သစ်ထူးလွင် သတင်းစုစည်းမှု (၇-၂)
သစ်ထူးလွင် |
- လင်မယားချင်းစကားများစဉ် ဇနီးဖြစ်သူကိုဓါးဖြင့်ထိုး၍ သေဆုံး
- မန္တလေးတွင် ညသန်းခေါင် အုပ်စုဖွဲ့ ရိုက်နှက်လုယက်
- အဓမ္မပြုကျင့်ရန် ကြိုးစားမှုဖြင့် စစ်သားတဦး တရားစွဲခံရ
- စနစ်ဟောင်းဘက်မှရပ်ကာ အများကြိုက်၊ နိုင်ငံရေးစကားလုံးဖြင့် အရေခြုံထားကြသူများ
- လားရှိုးတွင်သေနတ်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာများနှင့်လူသေ အလောင်းတွေ့ရှိ
- အိမ်အဖျက်ခံရသည့် သမီးကလေးရွာသားများ ဘုန်ကြီးကျောင်းတွင် ခေတ္တနေခွင့်ရ
- ထိုင်းရှိ မြန်မာဒုက္ခသည်များ နိုင်ငံတကာတွင် ခိုလှုံခွင့်ရရန် ဆက်လက်ကြိုးပမ်းမည်
- မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် အနာကြီးရောဂါရှင် ငါးရာခန့်ပေါ်ထွက်ဟုဆို
- မလေးတွင် ပစ်ခတ်ခံခဲ့ရမှု ရခိုင်ခေါင်းဆောင်များ သတင်းစာရှင်းလင်း
- တပ်သိမ်းမြေ ပြန်ပေးမှု ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် – သုံးသပ်ချက်
- ပုဂ္ဂလိကဝန်ထမ်းအများစု ဝင်ငွေခွန် ပေးဆောင်ခြင်း မရှိဟုဆို
- ငွေဆောင်ဧရိယာအတွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားခိုင်း
- လူတစ်သိန်းကျော် ဆန္ဒပြုသည့်ကိစ္စ ပြည်ခိုင်ဖြိုး၏ ယခင်လုပ်နည်းများနှင့် နှိုင်းယှဉ် စိစစ်ချက်အရ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်းပေါ်လွင် – လင်းယုန်
- အာဆီယံရွှေပြည်တော်အဝင်လမ်းက မီးကျိုးမောင်းပျက် စက်များနှင့် နေရစ်တော့ မြန်မာ့ဆန်
- ဘီဘီအိုင်စက်ရုံ အနီးရှိ ကျူးးကျော်တဲများအား သက်ဆိုင်ရာမှ မီးရထားပိုင် မြေဟု ဆိုကာ ဖျက်သိမ်း
- လွတ်လပ်စွာတရားစီရင်ရေးကို အနှောက်အယှက်ပြုကြသူများ
- ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်နှင့် အစိုးရအဖွဲ့ ပညာရေးမူဝါဒများ ပူးပေါင်းရေး သုံးပွင့်ဆိုင်ညှိနှိုင်း
- နေပြည်တော် အမြန်လမ်းမကြီး စီမံကိန်းဒေသခံများအတွက် အကျိုးမဖြစ်ထွန်းဟု သူရဦးရွှေမန်းဆို
- လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား
- ရွှေတိဂုံဘုရားပေါ်တွင် အမျိုးသမီးတစ်ဦးသေကြောင်းကြံ
- ပုဆိုးချွတ်ခံရသည်ကို ရှက်သဖြင့် ကျောင်းသားတစ်ဦး ဆွဲကြိုးချသတ်သော
- ရွှေတိဂုံကို ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ကြိုးစား
- ယူနတီ သတင်းဂျာနယ် ရုံးအဖွဲ့မှူး ခေါ်ယူစစ်ဆေးခံရ
- ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရ
- ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင်အား မလေးရှားတွင် လုပ်ကြံရန် ကြိုးစားမှုမအောင်မြင်
Posted: 07 Feb 2014 03:07 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
၆.၂.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်ေ
|
Posted: 07 Feb 2014 03:02 AM PST
အုပ်စုဖွဲ့ ရိုက်နှက်မှုများ ဖြစ်ပွားလေ့ရှိသော မန္တလေးမြို့တော်တွင်
ဖေဖော်ဝါရီလ ၃ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခန့်က ဆိုင်ကယ်လေးစီးနှင့်
လူရှစ်ဦးက ဆိုင်ကယ် စီးနင်းလာသည့် လူနှစ်ဦးကို အုပ်စုဖွဲ့ ဝိုင်းရိုက်ကာ
လုယက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ လုယက်ခံရသူ စိန်လုံ တောင်တန်းကုမ္ပဏီ
ကားမောင်းနှင်သူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်။
ယင်းနေ့ ည ၁၂ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၈
|
Posted: 07 Feb 2014 02:19 AM PST
မွန်ပြည်နယ်မှာ အမျိုးသမီးတဦးကို အဓမ္မကျင့်ဖို့ ကြိုးစားရင်း အကြမ်းဖက်
ထိုးကြိတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်သားတဦး တရားစွဲခံရပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်
ဝဲရက်ကျေးရွာပိုင် ရာဘာခြံတခုမှာ ရာဘာစေး လှီးနေတဲ့ မိချိုကို
ဝဲကလိလမ်းဆုံရှိ အမြောက်တပ် ၃၁၅ က ဒုတပ်ကြပ် ရဲလင်းထွန်းက အဓမ္မပြုကျင့်ဖို့
ကြိုးပမ်းရင်း ထိုးနှက်တဲ့ကိစ္စကို သံဖြူဇရပ်ရဲစခန်းမှာ
|
Posted: 07 Feb 2014 02:14 AM PST
နိဒါန်းအားဖြင့်ပြောရလျှင်
လောက မှာ လူလည်လုပ်ပြီး အမှားနှင့်အမှန်ကို ရောထွေးပစ်သူများ၊
ကိုယ့်ကိုယ်ကိုယ် လူ ကြီးလူကျယ်လုပ်ပြီး မှန်ရာလုပ်သယောင် ပြုကာ
စနစ်ဟောင်းဘက်မှ ရပ်နေသော အရေခြုံများကို သူ အမုန်းတီးဆုံး။ နိုင်ငံ
ရေးနယ်ပယ်မှ လူကြီးလူကျယ်ဆိုသူများ ၏ ရုပ်ပုံကားချပ်ကို သူရေးသားဖော်ပြ
သည်မှာ...
သူတို့ဟာ မြေခွေးသတ္တ၀ါတွေဖြစ် ပေမဲ့ သူတို့ကိုယ်သူတို့ ကြောင်နဲ့ တူ
သယောင်ဆောင်နေကြတယ်။ သူတို့ ကိုယ်သူတို့
|
Posted: 07 Feb 2014 02:10 AM PST
ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊
တရုတ်နတ်စင်အ၀င် လမ်းဆုံတွင်ဒါဏ်ရာများဖြင့် သေဆုံးနေသော အလောင်းတစ်လောင်း
တွေ့ရှိကြောင်းဖေဖော်ဝါရီ(၆)ရက် နံနက် ၇ နာရီအချိန် ဆယ်အိမ်စု မှူးတစ်ဦး၏
ဖုန်းဆက်သတင်း ပေးမှုအရ သိရသည်။
ဖြစ်စဉ်မှာ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင်
ယင်းနေ့နံနက် (၂) နာရီခန့်က ကားသံနှင့်ဆိုင်ကယ် သံ၊
ခွေးဟောင်သံများကြားခဲ့ရ ကြောင်း၊နံနက်(၆း၃၀
|
Posted: 07 Feb 2014 01:51 AM PST
စာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် အိမ်အဖျက်ခံရတဲ့
ရန်ကုန်တိုင်းလှည်းကူးမြို့နယ် သမီးကလေးကျေးရွာသားတွေ ပဲခူးမြို့
အလံနီဆည်အနီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ စာမေးပွဲဖြေဆိုပြီးချိန်ထိ
ပဲခူးတိုင်းရဲတပ်ဖွဲ့က နေခွင့် ပေးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့်မယ်ဆိုတဲ့သတင်းေ
|
Posted: 07 Feb 2014 01:45 AM PST
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ၏ တစ်ဦးချင်းအခြေခံလိုအပ်ချက်ပေါ်
မူတည်၍ ဒုက္ခသည်အဖြစ် နိုင်ငံအသီးသီးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူက
ပြောသည်။
အမေရိကန်နိုင်ငံက မြန်မာဒုက္ခသည်များကို ခိုလှုံခွင့်ပေးသော
ကိုးနှစ်အစီအစဉ်မှာ သက်တမ်းပြည့်သွားပြီဖြစ်၍ ရပ်ဆိုင်းလိုက်ခြင်းမှာ
ပြည်လည်နေရာချထားခြင်း အပြည့်အ၀ရပ်ဆိုင်းလိုက်ခြင်းကို မဆိုလိုဘဲ
|
Posted: 07 Feb 2014 01:42 AM PST
မန္တလေးတိုင်းဒေသကြီးအတွင်း အနာကြီးရောဂါရှင် တစ်နှစ်လျှင် ငါးရာဦးခန့် ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
|
Posted: 07 Feb 2014 12:59 AM PST
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းမှာ ရခိုင်တိုင်းရင်းသားခေါင်းဆောင်
|
Posted: 07 Feb 2014 12:57 AM PST
မြန်မာ့တပ်မတော်က သိမ်းထားတဲ့ လယ်မြေဧက ၂ သိန်းကျော် ပြန်ပေးမယ်လို့
ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။
တရက်တည်း ထွက်လာတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတချို့မှာတော့
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက တပ်မတော်အနေနဲ့
မြေသိမ်းလမ်းစဉ်အစား မြေစွန့်လမ်းစဉ်ပဲ ကျင့်သုံးတော့မယ်လို့ လွှတ်တော်ထဲ
ပြောသွားတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရာမှာ
|
Posted: 07 Feb 2014 12:48 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ပြည်တွင်းအခွန်များ ဦးစီးဌာနက ၁၉၇၄ အခွန်ဥပဒေအရ လစာကျပ်
တစ်သိန်းနှစ်သောင်းအထက် ဝန်ထမ်းများအားလုံး အခွန်ပေးဆောင်ရမည် ဆိုသော်လည်း
ပုဂ္ဂလိက ဝန်ထမ်းအများစုမှာ အခွန်ပေးဆောင်ခြင်း မရှိသေးကြောင်း အဆိုပါဌာန
အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီ အနည်းငယ်ကသာ အခွန်ပေးဆောင်ကြကြောင်း
၎င်းကပြောဆိုသည်။
“အစိုးရဝန်ထမ်းတွေက လကုန်တာနဲ့
|
Posted: 07 Feb 2014 12:44 AM PST
ပုသိမ်၊ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊
ချစ်သူများကျွန်းရှေ့ရှိ ငွေဆောင် ကမ်းခြေစတင် တည်ဆောက်စဉ်ကပင် public
ဧရိယာအဖြစ် သိမ်း ယူသွားသော ကမ်းခြေမျက်နှာစာ (ပေ၅၀၀x ၃၀၀) အကျယ် အ၀န်းရှိ
မြေကွက်လပ်နှင့် တစ်ဆက်တည်း လယ်မြေ(၅)ဧကအား မူလပိုင်ရှင် များအား ပြန်လည်
ပေးအပ်ခြင်းမရှိဘဲ အဆိုပါ မြေပေါ်တွင်ရောင်းချ နေသော ဈေးဆိုင်ခန်းများအား
ယခုခရီးသွားရာသီအကုန်တွင် ဖယ် ရှားပေးရန်
|
Posted: 07 Feb 2014 12:40 AM PST
ဦးအောင်သိန်းလင်း တာဝန်ခံသဖြင့် လွှတ်တော်ကော်မတီ အစီရင်ခံစာတွင်
ဖော်ပြပါဝင်ခဲ့သော အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် အရေးကြီးပုဒ်မများ
မပြင်ဆင်ရန် လူတစ်သိန်းကျော် ဆန္ဒပြုသည့်ကိစ္စ ပြည်ခိုင်ဖြိုး၏
ယခင်လုပ်နည်းများနှင့် နှိုင်းယှဉ် စိစစ်ချက်အရ လုပ်ကြံ ဖန်တီးထားခြင်းသာ
ဖြစ်ကြောင်းပေါ်လွင်
ပြည်ခိုင်ဖြိုးသည် အသင်းကာလ၌ အသင်းဝင် အဆိုပြုလွှာများကို ဖန်တီးရေးသား၍
အဆိုပြုလွှာပေးအပ်ပွဲများ ပြုလုပ်လေ့ရှိ
ဗဟိုမှ
|
Posted: 07 Feb 2014 12:30 AM PST
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့တစ်စတစ်စတိုးဝင်လာ
|
Posted: 07 Feb 2014 12:27 AM PST
ရန်ကုန်-ဖေဖော်ဝါရီ ၇
ယနေ့နံနက် ၈နာရီခန့်မှ စတင်ကာ အင်းစိန်မြို့နယ် ဘီဘီအိုင်စက်ရုံအနီးရှိ
ဈေးအရှေ့ ရပ်ကွက် ဦးစံကျော်စု အုတ်စက်ကျူးကျော်တဲများအား သက်ဆိုင်ရာမှ
မီးရထားပိုင်မြေဟုဆိုကာ ဖျက်သိမ်းခဲ့ကြောင်း အဆိုပါနေရာ နေထိုင်သူများထံမှ
သိရသည်။
ယနေ့ ဖျက်သိမ်းမှူတွင်လည်း သက်ဆိုင်ရာမှ ဖျက်သိမ်းခဲ့သည့် အိမ်၂၄လုံးမှဝါး၊
ဓနိပစ္စည်းများကို ရထား ယူဆောင်သွားကြောင်း ၄င်းကထပ်လောင်းဆိုသည်။
ပြီးခဲ့သည့်ေ
|
Posted: 06 Feb 2014 07:59 PM PST
မြန်မာနိုင်ငံ၊
မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊
ရဲစခန်းများသည် မိမိတို့ရဲစခန်းလုပ်ငန်း ဆောင်တာ များကို
အသီးသီးလုပ်ကိုင်ရာတွင် မြို့နယ်ဒေသခံများထဲမှ တစ်ဦးသို့မဟုတ်
သုံးလေးဦးခန့်မှ ရဲစခန်း၏ လုပ်ငန်းများကို မျက်စေ့ဒေါက်ထောက်ကြည့်၍
အမျိုးမျိုးပြဿနာရှာလေ့/ တိုင်ကြားလေ့ ရှိကြ ပါသည်။
နိုင်ငံတော်အကြီးအကဲ သမ္မတကြီးမှ အစ အထက်ဌာနအသီးသီးဆီသို့ တိုင်စာတစ်မျိုး၊
ပစ်စာတစ်ဖုံ၊
|
Posted: 06 Feb 2014 08:34 PM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့်
နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတို့က သီးခြားစီ ရေးဆွဲထားသော ပညာရေးမူဝါဒများ
တပေါင်းတစည်းတည်း ဖြစ်ရန် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပထမဆုံးအကြိမ်
ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက The
Voice သို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့
|
Posted: 06 Feb 2014 08:32 PM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၆
တောင်သူလယ်သမားများထံမှ လယ်ယာမြေဧကများစွာ သိမ်းယူကာ ဖောက်လုပ်ခဲ့သည်ဟု
စွပ်စွဲခံနေရသော ရန်ကုန်-နေပြည်တော်-မန္တလေးအမြန် လမ်းမကြီး စီမံကိန်းမှာ
ယင်းလမ်းမကြီး ဖြတ်သန်းရာ ဒေသ များရှိ ဒေသခံများအတွက် အကျိုးဖြစ်ထွန်းခြင်း
မရှိကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသော
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဒီလမ်းက ကားမောင်းနိုင်၊ သုံးနိုင်တဲ့
|
Posted: 06 Feb 2014 08:27 PM PST
တိုင်းပြည်အတွက်လည်း အရေးကြီး အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရဲ့
အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကလည်း အဲဒီ အစီရင်ခံစာကို
အတည်ပြုပေးလိုက်ပါပြီ။ တကယ်တော့ အဲဒီ အစီရင်ခံစာမှာ ထူးထူးခြားခြား ဘာမှ
မပါဝင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့၊ မပြင်ဖို့ အကြံပေးချက်တွေကို
အမျိုးအစားခွဲ ပြုစုထားတဲ့ ရုံးလုပ်ငန်း သာသာ အစီရင်ခံစာပါပဲ။
|
Posted: 06 Feb 2014 08:09 PM PST
အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ရွှေတိဂုံစေတီပေါ်တွင် မိမိကိုယ်ကို သတ်သေရန်
ကြိုးစားအားထုတ်ခဲ့ သဖြင့် ဒဂုံရဲစခန်းက ဖေဖော်ဝါရီ ၅ ရက်တွင် အမှုဖွင့်ပြီး
သေကြောင်းကြံသူကို အရေးယူရန် လုပ်ဆောင် လျက်ရှိသည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရွှေတိဂုံစေတီတော်ရင်ပြင် ရေကြည်တော်အသင်း တန်ဆောင်းတွင်
ဇန်န၀ါရီလ ၃၀ ရက်က ဖြစ်ပွားထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တန်ဆောင်းတွင်
အမျိုးသမီးတစ်ဦး
|
Posted: 06 Feb 2014 08:05 PM PST
မင်္ဂလာဒုံမြို့နယ်တွင် ခုနစ်တန်း ကျောင်းသား တစ်ဦး စာသင်ကျောင်းတွင်
အချင်းချင်း ပုဆိုးချွတ်စနောက် ခံရသဖြင့် အရှက်ရကာ နေအိမ်တွင် မိမိကိုယ်ကို
ဆွဲကြိုးချ၍ သတ်သေခဲ့မှုတစ်ခု ဖေဖော်ဝါရီ ၅ ရက်က ဖြစ်ပွားခဲ့သည်ဟု
ရန်ုကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံရဲစခန်း တာဝန်ရှိသူများသည် စမ်းဝကြီးရပ်ကွက်၊
ဇေယျာသီရိလမ်း၊ အမှတ် (၁၆) နေ အိမ်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း
ညနေ ၎
|
Posted: 06 Feb 2014 07:52 PM PST
ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ရွှေတိဂုံ စေတီတော်ကြီး
ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ်
စာရင်းထဲ သွင်းနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း နေပါတယ်။
ရွှေတိဂုံ စေတီတော်ကြီးဟာ UNESCO က သတ်မှတ်ထားတဲ့ အချက်တွေ ဖြစ်တဲ့ ထူးခြား
အရေးပါမှု၊ စစ်မှန်မှု ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ အတွက် UNESCO ကမ္ဘာ့
အမွေအနှစ် စာရင်းထဲ ပါဖို့ အလားအလာ ကောင်းတယ်လို့ ရွှေတိဂုံေ
|
Posted: 06 Feb 2014 07:50 PM PST
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင်
ပေါက်မြို့နယ်က လျို့ဝှက်ဓါတုလက်နက်စက်ရုံလို့ ခေါင်းစီးတပ်ထား တဲ့
ဆောင်းပါးနဲ့ဆက်နွယ်ပြီး ဂျာနယ်က ယူနတီ သတင်းဂျာနယ်ရုံးအဖွဲ့မှူး
ဦးအောင်ဝင်းထွန်း ကို ဖေဖေါ်ဝါရီ ၅ရက်နေ့ မနက်အစောပိုင်းက အာဏာပိုင်တွေက
ခေါ်ယူစစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဦးအောင်ဝင်းထွန်းကို အမည်မသိ အရာရှိနှစ်ဦး က မေးမြန်းစရာရှိလို့ဆိုပြီးေ
|
Posted: 06 Feb 2014 07:37 PM PST
နေပြည်တော်၊ မဇ္ဈိမ။ ။ မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးအေးသာအောင်တို့ ကွာလာလမ်ပူ မြို့တော်အတွင်း မော်တော်ကားဖြင့်
သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြေပုံမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့က ဖေဖော်ဝါရီ
|
Posted: 06 Feb 2014 07:26 PM PST
စစ်တွေ ၊ ၀၆ ဖေဖော်ဝါရီ ၂၀၁၄
မလေးရှား ရခိုင်အသိုက်အ၀န်း၏ ဖိတ်ခေါ်မှုဖြင့် မလေးရှားသို့ ရောက်ရှိနေသော
ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင် တို့အား သေနတ်သမားအချို့က
ပစ်ခတ်လုပ်ကြံခဲ့ကြသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ဘေးမသီရန်မခ
လွတ်မြောက်လာခဲ့ကြသည် ဟု သိရသည်။
ယနေ့ ညနေပိုင်း ကုန်တိုက်မှအထွက်တွင် ရခိုင်ခေါင်းဆောင်နှစ်ဦးနှင့်
အဖွဲ့အား ဆိုင်ကယ်သမားတစ်ဦး နှင့် ကားတစ်စီးပေါ်မှ သေနတ်သမားတို့က ေ
|
0 comments:
Post a Comment