစ်မရဲ့ ညီမက” “အာကြောင့်မင်းဟိုတစ်လောက ခပ်ပေါ့ပေါ့ ပုံစံမျိုး လက်ထပ်မယ်လို့ အိမ်ထောင်ကျပြီးသားပုံစံပြောလိုက်တာကို စိတ်ဆိုးသွားတာပါလို့ အစ်မရဲ့ အဒေါ်က ပြောပြတယ်”။ “မင်းသေချာလားသားကြီး”။ “အေးသေချာတယ်”။ အာကြောင့်တစ်ချို့အရာတွေမှာ မင်းငါ့ကိုပြောဖူးတဲ့ အကြောင်းအရာတွေနဲု့တိုက်ပြီးတွေးကြည့်နေတာ။
အဲအချိန်မှကျွန်တော် မြင်ကွင်းတစ်ချို့ကိုပြန်သတိရမိတယ်။ ကလေးမိခင်ဆိုပေမဲ့ ဘယ်အချိန်မှ ဖြစ်သလိုမနေဘဲ သိမ်းမွေ့စွာနေထိုင်နေခြင်းကိုခုမှသဘောပေါက်သည်။
ကလေးတစ်ယောက်မိခင်လို့ ဘယ်သူမှထင်ရက်နိုင်စရာမရှိသည့် အချိုးအစားနဲ့ အခြားသော လျှိုဝှက်အလှတရားများစွာကို ပြန်မြင်မိတယ်။ သိမ်မွေ့သောဟန် ကြည်သာသောအပြုံး ရင်သတ်ရှုမေားဖွယ် ပကတီအလှတရားများကို ပိုင်ဆိုင်ထားတယ်။နောက်အစ်မနှင့်ကျွန်တော် တိတ်ဆိတ်သည့်တစ်နေရာမှာသွား တွေ့ဖြစ်သည်။
အစ်မသည် သူလုပ်ရပ်အတွက်အနည်းငယ်ရှက်ရွံအားနာနေပုံရသည်။ ကျွန်တော်ကတော့အေးဆေးပေါ့ပေါ့ ပါးပါးပုံစံဖမ်းထားပေမဲ့ အစ်မရှက်ရွံပြီး ကျွန်တော်ပေါ် မေတ္တာရှိနေတာကို ငြင်းလိုက်မှာကြောက်မိတယ်။ “အစ်မ ဒီတစ်ခုတော့ အရင်တစ်ခါကလိုကျွန်တော်ကို ရက်မစက်ပါနဲ့ဗျာ။တစ်ကယ်ကိုမခံစားနိုင်လို့ပါ။ အရင်တစ်ခါတုန်းကလည်း အပျိုမဟုတ်ဘူကလေးအမေဆိုပြီး ကျွန်တော်ကိုငြင်းတယ်။ခုလက်မခံနိုင်တဲ့ အကြောင်းပြချက် အားလုံးဘာမှမရှိတော့ဘူး။ ကျွန်တော်အချစ်ကိုလက်ခံပေးပါ”။
အချစ်ရဲ့ ဆွဲအားတစ်ခုအောက်မှာ ကျွန်တော်ဒူးထောက်လိုက်တယ်။ အချစ်ကိုသီးသန့်ကိုးကွယ်ဖို့ အတွက် ယောက်ျားဆိုသည့် မာန်မာနကိုချမှဖြစ်မည်။ ကျွန်တော်ချစ်တဲ့အစ်မကို ဘယ်လိုပုံ ဘယ်နည်းနဲ့ဖြစ်ဖြစ် လက်ခံစွမ်းရှိသည်။ သန့်စင်သောအချစ်တစ်ခုကို ဖြူစင်စွာမွေးဖွာခဲ့တဲ့ အတွက် အတ္တတရားတွေနဲ့ကျွန်တော်တို့ နှလုံးသာကို မှောင်မိုက်မသွာစေချင်ဘူး။
အစ်မက ကျွန်တော်ပုခုံးနှစ်ဘက်ကို အသာကိုင်ပြီး “ထပါမောင်လေးရယ် အစ်မလည်း မောင်လေးကို ချစ်ပါတယ်။ အမှန်က အစ်မကိုကိုယ်ကို ရှက်နေလို့ပါ။ မောင်လေးပေါ် ဒီလောက်ထိ သွေးထွက်အောင်လုပ်ခဲ့တာတောင် မပြစ်မယူဘဲ အစ်မပေါ် မေတ္တာမပျက်တဲ့ မောင်လေးကို အစ်မချစ်တယ်။ လက်ထပ်ဖို့အထိလည်း အစ်မစိတ်ထူးထားပါတယ်။
ပတ်ဝန်ကျင်းကလူတွေ မြင်ကုန်ရင် မတင်တယ်ဘူး။ ထနော်လိမ္မာတယ်။” တစ်ကယ်လို့ မောင်လေးကထားခဲ့မယ်ဆိုရင်တောင် အစ်မ က ချန်ထားခဲ့တဲ့နေရာမှာ ၀မ်းနည်ပြီးမနေနိုင်တော့ပါဘူး။ အစ်မထံမှ ထိုအသံကြားလိုက်ရတယ်။ ကျွန်တော် ဒူးထောက်နေရာမှ ထပြီး ဘယ်တော့အခါမှ အစ်မကို ချန်မထားခဲ့ပါဘူးဟု တိုတိတ်စွာကတိပေးပြီ်း ရှက်ရွံလှသောချစ်သူအသစ်စက်စက်လေးရဲ့ ဆံနွယ်များကို ပထမဆုံး အကြိမ်းနမ်းရှိက်ရင်းးးးးးးးးးးးးးးးး။
ဇော်ညီညီ(နေပြည်တော်)
0 comments:
Post a Comment