Sunday, February 9, 2014

တွေးစရာလေး


တစ်ခါတုန်းက ဖိုးပိန်နဲ့ မယ်ဝဆိုတဲ့ချစ်သူနှစ်ယောက်ရှိတယ်။
သူတို့နှစ်ယောက်ကို မြစ်ကြီးတစ်စင်းက ခြားထားတယ်။
မယ်ဝက ဟိုဘက်ကန်းကိုသွားပြီး ဖိုးပိန်နဲ့အတူတူနေချင်တယ်။ ဒါပေမယ့်ရေမကူးတတ်ဘူး။ မယ်ဝတို့ဘက်
ကမ်းကမြစ်ဆိပ်မှာ မောင်တိုးဆိုတဲ့ ကတို့သမားတစ်ယောက်ရှိတယ်။
မောင်တိုးက ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကိုပို့ခ ပုံမှန် တစ်ရာယူတယ်။

ဟိုဘက်ကမ်းကို အရမ်းသွားချင်တဲ့မယ်ဝကိုတော့ ငါးထောင်တောင်းတယ်။ အဲဒီလောက်ငွေကိုလည်း မယ်ဝမပေးနိုင်ပြန်ဘူး။ အဲဒီအချိန်မှာ မောင်ကြာဆိုတဲ့ကောင်လေး
တစ်ယောက် ရောက်လာတယ်။ သူက မယ်ဝကိုပြောတယ်။ ဟဲ့...မယ်ဝ
နင်ဟိုဘက်ကမ်းသွားချင်တယ်မလား။ ငါနင့်ကိုဟိုဘက်ကမ်းပို့ပေးမယ်။
လှေစီးခကို ငါပေးလိုက်မယ်။ ဒါပေမယ့် နင် ငါနဲ့တစ်ညလိုက်အိပ်ပေးရမယ်။မောင်ကြာရဲ့စကားကို မယ်ဝစဉ်းစားနေတယ်။ ခဏကြာတော့ မယ်ဝကသဘောတူလိုက်တယ်။
နောက်နေ့ရောက်တော့ မယ်ဝက ဟိုဘက်ကမ်းက ဖိုးပိန်နဲ့တွေ့ပြီး
ညားစေသတည်းပေါ့။ ဇာတ်လမ်းကမပြီးသေးဘူး။ခြောက်လလောက်
ကြာတဲ့အချိန်မှာ ဖိုးပိန်သူငယ်ချင်း မောင်သာအေးက ဖိုးပိန်ကို " သူငယ်
ချင်းဖိုးပိန် မယ်ဝကမင်းနဲ့မရခင် ဟိုဘက်ကမ်းကမောင်ကြာနဲ့ တစ်ည
အိပ်ခဲ့တယ်လို့သတင်းတွေထွက်နေတယ်နော် "လို့လာပြောတယ်။
ဒါနဲ့ဖိုးပိန်က. မယ်ဝကိုမေးတော့ မယ်ဝကဟုတ်မှန်ကြောင်း၊ဖိုးပိန်နဲ့အတူနေချင်လို့လုပ်ခဲ့တာဖြစ်
ကြောင်းရှင်းပြတယ်။ဒါပေမယ့် ဖိုးပိန်ကဒီကိစ္စကို ဘယ်လိုမှလက်မခံနိုင်ဘူး။နောက်ဆုံး မယ်ဝနဲ့ ကွာရှင်းလိုက်တယ်။
ဒီပုံပြင်လေးကိုဖတ်ပြီး ပုံပြင်လေးထဲက
ဇာတ်ဆောင်ငါးယောက်ထဲက ဘယ်သူ့ကို အပြစ်အကင်းဆုံးလို့
ထင်လဲ???အပြစ်အကင်းဆုံးကို နံပါတ်တစ်မှာထားပြီး အစဉ်လိုက်စီပေးပါ။
ဥပမာ - (၁) ဖိုးပိန်
(၂) မောင်တိုး
(၃) မောင်သာအေး
(၄) မယ်ဝ
(၅) မောင်ကြာ
ဒီဥပမာအရ ဖိုးပိန်ကအပြစ်အကင်းဆုံးပေါ့၊မောင်တိုးကဒုတိယအပြစ်ကင်းသူ
စသဖြင့်ပေါ့....။
မေးခွန်းက ဒီအဖြေမှာတင် ရပ်မနေဘူး။အဖြေပေါ်မူတည်ပြီး
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည်အပြောင်းလေးရှိသေးတယ်။
စိတ်ထဲမှာ မေးခွန်းကိုဖြေပြီးမှ
အဖြေကို ကြည့်စေချင်ပါတယ်။
………………………………………
………………………………………
………………………………………
………………………………………
………………………………………
………………………………………
………………………………………
နံပါတ်တစ်နေရာမှာ ဖိုးပိန်ကိုထားသူဟာ ပတ်ဝန်း
ကျင်ကို အလေးထားသူ ဖြစ်တယ်။လောကီဥပဒေတွေကို အလေးထားသူဖြစ်တယ်။
နံပါတ်တစ်နေရာမှာ မယ်ဝကိုထားသူဟာ အချစ်
ကိုတန်ဖိုးထားသူတစ်ယောက်ဖြစ်တယ်။
မောင်တိုးကို ပထမနေရာမှာ ထားသူဟာ အရာရာ
ကို စီးပွားရေးအမြင်နဲ့ ကြည့်လေ့ရှိတဲ့
စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။
မောင်ကြာကို ပထမနေရာပေးသူဟာ
ငွေနဲ့အရာရာတိုင်းကို ဝယ်ယူနေတဲ့
လောကုတ္တရာ အသိအမြင် မရှိသူတစ်ယောက်ဖြစ်တယ်။နောက်ပြီး
သူ့မှာ အစ်မ၊နှမ ကိုယ်ချင်းစာစိတ် မရှိဘူး။
သူ့နှလုံသားက နူးညံ့မနေပဲ မာကြောခက်ထန်တတ်
တယ်။
မောင်သာအေးကို ပထမနေရာထားသူဟာ
အတင်းပြောတာဝါသနာပါသူတစ်ယောက်ဖြစ်
တယ်။မိန်းမနှစ်ယောက် တစ်ပါးသူအကြောင်း
ပြောရင် အတင်းပြောတယ်လို့သိထားပေမယ့်
ယောက်ျားနှစ်ယောက်ပြောရင် သတင်း
လို့ဆိုကြတယ်။သတင်းပဲဖြစ်ဖြစ်၊အတင်းပဲ
ဖြစ်ဖြစ် သူဟာ ' စကားခြောက်ခွန်း လူ့၌ထွန်း၊
လေးခွန်းကိုပယ် နှစ်ခွန်းဆယ် 'ကိုမသိသူ မကျင့်
သူတစ်ယောက်ဖြစ်တယ်။သူဟာ စကားမပြောမီ
သူ့အကျိုး ကိုယ့်အကျိုး ထိခိုက်မှုရှိမရှိ
မစဉ်းစားသူတစ်ယောက်ဖြစ်တယ်။
နည်းနည်းပွေရှုပ်တဲ့ အသိတစ်ယောက်
ကို ဒီပုံပြင်လေးပြောပြီးစီခိုင်းတော့ မောင်ကြာ
ကို ပထမနေရာမှာထားတယ်။စီးပွားရေးလုပ်နေတဲ့ အသိတစ်
ယောက်က နံပါတ်တစ်က မောင်တိုးဖြစ်သင့်တယ်ပြောတယ်။
ဒီပုံပြင်လေးက လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား
ကို မှန်ကြည့်နိုင်တယ်။အကယ်၍ စာဖတ်သူ
ကရည်းစားရှိခဲ့ရင် ကိုယ့်ရည်းစားကို ဒီပုံပြင်
လေးပြောပြပြီး ဖြေခိုင်းပေါ့။ပတ်ဝန်းကျင်ကို
အလေးထားသူလား၊အချစ်ကြီးသူလား၊စီးပွားရေးသမား
လား၊အတင်းပြောတတ်သူလား၊ရှုပ်ပွေတတ်သူလား
သိနိုင်တာပေါ့။ ကိုယ့်ရည်းစားက မောင်ကြာကို
ပထမနေရာမှာထားရင် ဝေးဝေးရှောင်ပေတော့။
မောင်တိုး၊မောင်ကြာ၊မောင်သာအေးတို့
က လောကီဘက်ကကြည့်ရင် အပြစ်ကင်းတယ်လို့ထင်
ရတယ်။ဒါပေမယ့် လောကုတ္တရာဘက်ကကြည့်ရင်
သုံးယောက်လုံး ငါးပါးသီလ ကျူးလွန်ခဲ့ကြလို့ အပြစ်ရှိတယ်
လို့ ဆိုရမယ်။ ကိစ္စတစ်ခုတစ်ခုကိုဆုံးဖြတ်ရတော့မယ်ဆိုရင်လောကီရေးရာတစ်ခုတည်း
မကြည့်ပဲ လောကုတ္တရာနဲ့ပါတွဲကြည့်ရင် အမှန်ကန်ဆုံး
နဲ့အသင့်လျော်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရလာနိုင်ပါတယ်။
@@@@@@@@@@@@
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်း
ကွာကြပါစေ။

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...