လူပြောများနေတဲ့ အဲရစ်မြင့်ဆန်းအောင်အကြောင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
အလက်ဇန်းဒါးအဲရစ် ခေါ် အဲရစ်မြင့်ဆန်းအောင်ကို ၁၉၇၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ လန်ဒန်မြို့တွင် မွေးဖွားခဲ့သည်။ ၄င်း၏ဖခင် မိုက်ကယ်မှာ တိဘက်ဘာသာဗေဒဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မိခင်ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာစာပေဖြင့် ဖလော်ဆော်ဖီ မဟာဘွဲ့၊ ၄င်းနောက် ဒေါက်တာဘွဲ့များ ရရှိခဲ့သည်။
အဲရစ်မြင့်ဆန်းအောင်သည် အောက်စဖို့ရှိ Woodcote House School နှင့် Magdalen College School တို့တွင် တက်ရောက်ခဲ့သည်။ ၁၉၉၀ နှစ်တွင် Magdalen College School မှ ကျောင်းပြီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေစဉ် ၄င်းတို့ညီအစ်ကို နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဆုတံဆိပ်များစွာ လက်ခံရယူခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ညီဖြစ်သူ အဲရစ်ထိန်လင်း ခေါ် ကင်အဲရစ်မှာ မိခင်ဖြစ်သူနှင့် အစဉ်အမြဲ အဆက်အသွယ် ရှိနေသော်လည်း အလက်ဇန်းဒါးအဲရစ်မှာ အနေဝေးကွာနေကြောင်း၊ အငယ်ဖြစ်သူ ကင်အဲရစ်မှာ မိခင်ဖြစ်သူ အင်္ဂလန်လာရောက်စဉ် အတူတကွ နေထိုင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံသို့ ရောက်ရှိစဉ်က အလက်ဇန်းဒါးမှာ မိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံခြင်း မရှိခဲ့သဖြင့် အသိရခက်သော ဆက်ဆံရေး ဟု ခန့်မှန်းပြောကြားခဲ့ကြသည်။
သတင်းများတွင် ပျောက်ကွယ်နေခဲ့သော အလက်ဇန်းဒါးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဆီယက်တဲ၌ ကျင်းပပြုလုပ်ခဲ့သော အမေရိကန် နိုင်ငံသားခံယူသည့် naturalization ceremony သို့ တက်ရောက်ခဲ့သည်။ ယင်းအခမ်းအနားမှာ ပြည်ပနိုင်ငံသား ၁၀၀ ကျော် အမေရိကန်နိုင်ငံသားအဖြစ် ခံယူကြသည့် အခမ်းအနားလည်း ဖြစ်သည်။ ဆီယက်တဲမြို့တော်ဝန်၊ ဆီနိတ်တာများ၊ အရာရှိများ အများအပြား တက်ရောက်ကြသည့်ပွဲတွင် အမေရိကန်အလံကို ခေါင်းတွင်ပတ်ထားပြီး ကရင်သင်တိုင်းဝတ်စုံကို ၀တ်ဆင်ထားသည့် အလက်ဇန်းဒါးကို လူသိပ် မသိရှိခဲ့ကြပါ။ ၄င်းကို အလက်ဇန်းဒါးအဲရစ် ဟု သိရှိခဲ့ကြသူများမှာလည်း လက်တစ်ဆုပ်စာသာ ရှိခဲ့သည်။
အလက်ဇန်းဒါးသည် ဆိုင်မွန်ခင်အမည်ရှိ မြန်မာဒုက္ခသည်တစ်ဦးနှင့်တော့ ရင်းရင်းနှီးနှီး ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုဘယ်ဆုမှ ရရှိသည့် ဆုကြေးဖြင့် ထူထောင်ထားသော Prospect Burma ကို အလက်ဇန်းဒါးက တာဝန်ယူပြီး ပညာသင်ဆုများ ထောက်ပံ့ပေးခဲ့သည်။
"အလက်ဇန်းဒါးဟာ သူ့အမေနဲ့ ဘယ်တုန်းကမှ လူသိထင်ရှား တွဲပါလေ့ မရှိဘူး။ မီဒီယာတွေကလည်း သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားပါ ဆိုတာကို မသိကြဘူး။ သူက အရမ်းကို လျှို့ဝှက်တယ်။ မီဒီယာတွေက သူနဲ့ တွေ့ဆုံမေးမြန်းတာ မလုပ်နိုင်တော့ ထင်ရာမြင်ရာ လျှောက်ရေးကြတယ်" ဟု ဆိုင်မွန်ခင်က ပြောဆိုခဲ့သည်။
မီဒီယာများ ကောင်းစွာ မသိကြ၍ ထင်ရာမြင်ရာ ရေးနေကြသည့်အထဲတွင် အလက်ဇန်းဒါးသည် အမေရိကန်သို့ မရောက်ရှိမီ အစ္စလာမ်ဘာသာ ကူးပြောင်းခဲ့သည့် သတင်းများလည်း ပါဝင်ခဲ့သည်။ ၄င်းသတင်းများမှာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစ္စလာမ် ဘာသာဝင်များနှင့် နီးကပ်သော ဆက်ဆံရေးကို ထောက်၍ သားဖြစ်သူကို စာနာထောက်ထားခြင်းကြောင့် ဖြစ်ရသည့် သဘောမျိုး ပုံဖော်နေကြသည်များလည်း ရှိသည်။
"ဒါကတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်ဗျာ။ သူတို့နှစ်ယောက် ဒေါ်စု ကိုယ်စား နိုဘယ်ဆု လက်ခံယူတော့ သူက ၁၈ နှစ် ရှိပြီ။ အငယ်ကောင် ကင်က ၁၄ နှစ်ပဲ ရှိသေးတယ်။ ဒေါ်လာ ၁.၃ သန်း ရတယ်။ သူ့အမေ ကိုယ်စား အလက်ဇန်းဒါး တက်ရောက်လက်ခံခဲ့တဲ့ ဆုတံဆိပ်တွေက အများကြီးပဲ။ အဲဒီပွဲတွေမှာ သူ့အမေကိုယ်စား မိန့်ခွန်းတွေ အများကြီး ပြောခဲ့တယ်။ စပိန် အိုလံပစ်မှာ မီးရှူးတိုင်ရောက်တော့ အလက်ဇန်းဒါးက သူ့အမေကိုယ်စား တက်ခဲ့သေးတယ်။ အင်း နဂိုက ခရစ်ယာန်ဘာသာပါ။ နောက်ပိုင်းမှ အစ္စလာမ်ဘာသာ ကူးပြောင်းသွားသလား မသိဘူး" ဟု အလက်ဇန်းဒါးနှင့် နီးစပ်သော ပြည်ပရောက် မြန်မာတစ်ဦးက ပြောသည်။
"ပြောရရင်တော့ ဒေါ်စုကို နိုင်ငံတကာသိအောင် လုပ်ပေးခဲ့တာက မိုက်ကယ်ပါပဲ။ မိုက်ကယ်ဟာ ကင်ဆာရောဂါ ခံစားနေရတဲ့အချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေဆီ ဒေါ်စုအကြောင်းတွေပို့ပြီး သတင်းဖြန့်ချိခဲ့တာ။ Burma Campaign UK က အဓိကပေါ့ဗျာ။ အရင်တုန်းက ဘားမား ဆိုတာ သိပ်ပြီး သိလှတာ မဟုတ်ဘူး။ မိုက်ကယ်က လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို သွားတွေ့၊ သူ့ဇနီးအကြောင်း ပြောပြပြီး စလုပ်ခဲ့တာ။ ကင်ဆာဖြစ်တော့လည်း သူသေတော့မယ် ဆိုတာ သိတယ်။ မသေခင် ဒေါ်စုအတွက် လုပ်နိုင်တာ လုပ်သွားမယ် ဆိုပြီး လုပ်ခဲ့တာ။ ကလေးနှစ်ယောက်လည်း သူနဲ့အတူပါတယ်။ ဒေါ်စုက မြန်မာနိုင်ငံမှာ အဖမ်းခံနေရတာ။ အဲဒီတုန်းက ဘာဖြစ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဘယ်သူ ဒါတွေကို နိုင်ငံတကာက ဘယ်သိမလဲ။ မိုက်ကယ် လုပ်ပေးခဲ့တာ။ နိုဘယ်ဆု ရအောင်လည်း နိုဘယ်ဆု ရထားတဲ့ သူတွေကို သွားတွေ့ပြီး မိုက်ကယ်ပဲ လိုက်ပြီး စည်းရုံးခဲ့တာ။ အင်း...မိုက်ကယ်ကို ပြည်ပ နိုင်ငံကြီးတွေက လုပ်ကြံတယ် ဆိုတဲ့သတင်းလည်း ထွက်ခဲ့သေးတယ်။ ဒေါ်စု မြန်မာနိုင်ငံ ခေါင်းဆောင်ဖြစ်ဖို့ မိုက်ကယ်ကို ရှင်းပစ်ရမယ် ဆိုတဲ့ အတွေးကတော့ တိမ်လွန်းပါတယ်။ အမှန်က သူ့ဘာသာ ကင်ဆာဖြစ်တာကြောင့် ဆုံးသွားတာပါ။ သူ့သားတွေက ဘယ်တုန်းကမှ မြန်မာနိုင်ငံသား မဟုတ်ခဲ့ဘူးဗျ။ အစတုန်းက စာရင်းတော့ ၀င်နေသေးတယ် ထင်တယ်။ ၁၉၈၉ ခုနှစ်မှာ န၀တအစိုးရက နိုင်ငံသားစာရင်းက တရားဝင် ပယ်လိုက်တာလို့တော့ သိရတယ်။ အင်္ဂလန်နိုင်ငံသားတွေပါ။ အခုတော့ အလက်ဇန်းဒါးက အမေရိကန်နိုင်ငံသား ဖြစ်သွားပြီ ထင်တယ်။ မူဆလင် ကူးပြောင်းတယ် ဆိုတာကတော့ မခိုင်လုံတဲ့သတင်းတွေပါ" ဟု ၄င်းတို့နှင့် အိမ်နီးချင်း ဖြစ်သူ အင်္ဂလန်နိုင်ငံသား တစ်ဦးက ပြောကြားသည်။
အလက်ဇန်းဒါးသည် မိုက်ကယ်အဲရစ် ကွယ်လွန်ပြီးနောက် ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးတို သွားရောက်ခဲ့ကြောင်း၊ မိခင်ဖြစ်သူအပေါ် စိတ်နာနေသူ ဟု အတွင်းသိများက ပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်က တယ်လီဖုန်းဖြင့် ဆက်သွယ်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း သိရသည်။
CD to P-896530912
စဉ်းစားတွေးတောစရာများပါပေ ။
မာဃ
0 comments:
Post a Comment