မွန်မြတ်သော လေးဘာသာ
ဦးတိုးအောင်'s photo.
မေး ။ ။ ဘာသာကြီးလေးဘာသာကို လူအမျိုးမျိုး ကိုးကွယ်နေကြသည်။
ကျွန်ုပ်တို့ ဘာ့ကြောင့် မရှိတော့တဲ့ဘာသာရေးခေါင်းဆောင်များကို ရှိခိုးနေကြတာလဲ?
(၁) ကြောက်လို့လား?
(၂) လေးစားလို့လား ?
(၃) တစ်ခုခုရဖို့ မျှော်လင့်နေလို့လား?
(၄) မိရိုးဖလာအရ ရှိခိုးကြတာလား?
ဘယ်လိုကိုးကွယ်မှုမျိုးက အသင်တော်ဆုံးနှင့်အမှန်ကန်ဆုံး
ဖြစ်မည်ထင်ပါသလဲ?
ဖြေ။ ။ ဗုဒ္ဓဘာသာမှလွဲ၍ ကျန်သောဘာသာကြီးသုံးခုသည်
အကြောက်တရားကိုအခြေခံ၏။အဘယ့်ကြောင့်ဆိုသော် လူတစ်ယောက်သည် ကျွန်ုပ်၏နာမည်ကိုမေ့နေသည်ဟုပြောလာညားအံ့။
ထိုသူသည် ကျွန်ုပ်ကိုအလေးမထားမှန်းသိရ၏။မေ့ခြင်းသည်အလေးမထား
သောသဘောကိုဆောင်၏(မေ့တယ်ဆိုတာ အလေးမထားလို့)။
ထို့အတူ ကယ်တင်ရှင်စောင့်မျှော်နေသော လူတစ်ယောက်၏စိတ်တွင်လည်း အကြောက်တရားတို့လွှမ်းခြုံထားမှန်းသိရ၏(ကယ်တင်ရှင်စောင့်မျှော်နေတယ်ဆိုတာ ကြောက်လို့)။ဥပမာပြရလျှင် ပင်လယ်ထဲမှာ သင်္ဘော
ပျက်ပြီးရေနစ်နေသူတစ်ယောက် သေမှာကြောက်၍ ကယ်တင်ရှင်
မေခလာနတ်သမီးကိုစောင့်မျှော်နေသလိုမျိုးဖြစ်၏။
သို့သော် ဘာသာတိုင်းသည် လောက ငြိမ်းချမ်းဖို့အတွက် ပေါ်ထွန်းလာကြခြင်းသာဖြစ်၏။
လောကဓမ္မတာအရ အဓမ္မ မတရားမှု နှင့် ဓမ္မ တရားမှုတို့သည်
ရှိနေကြ၏။ဘာသာတရားတို့သည် ဓမ္မ တရားမှုဖြင့် အဓမ္မ မတရားမှုတို့ကို နှိမ်နင်းရန်ပေါ်ထွန်းလာခြင်းဖြစ်၏။
စစ်မှန်သောဘာသာတရားသည် အခြားဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ယောက်အား ငွေကြေးပကာသနနှင့်
ဆွယ်လိမ့်မည်မဟုတ်။ငွေနှင့်ဆွယ်၍ မိမိတို့ဘာသာထဲအတင်းဝင်ခိုင်းလျှင် ဓမ္မ တရားမှု မဟုတ်တော့။
အဓမ္မ မတရားမှုသာဖြစ်တော့၏။လူသည်လွတ်လပ်မှုကိုလိုလားသော သတ္တဝါဖြစ်၏။ကိုယ်ကြိုက်နှစ်သက်ရာဘာသာကို အချိန်အခါမရွေး
ကူးပြောင်းနိုင်ခွင့်ကို ဘာသာတရားတိုင်းက လက်ခံပေးရမည်ဖြစ်၏။ထိုသို့ လွတ်လွတ်လပ်လပ် ကူးပြောင်းခွင့်မပေး
လျှင် ဓမ္မမဟုတ်တော့။အဓမ္မသာဖြစ်တော့၏။အမှန်တကယ်တော့
ဘာသာကြီးလေးဘာသာတို့သည် သန့်စင်ကြ၏။မွန်မြတ်ကြပါ၏။မြတ်နိုးဖွယ်ကောင်း
သော ဓမ္မတို့ကို ပိုင်ဆိုင်ထားကြပါ၏။သို့သော် ဘာသာတရားတို့ကို
ဦးဆောင်သော အကြီးအမှူးတို့၏ အတ္တကြီးမှု၊တစ်ကမ္ဘာလုံးကိုသိမ်းပိုက်လိုသော လောဘ၊ဒေါသ၊မောဟ အဓမ္မ
တရားတို့လွှမ်းမိုးမှု တို့ကြောင့်သာ ဖြူစင်မွန်မြတ်သောတရားဓမ္မတို့ အစွန်းအထင်းပေခဲ့ကြခြင်းဖြစ်၏။
ဗုဒ္ဓဘာသာသည် ကံ ကံ၏အကျိုးကို ယုံကြည် သောဘာသာ
ဖြစ်၏။ကောင်းကံ ဆိုးကံသည်မိမိနှင့်သာသက်ဆိုင်၏။ဘုရားနှင့်လည်းမဆိုင် ၊ မိဘ
ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့်လည်းမဆိုင်။ကိုယ်ကကောင်းတာလုပ်လျှင် ကောင်းကျိုးခံစားရမည်ဖြစ်၏။ဆိုးတာလုပ်လျှင် ဆိုးကျိုးခံစားရမည်ဖြစ်၏။ လောင်းကစားလုပ်၊ အရက်သောက်ပြီးမူးရူးနေတဲ့လူတစ်ယောက်က ဘီလ်ဂိတ်လိုဝင်ငွေမျိုး
ရချင်နေလို့မဖြစ်။ဘီဂိတ်လို ဝင်ငွေရချင်လျှင် ဘီလ်ဂိတ်လိုအိုင်ကျူနှင့်
ဘီလ်ဂိတ်လုပ်သော အလုပ်ကို လုပ်မှရမည်ဖြစ်၏။ မြတ်စွာဘုရားသည် ကျွန်ုပ်တို့အား
နိဗ္ဗာန်လမ်းအပါအဝင် သုဂတိဘုံသို့ရောက်နိုင်မည့်လမ်းနှင့် ဒုက္ခတိဘုံသို့ရောက်နိုင်မည့်လမ်းတို့ကို ညွန်ပြပေးထားပါ၏။ထို့ကြောင့် ကျွန်ုပ်တို့ ကိုယ်ကြိုက်သည့်လမ်းကိုရွေးနိုင်ပါ၏။သွားနိုင်ပါ၏။
ထို့ကြောင့်နိဗ္ဗာန်ရောက်နိုင်မည့်လမ်းကိုညွှန်ပြပေးတော်မူသော မြတ်စွာဘုရား၏ဂုဏ်တော်၊ကျေးဇူးတော်များကို
အောက်မေ့လျက် အစဉ်ရိုသေလေးစားစွာဖြင့် ကျွန်ုပ်တို့၏ဦးခေါင်းထိပ်မှာထားပြီး နေ့စဉ်ရှိခိုးကန်တော့ကြပါ၏။သို့အတွက်ကြောင့်
မြတ်ဗုဒ္ဓညွှန်ပြပေးသောလမ်းစဉ်၏ အနှစ်တရားဖြစ်တော်မူသော မြတ်နိဗ္ဗာန်၏ ချမ်းသာသုခ(သန္တိသုခ)
ရရှိခံစားရန်အလို့ငှာ ဗုဒ္ဓဘာသာတရားကိုကိုးကွယ်ဆည်းကပ်ခြင်းသည်သာ အမှန်ကန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပါ၏။
ဦးတိုးအောင်
0 comments:
Post a Comment