ဖုန်းနံပါတ် အစိမ်းဆို သတိထားကြ
ဖေဖော်ဝါရီ ၆ ရက် ည ၈း ၄၅
မန္တလေးမြို့မဟာအောင်မြေမြို့နယ် စက်ြင်္ာနွစဉ်ရပ် ၃၆×၃၇ လမ်း ၇၅
အလယ်ပလီဝင်း အဘ(ဦးမြင့်ထူး) အမိမသူဇာခင် ၏သမီးဖြစ်သူအ
သက်၁၄နှစ်အ-လ-က(၈)ဘ-ကကျောင်းမှ ၇ တန်းကျောင်းသူလေး
မသန္တာဖြိုး သည် ည ၈း၄၅ ခန့်တီဗွီကြည့်နေစဉ် ဖုန်းမည်လာသဖြင့်

02-200 ဖုန်းနံပါတ်စိမ်းဖြစ်သဖြင့် ဟဲလိုပြောလိုက်ရာမှ ကြောက်လန့်
စရာအသံအကျယ်ကြီးကြားရပြီး ဖုန်းနားထောင်ရာဘယ်ဖက်နားမှစပြီး
တကိုယ်လုံးလျှပ်စစ်စီးသလိုဖြစ်ကာ သတိလစ်ခဲ့ရတဲ့အဆင့်ထိဖြစ်
ပွားခဲ့သည်ချက်ချင်းနီးစပ်ရာ အာရောဂျံဆေးခန်းပြပြီးဆေးကုသမှူ့ခံယူနေသည်
သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖုန်းနှင့်ပါတ်သက်သည့်စိတ်ဝင်
စားစရာအချက်အလက်များအားမေးမြန်းစုစည်းနေကြသည်
ရပ်ကွက်တွင်းနေထိုင်သူများမှလည်း မကြာသေးခင် ၃- ၄ ရက်လောက်မှ အင်တာနက်စာမျက်နှာမှာဖုန်းနံပါတ်တချို့ကိုဂရုစိုက်ဖို့
အန္တရယ်ရှိကြောင်းရေးထားတာတွေ့ထားတယ်ဒါကြောင့်အခုလို
ဖြစ်ပြီးတဲ့နောက်မှာကလေးငယ်တွေ အားလုံးအတွက် စိုးရိမ်နေမိကြောင်းပြောပြသည် ။

ဖြစ်စဉ်နှင့်ပါတ်သက်ပြီး ထူးခြားချက်မှာ ကလေးငယ်ကိုင်သော
HUAWEI လက်ကိုင်ဖုန်းအတွင်း အပြင်မှဝင်လာသော 02-200 ကိုပြန်ရှာရာ လုံးဝမရှိတော့ကြောင်းတွေ့ရသည်။
မိဘများအားလုံး ကလေးငယ်များ ဖုန်းပေးထားလျှင် မဖြစ်ခင်က
ကြိုတင်ကာကွယ်ဂရုစိုက်ကြပါခင်ဗျား ။
မုံရွာ- မတ္တရာမှာလည်းဖြစ်စဉ်တူတွေရှိနေပါတယ်။
အားလုံးကျေးဇူးပါ။

ဘကြီးအောင်
0 comments:
Post a Comment