Thursday, February 13, 2014

အာရှက ချစ်သူများနေ့ အကြောင်း

အာရှက ချစ်သူများနေ့ အကြောင်း 

အနောက်တိုင်းက သတ်မှတ်တဲ့ ချစ်သူများနေ့အပြင် တရုတ်လူမျိုး တို့ သတ်မှတ်တဲ့ ချစ်သူများနေ့ တစ်ရက် ရှိပါတယ်။ သူ့ရဲ့ သမိုင်းနဲ့ ဖြစ်လာပုံက ဒီလို ဖြစ်ပါတယ်။ 

Zhinu လို့အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေပါပြီ။ ဒီလိုနဲ့ သာမန်ဘဝလေးအတိုင်းနေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

ဒီလိုဆင်းလာတော့ မမျော်လင့်ပဲ ရိုးသားတဲ့ နွားကျောင်းသားလေး တစ်ဦးနဲ့ သွားတွေ့ပါတယ်။ Niulang လို့အမည်ရတဲ့ ရွယ်တူ လူငယ်လေး ဖြစ်ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါကြောင့် Niulang နဲ့ Zhinu ဟာ ဘဝတစ်ခု အတူထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် မခွဲမခွာ ကတိတွေ ပေးကြပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝ ဖြစ်ခဲ့ပြီး သားသမီး နှစ်ဦးတောင် ထွန်းကားပါတယ်။

ဒါတွေကို တစ်နေ့တော့ ကောင်းကင်ဘုံက နတ်သကြားက သိပါလေရော။ ၇ ယောက်မြောက် သမီးတော် ဖြစ်ပေမယ့် အင်မတန် ချစ်မြတ်နိုးသူ ဖြစ် ပါတယ်။ ဒါကြောင့် လူ့ပြည်မှာ လူသားနဲ့ ဘဝတစ်ခု ထူထောင် ဖို့အတွက်ကို လုံးဝ သဘောမတူပါဘူး။ ဒါကြောင့် မရရတဲ့ နည်းနဲ့ နတ်သမီးလေး Zhinu ကိုပြန်ခေါ်ပါတယ်။

ဒီလိုနဲ့ Zhinu ခမျာ သူ့ချစ်သူနဲ့ မိသားစုကို ခွဲခွာလို့ ကောင်းကင် ဘုံပေါ် ပြန်လည် ရောက်ရှိသွားပါတယ်။ နွားကျောင်းသားလေး Niulang တစ်ယောက် လုံးဝ လက်မလျော့ပါဘူး။ ချစ်သူ Zhinu ကို ပြန်ရဖို့ နည်းအမျိုးမျိုး ကြိုးစားပါတယ်။ သို့ပေမယ့် လူသားဖြစ်နေတော့ မစွမ်းသာပါဘူး။ သို့သော် သူ့ကိုကူညီမယ့်သူ ပေါ်လာတယ်။ အခြားသူ မဟုတ်ပါဘူး။ သူ့မွေးထားတဲ့ နွားတစ်ကောင်ဖြစ်ပါတယ်။

သူ့ကိုသတ်ပြီး သူ့အသားကို Niulang မှ အဆောင်ကဲ့သို့ ထားရင် မိုးပေါ် ပျံနိုင်ကြောင်းပြောပါတယ်။ သူ မသတ်ရက်ပါဘူး။ သို့ပေမယ့် နောက်ဆုံးတော့ သူချစ်တဲ့ နွားကိုယ်တိုင် အသက် စတေးနေတော့ ဝမ်းနည်းစွာပဲ သတ်လိုက်ပါတယ်။

သူတကယ်ပဲ မိုးပေါ်ပျံနိုင်သွားပါတယ်။ မိုးပေါ်ပျံပြီး သူ့ချစ်သူ နတ်သမီးထံ ကလေး ၂ ဦးယူဆောင်လို့ သွားသွားတွေ့ပါတယ်။ ဒီလိုတွေ့နေတာ ကိုလည်း နောက်ဆုံးတော့ နတ်မင်းကြီးတို့ သိရှိသွားပါတယ်။ ဒီတော့ ဒါကို တားမြစ်ဖို့အတွက် ကြံစည်ပါတယ်။

ဒါကြောင့် Zhinu နဲ့ Niulang ကြားမှာ တွေ့ဆုံလို့မရတောင် ကောင်း ကင် မြစ်တစ်စင်း ခြားထားလိုက်ပါတယ်။ ယင်းမြစ်ကို ကျော်လွန်လို့ Niulang တစ်ယောက် မပျံသန်းနိုင်ပါဘူး။ ဒါကြောင့် ယက်ကန်းရက်ပြီး ဝမ်းနည်းနေတဲ့ သူ့ချစ်သူ နတ်သမီး Zhinu တစ်ဖက်ကမ်းက သူ့မိသားစု ကြည့်ရင်း အမြဲငိုကြွေးနေပါတော့တယ်။ ခင်ပွန်း Niulang လည်း ကလေးနှစ်ဦးနဲ့အတူ သူ့ချစ်သူကို လှမ်းကြည့်လို့ ဝမ်းနည်းနေရပါတော့ တယ်။

သို့ပေမယ့် ကံကောင်းပါတယ်။ သူ့တို့ နှစ်ဦးရဲ့  ကွဲကွာနေတဲ့ ချစ်ခြင်းကို သနားစာနာတဲ့ ကောင်းကင်ပေါ်က ငှက်ကျားများဟာ တစ်ကြိမ်တစ်ခါ တိတ်တဆိတ် တွေ့ဆုံစေနိုင်ဖို့အတွက် တံတားအဖြစ် လာရောက် တာဝန်ထမ်းဆောင်ပေးပါတယ်။ တစ်နှစ်လုံးမှာမှ တစ်နေ့ (တစ်ည)ပဲ ဖြစ် ပါတယ်။ တကယ်ကို တစ်ညပါပဲ။ တစ်ည တွေ့ဆုံပြီးနောက် ယင်းငှက် တို့ ပြန်လည် ပျံသန်းတဲ့အတွက် ဒီလိုပဲ နှစ်တိုင်း တွေ့ရမယ့် တစ်ညကို သာ မျှော်နေကြပါတယ်။ ယင်းချစ်သူတို့ တွေ့ဆုံတဲ့ နေ့လေးဟာ ချစ်သူများနေ့လေးပဲ ဖြစ်ပါတယ်။

တရုတ်ရိုးရာ ဒဏ္ဍာရီ ပုံပြင်တစ်ခု ဖြစ်ပါတယ်။ နတ်သမီး Zhinu နဲ့ နွားကျောင်းသား Niulang ဆိုတာ Altari နဲ့ Vega အမည်ရ ကြယ် များ ဖြစ်ပြီး သားသမီး နှစ်ဦးကတော့ β နဲ့ γ ကြယ်များ ဖြစ်ပါတယ်။ Altari နဲ့ Vega ကြားမှာ ခြားထားတဲ့ ကောင်းကင် မြစ်ကတော့ နဂါးငွေ့တန်း ဂလက်စီ ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ညတာ တွေ့ဆုံနိုင်အောင် ဖန်တီးပေး တဲ့ ငှက်များကတော့ နဂါးငွေ့တန်း ကလက်ဆီမှာ တစ်ကြိမ် မှာ ပေါ်လာတတ်တဲ့ Cygnus တန်း ဖြစ်ပါတယ်။

အမှန်တော့ တစ်နှစ်မဟုတ်ပါဘူး။ Luna month လို့ခေါ်တဲ့ လရဲ့  ရက် ၃၀ ဝန်းကျင်စာဖြစ်ပြီး လ ၇လ မြောက်ရဲ့  ၇ ရက်နေ့ဖြစ်ပါတယ်။ အကြမ်း ဖျင်းအားဖြင့် ၇ လူနာလ၊ ၇ရက် မြောက်နေ့လို့ မှတ်ယူနိုင်ပါတယ်။ များသောအားဖြင့် ကတော့ သြဂုတ်လအတွင်း ကျရောက်ပြီး နောက်ပိုင်း ကျတော့ အနောက်တိုင်းက ဖေဖော်ရီလ ၁၄ ရက်နေ့ ကို ရောပြီး ချစ်သူများနေ့ကို သတ်မှတ်ပါတယ်။ Altari နဲ့ Vega ကြယ်တို့ တွေ့ဆုံတဲ့ နေ့ ကိုလည်း ချစ်သူများနေ့အဖြစ် သီးသန့်လည်း ကျင်းပပါသေးတယ်။

ယင်းပွဲတော်ကို Qixi Festival (ချစ်သူများ ပွဲတော်)လို့ သတ်မှတ်ပြီး တရုတ်ပြည်နဲ့ တရုတ်လူမျိုးစုတို့ကြားမှာ ယနေ့တိုင် စည်စည်ကားကား ကျင်းပနေတဲ့ ပွဲဖြစ်ပါတယ်။ ချစ်သူတို့တင်မကပဲ ဇနီး၊ခင်ပွန်း၊သားသမီး အားလုံး ပါဝင်ပြီး တစ်ဦးကိုတစ်ဦး ပစ္စည်းပေးခြင်း၊ မုန့်ကျွေးခြင်း၊ ပျော်ပွဲ ရွှင်ပွဲ ကျင်းပခြင်း အစရှိသဖြင့် မိသားစု တစ်ခုလုံး သိုက်သိုက်ဝန်းဝန်း ကျင်းပပါတယ်။

ဒီချစ်သူများနေ့ - Qixi Festival ကတော့ တရုတ်ရိုးရာ ချစ်သူများနေ့ ဖြစ် ပါတယ်။ တရုတ် ရိုးရာဆိုပေမယ့် အာရှကနိုင်ငံအတော် များများမှာလည်း လွမ်းမိုးနေ့တဲ့ ချစ်သူများနေ့ တစ်နေ့လည်း ဖြစ်ကြောင်း သိရပါတယ်။
----
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/40031-china-valetine

.

အနောက်တိုင်းက သတ်မှတ်တဲ့ ချစ်သူများနေ့အပြင် တရုတ်လူမျိုး တို့ သတ်မှတ်တဲ့ ချစ်သူများနေ့ တစ်ရက် ရှိပါတယ်။ သူ့ရဲ့ သမိုင်းနဲ့ ဖြစ်လာပုံက ဒီလို ဖြစ်ပါတယ်။ Zhinu လို့အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေပါပြီ။ ဒီလိုနဲ့ သာမန်ဘဝလေးအတိုင်းနေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

ေ အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/40031-china-valetine

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...