Saturday, February 15, 2014

ဇတ်တူသားစားခြင်း


တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ်လုပ်သောက်ကြပါတယ်..... ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....


ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်.... ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
  ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....

ဝယ်သူစားသုံးနေကျဖောက်သယ်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....

အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....

ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်....ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင် တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့ ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...

ေ ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး..... မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့ အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....

ေ ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး.... မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း..... ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....

  နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို အမေရိကန်ဒေါ်လာ (၇၀) နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....

ဘယ်နည်းမဆိုပါ.....နိဂုံချုပ်ကြည့်မယ်ဆိုရင်တော့....ဇတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့ ပင့်ကူ ဇတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...