Sunday, February 9, 2014

အကြောက်ဦးစီး ပြည်သူ့ကူလီ . . .

အကြောက်ဦးစီး ပြည်သူ့ကူလီ . . .

ဆြာမာသည် ပြည်သူ့ ၀န်ထမ်းတစ်ဦးဖြစ်သည် ။ ပြည်သူဟူသည် တိုင်းပြည် မှာနေသော ပြည်သူ ပြည်သား ။ ၀န် ကို ထမ်းသောသူဟူ
သည် ရှေးခေတ် ဗန်းစကားဖြင့် ကူလီမည်၏ ။

ထိုကြောင့် ဆြာမာသည် တိုင်းသူပြည်သားတို့၏ ကူလီပင်ဖြစ်သည် ။
ကူလီသည် လူတကာ လူတကာထက်အောက်ကျသောသူပင်ဖြစ်သည်
ဟု အနက်ကောက်နိုင်သလို ၊ လူတကာ၏ ၀န်ထုတ်ဝန်ပိုး ( အဘိုးအဘွား
သက်ကြီးရွယ် အို ၊ အားနွဲ့သူ မိန်းမသူ ၊ အရွယ်မရောက်သေးသူ ကလေး၊
ခွန်အားရှိသော်လည်း သောက်ပျင်းကျသူ ယောင်္ကျားရင့်မကြီးတို)့၏ ၀န်ကိုပါ အခကြေးငွေယူ၍ ထမ်းပေးရသည့်နည်းတူ ... ။

ဆြာမာတို့ အစိုးရ၀န်ထမ်းအလုပ်သည်လည်း ယူတတ်လျှင်ကုသိုလ်
မယူတတ်လျှင် ငရဲ ၊ အင်မတန် ၀ဋ်ကြီးပေသော အလုပ်ဟူ၏ ။

ဆြာမာ တို့ ၀န်ထမ်းခေတ်ကတိုင်ခင်က ၀န်ထမ်းတို့ အင်မတန် အာဏာ
သြဇာကြီးခဲ့သည် ဟု ပုံပြင်များဖတ်ဖူးသည် ။ လုပ်ချင်လုပ်မလုပ်ချင်နေ
သောက်ဂရုကိုမစိုက်ဘူး ဟူ၍ ဌင်း ၊ ဘာလဲ ဘာလုပ်ချင်လို့လဲ ၊ မရှိဘူး
မသိဘူး ၊ အမိန့်မရဘူး ဟူ၍ ဌင်း ၊ အဲ့ဒါက မရဘူး အဆင်မပြေဘူး 
လူကြီးမှ ပြီးမှာ ၊ လူကြီးကို ကတော့ရမယ် ၊ လာထား xxx ဘယ်လောက်
ဟူ၍ ဌင်း ၊ မစားရ ညော်ခံ သရေကျစရာ ၊ စီနီယာ့ စီနီယာကြီးများက 
ပြောပြကြလေသည် ။

ယခုများတွင်ကား ............................... ။

ဆြာမာသည် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးဖြစ်သည် ။ တနည်းအားဖြင့် 
ပြည့်သူ့ချဉ်ဖတ်တစ်ဦးဟု ဆိုပါဘိ ။ ဆြာမာ လူမှန်းသိစပြီးချိန်မှ စ၍ ဘွဲ့ရပြီး ၀န်ထမ်းဝင်ချိန်အထိ မည်သူတစ်ဦးတစ်ယောက်ဆီထံမှ လူလူသူသူ အမုန်းမခံဘူး ။ ယခု မူကားထိုသို့မဟုတ် ဆြာမာ သည် အံ့ကျော် ကဲ့သို မျက်နှာကြီးကို မဲ့ပြစရာလို ၊ အောင်ခိုင်ကဲ့သို့ မျက်နှာကို
ဗလက်ကာရ ပြုတော့မည်ကဲ့သို ပြီတီတီလုပ်ပြစရာမလို ၊ ယူနီဖောင်းလေး
ဝတ်အပြင်ကိုထွက်သည်နှင့် အော်တို အမုန်းခံရသော ပြည်သူ့အချစ်တော်
ဖြစ်လေရသည်တမုံ ။

ဆြာမာ ဂုဏ်ယူရပါသည် ။ ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်မိပါသည် ။ 
ရှေ့မှ အစိုးရမင်းများ ၊ ရှေ့မှ စီနီယာကြီးများ လုပ်ခဲ့သော အရှုပ်ထုတ်
မှန်သမျှ ဆြာမာတို့ ခေတ်သစ်ဝန်ထမ်းလေးများအပေါ် ဗွမ်းခနဲပုံကျ
ပါသကော ။ ကိစ္စမရှိ ။ ထိုမျှ လောက်နှင့် လုပ်ချင်ရာလုပ်လာခဲ့သော
ဆြာမာတို့အနေနှင့် နိုး ပရော်ပလန်ဟု ဘိုလို မှုတ်လိုက်ချင်သည် ။

ပြသနာက ဤသို့ ။

အကိုရေ . . . ထောင်ဝင်စာဆိုတာလေ ၊ အချုပ်သားဆို နှစ်ပါတ်မှာ
တစ်ခါ ၊ ထောင်ကျပြီးတဲ့ အကျဉ်းသားဆို တစ်ပါတ်မှာ တစ်ခါ သာတွေ့
ရပါတယ် ၊ အကိုတို့ အကျဉ်းသား က ဒီအပါတ် တနင်္လာနေ့ကတွေ့
ပြီးပြီဆိုတော့လေ . . . ဒီနေ့မှ ကြာသပတေး တွေ့လို့မရတော့ပါ
ဘူးခင်ဗျ . . .။ ဆြာမာ သည် မျက်နှာကို ယောက်ခမ လောင်းနှင့်တွေ့
သလို ပရွတ်ဆိတ်တက်လောက်သည့် မျက်နှာချိုသရဲ နှင့် ပြောရာ 
ထို ပုဂိုလ်က .........။ 

ဟဲဟဲ . . . ဆရာရယ် အေးဆေးပေါ့ ၊ ကျနော် တို့ကလည်း သိတတ်
ပါတယ် ၊ အဆင်ပြေအောင်လုပ်ပေးပါ ၊ ဆရာလည်း အဆင်ပြေစေရပါ
မယ် ဟူ၍ သူ့မှတ်ပုံတင်အောက်တွင် ငါးထောင်တန် ဆင်ကြီးတစ်ကောင်
ထည့်ပေးလေသည် ။ ဆြာမာ မည်သို့ ပြုရမည်နည်း ။ လကလည်းကုန်
ခါနီးဆဲဆဲ ၂၃ ရက် ၊ ငွေကလည်းပြတ်နေပြီ ။ ဘာညာ ဘာညာ အီစီကလီ
ကလည်း ကိုကြီးနော် အဟွန့် ညလေး ဒီနေ့ xxx ဆိုင်က စောင့်နေပါနော်
အဟွန့် ဟူ၍ ဖုန်းထဲမှ ရင်ထဲ အသည်းထဲကိုပါ ညို့ယူထားသည်ဖြစ်သော်
လည်း ၊ စစစ လုံးမှ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကြေငြာချက်ကို
ကြောက်ရွံ့၍သော်ဌင်း ၊ နောင်ဘ၀ ကိုယ့်ကျောကုန်းသားကို ကိုယ်ပြန်စား
နေရမှာ ကြောက်၍သော်ဌင်း ၊ အဘထောင်ပိုင်ကြီး၏ တပြည်ဝင်လက်သီးဆုပ်ကြီးကို လန့်၍ သော်ဌင်း . . .။

မရပါဘူးအကိုရယ် ၊ အခုက အရင်လိုမရတော့ပါဘူး ၊ လာဘ်ပေးလာဘ်ယူ လုပ်လို့မရပါဘူး ။ ကျနော်လည်းပိုက်ဆံလိုချင်တာ
ပေါ့လေ ၊ ဒါပေမယ့် ကြောက်လွန်းလို့ပါအကိုရယ် ။ နောက်တစ်ပတ်တနင်္လာနေ့မှ လာလိုက်ပါနော်ဟူ ဘယ်ရည်းစားကိုမှ 
မချွဲခဲ့ဖူးသော လေသံနှင့် ချွဲလိုက်ရာ . . . ။

ထို ပုဂိုလ်ကား ဆြာမာကို အင်မတန်ကြောက်တတ်သော ၀န်ထမ်းတစ်
ယောက်ဟု ထင်၍လားမသိ ။

ဟိတ်လူ . . . အို ကြာပါတယ် . . . ဟိတ်ကောင် ။ မင်းရမလား မရဘူး
လား နှစ်ခွန်းမှာ တစ်ခွန်းပဲပြော ၊ ငါ ဒီမြို့နယ်က ဒေါင်းပါတီ အတွင်းရေး
မှုးကွ ။ ဘာမှတ်နေသလဲ . . . ဟွန်းဟွန်း ။ ငါ နိုင်ငံတော် သမ္မတဆီ 
စာတစ်စောင်ရေးတိုင်လိုက်ရင် ၊ မင်းလိုကောင်မပြောနဲ့ မင်းအထက်လူ
ကြီးပါ ဟရေး လို့အော်သွားရမယ် ။ ရမှာလား မရဘူးလား နှစ်ခွန်းမှာ
တစ်ခွန်းပဲ ပြော ........... ပြော စမ်း ........... ဟူ၍ အတည်အခန့်ကြီး
ဟောက်လေရာ ။

ဆြာမာလည်း တော်တော်တင်း သွားသည့်အလျှောက် ၊ မျက်နှာကို အမာ
ဆုံးထားပြီး ... ။

ဟီဟိ . . . ခဏနော် အကိုနော် ၊ အကိုကြီးနော် ၊ ညီလေးနော် လူကြီးဆီကိုနော် ခဏတင်ပြလိုက်ဦးပါ့မယ်နော် ၊ ခဏလေးပါနော် ။ အကိုကြီး စိတ်ရှည်ရှည်လေးထားပြီး ခဏစောင့်ပေးပါနော် ၊ ဘာမှမလုပ်
လိုက်ပါနဲ့နော် ၊ သမ္မတကြီးဆီကိုလည်း စိတ်လိုက်မာန်ပါ မတိုင်ပါနဲ့ဦး
နော်ဟု ဒေါသထွက်ထွက်နှင့် စပ်ဖြဲဖြဲပြောလိုက်ရတော့သည်တမုံ ။

ဝဋ်ကြီးလှပေသည်တကား ။သာမန်ပြည်သူတို့ကား သတ်မှတ်ထားသည့်
ဥပဒေ ကိုလိုက်နာကြသလောက် ၊ ထိုဒေါင်းပါတီတို့ကား ၀န်ထမ်းများကို
နိုင်စားလှသည်ပါတကား ။ ဒေါင်းပါတီသာ မက ၊ ကြံ့ပါတီကြီးမှ ဆရာများ
ကလည်း ထိုလူကြီးနှင့်သိသည် ၊လုပ်ပေးဦး ၊ မလုပ်ပေးလျှင် နယ်ပြောင်း
ခိုင်းမည် ၊ ဖြုတ်မည် ၊ ဘာညာ သာလကာနှင့် ဒုက္ခပေးလွန်းလှပါ၏ ။

ဆြာမာကား လုပ်ချင်ဦးဟဲ့ ၀န်ထမ်း ၊ ကုပဏီမှာ အဆစ်စတန့်မန်နေဂျာ
လုပ်နေရာကနေ ချဉ်ဖတ်အလုပ်ကို ယောင်္ကျားပီသသည် ၊ လူပေါင်းစုံနှင့်
ကြုံရသည် ၊ စိတ်ဝင်စားသည် ၊ ကူညီသင့်သူတွေကို ကူညီမည်ဟုဆိုကာ
လုပ်ချင်ဦးဟဲ့ ဟု ကိုယ့်နဖူးကိုသာ ကိုယ်ရိုက်မိသည်တမုံ ။

ထိုတွင်လား မကသေး ။

ဒီမှာ ကိုယ့်လူ . . .။ ဆြာမာကားထောင်ဝင်စာတွေများလွန်း၍ စိတ်ရှုပ်
နေရသည့်အထဲ ဒီမှာကိုယ့်လူဟု ငစိန်ဆန်လောက်မာသည့်အသံကို
ကြား၍ ကျောက်ကံဆန်လောက်မာသည့် အသံနှင့် ထူးမိပြီး တပြိုက်နက်
မျက်လုံးမော်ကြည့်မိသည် ။ 

ထိုဆရာကား ၊ ကွာတားဘောင်းဘီ ၊ တီရှပ်နှင့် ကင်မရာကြီးကိုလွယ်ထား
ပြီး ခပ်တည်တည်ကြီး ရပ်နေလေသည် ။

လေးပုံတစ်ပုံလွတ်ငြိမ်းချမ်းသာခွင့်ရှိတယ်ဆို ။ ထိုဆရာကမေးသည် ။
ဆြာမာကား ထိုကိစ္စကိုကြားသည် ၊ အတိအကျမသိ ၊ ထိုကြောင့် 
အသေအချာမသိဘူး ဗျ ၊ ကြားတော့ကြားတယ် ဟု ဖြေမိသည် ။

ဘာ ........ ဘာဖြစ်တယ် ။ ပြန်ပြောစမ်းပါဦး ။ ထိုဆရာကား ကင်မရာ
ကို သေနတ်ကဲ့သို့ ဖြတ်ခနဲ ကိုင်ကာ ဆြာမာကိုချိန်ပြီးမေးလေသည် ။
ဆြာမာကား ကင်မရာကို ရိုင်ဖယ်ထက်ကြောက်သည် ။ ရိုင်ဖယ်ကား
အင်္ဂလိပ်ခတ်ကတည်းက လက်ကျန်ဖြစ်သောကြောင့် တောင်ချိန်လျှင်
မြောက်သွားသည် ။ ကင်မရာကားထိုသို့မဟုတ် ၊ တည့်ချိန်လျှင် 
တည့်ထိသည် ၊ ဆြာမာ့သူငယ်ချင်းများ ထိုကင်မရာနှင့် ဖုန်းအင်တာ
ဗျုးကြောင့် ဒီအီး ထိသူတွေ များလှချေပြီ။ 

ဆြာမာ တွန့်သွားသည် ။ ထိုကြောင့် ထုံးစံအတိုင်း တင်း သွားကာ ။

အဟဲ . . . အကိုက ဘယ်ဂျာနယ်ကလဲဟင် ၊ ဘာသိချင်လို့လဲဟင်
ကျနော်သိသလောက်တော့ ပြောပြမယ်လေ ၊ နော်နော် ၊ အကိုနော်
ပြောပြမယ်နော် ၊ ကင်မရာကြီးနဲ့တော့ ချိန်ပါနဲ့နော် ၊ ကြောက်လို့ပါ
နော်ဟု မယားငယ် ပိုက်ဆံတောင်းသကဲ့သလို့သာ နုးရ နှပ်ရလေ
တော့သည် ။ သို့သော် ထိုဆရာက ။

ဘာ . . . ဘယ်ဂျာနယ်ကလဲ ပြောစရာမလိုဘူး ၊ မေးရင်ဖြေပါ ၊ အလကား
မေးနေတာမဟုတ်ဘူး ၊ ပြည်သူတွေ သိရအောင် သတင်းလာယူတာ ။
ခဗျားတို့ ဗျုရိုကရက်တွေ က xxxxx ။ ပြည်သူတွေကို အနိုင်ကျင့် နေတာ
xxxxxx ။ ခဗျားတို့ဟာ xxxx ။ စသည်ဖြင့် အာဘောင်အာရင်းသန်သန်ဖြင့် ပြောလေရာ ဆြာမာလည်း မျက်နှာဇီးရွက်
လောက်ဖြင့် ရှောင်တိမ်းရတော့သည် ။

ပြည်သူ့ ကူလီဘ၀ကား အရိပ်မည်းများကြောင့် ခံစားရခက်လှပေသည် ။

ထိုကြောင့် ဆြာမာသည် ဒေါင်းနိုင်ငံရေးသမား ၊ ကြံ့နိုင်ငံရေးသမားမှစ၍
နိုင်ငံရေးသမားဟူသမျှ မချိသွားဖြဲနှင့်ကြောက်တတ်သည် ။

ဘယ်သတင်းထောက် ၊ ညာသတင်းထောက်မှစ၍ ၊ ကင်မရာလွယ်ထား
သော ခါး ( ခါးပိုက်နိုက်အထိ ) ကြောက်တတ်လာသည် ။ 

တနေ့ ဆြာမာကို အိမ်က မာတာမိခင်က ဖုန်းဆက်လာသည် ။ သားကြီး
နင်တို့ အကျဉ်းဦးစီး ၀န်ထမ်းတွေ ကို မနေ့က ငါဈေးသွားရင်းတွေ့တော့
နင့်ကို သတိရလိုက်တာ ဟုပြောလေရာ ။

ဆြာမာမှ အမေ ဒီခေတ်မှာ အကျဉ်းဦးစီး ၀န်ထမ်း မရှိတော့ဘူးဗျ ၊
အကြောက်ဦးစီး ၀န်ထမ်းပဲ ရှိတော့တယ်ဟု ရွဲ့လိုက်မိတော့သတည်း ။

အမှားပါရှိတောင်းပန်ပါ၏ ပရိတ်သတ်

ဆြာမာ 
( ၉ ။ ၂ ။ ၂၀၁၄ )
ဆြာမာသည် ပြည်သူ့ ၀န်ထမ်းတစ်ဦးဖြစ်သည် ။ ပြည်သူဟူသည် တိုင်းပြည် မှာနေသော ပြည်သူ ပြည်သား ။ ၀န် ကို ထမ်းသောသူဟူ
သည် ရှေးခေတ် ဗန်းစကားဖြင့် ကူလီမည်၏ ။

ထိုကြောင့် ဆြာမာသည် တိုင်းသူပြည်သားတို့၏ ကူလီပင်ဖြစ်သည် ။
ကူလီသည် လူတကာ လူတကာထက်အောက်ကျသောသူပင်ဖြစ်သည်
ဟု အနက်ကောက်နိုင်သလို ၊ လူတကာ၏ ၀န်ထုတ်ဝန်ပိုး ( အဘိုးအဘွား
သက်ကြီးရွယ် အို ၊ အားနွဲ့သူ မိန်းမသူ ၊ အရွယ်မရောက်သေးသူ ကလေး၊
ခွန်အားရှိသော်လည်း သောက်ပျင်းကျသူ ယောင်္ကျားရင့်မကြီးတို)့၏ ၀န်ကိုပါ အခကြေးငွေယူ၍ ထမ်းပေးရသည့်နည်းတူ ... ။

ဆြာမာတို့ အစိုးရ၀န်ထမ်းအလုပ်သည်လည်း ယူတတ်လျှင်ကုသိုလ် မယူတတ်လျှင် ငရဲ ၊ အင်မတန် ၀ဋ်ကြီးပေသော အလုပ်ဟူ၏ ။

ဆြာမာ တို့ ၀န်ထမ်းခေတ်ကတိုင်ခင်က ၀န်ထမ်းတို့ အင်မတန် အာဏာ
သြဇာကြီးခဲ့သည် ဟု ပုံပြင်များဖတ်ဖူးသည် ။ လုပ်ချင်လုပ်မလုပ်ချင်နေ
သောက်ဂရုကိုမစိုက်ဘူး ဟူ၍ ဌင်း ၊ ဘာလဲ ဘာလုပ်ချင်လို့လဲ ၊ မရှိဘူး
မသိဘူး ၊ အမိန့်မရဘူး ဟူ၍ ဌင်း ၊ အဲ့ဒါက မရဘူး အဆင်မပြေဘူး
လူကြီးမှ ပြီးမှာ ၊ လူကြီးကို ကတော့ရမယ် ၊ လာထား xxx ဘယ်လောက်
ဟူ၍ ဌင်း ၊ မစားရ ညော်ခံ သရေကျစရာ ၊ စီနီယာ့ စီနီယာကြီးများက
ပြောပြကြလေသည် ။

ယခုများတွင်ကား ............................... ။

ဆြာမာသည် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးဖြစ်သည် ။ တနည်းအားဖြင့်
ပြည့်သူ့ချဉ်ဖတ်တစ်ဦးဟု ဆိုပါဘိ ။ ဆြာမာ လူမှန်းသိစပြီးချိန်မှ စ၍ ဘွဲ့ရပြီး 
ဝန်ထမ်းဝင်ချိန်အထိ မည်သူတစ်ဦးတစ်ယောက်ဆီထံမှ လူလူသူသူ အမုန်းမခံဘူး ။
 ယခု မူကားထိုသို့မဟုတ် ဆြာမာ သည် အံ့ကျော် ကဲ့သို မျက်နှာကြီးကို မဲ့ပြစရာလို ၊
 အောင်ခိုင်ကဲ့သို့ မျက်နှာကို
ဗလက်ကာရ ပြုတော့မည်ကဲ့သို ပြီတီတီလုပ်ပြစရာမလို ၊ ယူနီဖောင်းလေး
ဝတ်အပြင်ကိုထွက်သည်နှင့် အော်တို အမုန်းခံရသော ပြည်သူ့အချစ်တော်
ဖြစ်လေရသည်တမုံ ။

ဆြာမာ ဂုဏ်ယူရပါသည် ။ ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်မိပါသည် ။
ရှေ့မှ အစိုးရမင်းများ ၊ ရှေ့မှ စီနီယာကြီးများ လုပ်ခဲ့သော အရှုပ်ထုတ်
မှန်သမျှ ဆြာမာတို့ ခေတ်သစ်ဝန်ထမ်းလေးများအပေါ် ဗွမ်းခနဲပုံကျ
ပါသကော ။ ကိစ္စမရှိ ။ ထိုမျှ လောက်နှင့် လုပ်ချင်ရာလုပ်လာခဲ့သော
ဆြာမာတို့အနေနှင့် နိုး ပရော်ပလန်ဟု ဘိုလို မှုတ်လိုက်ချင်သည် ။

ပြသနာက ဤသို့ ။

အကိုရေ . . . ထောင်ဝင်စာဆိုတာလေ ၊ အချုပ်သားဆို နှစ်ပါတ်မှာ
တစ်ခါ ၊ ထောင်ကျပြီးတဲ့ အကျဉ်းသားဆို တစ်ပါတ်မှာ တစ်ခါ သာတွေ့
ရပါတယ် ၊ အကိုတို့ အကျဉ်းသား က ဒီအပါတ် တနင်္လာနေ့ကတွေ့
ပြီးပြီဆိုတော့လေ . . . ဒီနေ့မှ ကြာသပတေး တွေ့လို့မရတော့ပါ
ဘူးခင်ဗျ . . .။ ဆြာမာ သည် မျက်နှာကို ယောက်ခမ လောင်းနှင့်တွေ့
သလို ပရွတ်ဆိတ်တက်လောက်သည့် မျက်နှာချိုသရဲ နှင့် ပြောရာ
ထို ပုဂိုလ်က .........။

ဟဲဟဲ . . . ဆရာရယ် အေးဆေးပေါ့ ၊ ကျနော် တို့ကလည်း သိတတ်
ပါတယ် ၊ အဆင်ပြေအောင်လုပ်ပေးပါ ၊ ဆရာလည်း အဆင်ပြေစေရပါ
မယ် ဟူ၍ သူ့မှတ်ပုံတင်အောက်တွင် ငါးထောင်တန် ဆင်ကြီးတစ်ကောင်
ထည့်ပေးလေသည် ။ ဆြာမာ မည်သို့ ပြုရမည်နည်း ။ လကလည်းကုန်
ခါနီးဆဲဆဲ ၂၃ ရက် ၊ ငွေကလည်းပြတ်နေပြီ ။ ဘာညာ ဘာညာ အီစီကလီ
ကလည်း ကိုကြီးနော် အဟွန့် ညလေး ဒီနေ့ xxx ဆိုင်က စောင့်နေပါနော်
အဟွန့် ဟူ၍ ဖုန်းထဲမှ ရင်ထဲ အသည်းထဲကိုပါ ညို့ယူထားသည်ဖြစ်သော်
လည်း ၊ စစစ လုံးမှ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကြေငြာချက်ကို
ကြောက်ရွံ့၍သော်ဌင်း ၊ နောင်ဘ၀ ကိုယ့်ကျောကုန်းသားကို ကိုယ်ပြန်စား
နေရမှာ ကြောက်၍သော်ဌင်း ၊ အဘထောင်ပိုင်ကြီး၏ တပြည်ဝင်လက်သီးဆုပ်ကြီးကို လန့်၍
 သော်ဌင်း . . .။

မရပါဘူးအကိုရယ် ၊ အခုက အရင်လိုမရတော့ပါဘူး ၊ လာဘ်ပေးလာဘ်ယူ လုပ်လို့မရပါဘူး ။ ကျနော်လည်းပိုက်ဆံလိုချင်တာ
ပေါ့လေ ၊ ဒါပေမယ့် ကြောက်လွန်းလို့ပါအကိုရယ် ။ နောက်တစ်ပတ်တနင်္လာနေ့မှ
 လာလိုက်ပါနော်ဟူ ဘယ်ရည်းစားကိုမှ
မချွဲခဲ့ဖူးသော လေသံနှင့် ချွဲလိုက်ရာ . . . ။

ထို ပုဂိုလ်ကား ဆြာမာကို အင်မတန်ကြောက်တတ်သော ၀န်ထမ်းတစ်
ယောက်ဟု ထင်၍လားမသိ ။

ဟိတ်လူ . . . အို ကြာပါတယ် . . . ဟိတ်ကောင် ။ မင်းရမလား မရဘူး
လား နှစ်ခွန်းမှာ တစ်ခွန်းပဲပြော ၊ ငါ ဒီမြို့နယ်က ဒေါင်းပါတီ အတွင်းရေး
မှုးကွ ။ ဘာမှတ်နေသလဲ . . . ဟွန်းဟွန်း ။ ငါ နိုင်ငံတော် သမ္မတဆီ
စာတစ်စောင်ရေးတိုင်လိုက်ရင် ၊ မင်းလိုကောင်မပြောနဲ့ မင်းအထက်လူ
ကြီးပါ ဟရေး လို့အော်သွားရမယ် ။ ရမှာလား မရဘူးလား နှစ်ခွန်းမှာ
တစ်ခွန်းပဲ ပြော ........... ပြော စမ်း ........... ဟူ၍ အတည်အခန့်ကြီး
ဟောက်လေရာ ။

ဆြာမာလည်း တော်တော်တင်း သွားသည့်အလျှောက် ၊ မျက်နှာကို အမာ
ဆုံးထားပြီး ... ။

ဟီဟိ . . . ခဏနော် အကိုနော် ၊ အကိုကြီးနော် ၊ ညီလေးနော် လူကြီးဆီကိုနော် ခဏတင်ပြလိုက်ဦးပါ့မယ်နော် ၊ ခဏလေးပါနော် ။ အကိုကြီး စိတ်ရှည်ရှည်လေးထားပြီး ခဏစောင့်ပေးပါနော် ၊ ဘာမှမလုပ်
လိုက်ပါနဲ့နော် ၊ သမ္မတကြီးဆီကိုလည်း စိတ်လိုက်မာန်ပါ မတိုင်ပါနဲ့ဦး
နော်ဟု ဒေါသထွက်ထွက်နှင့် စပ်ဖြဲဖြဲပြောလိုက်ရတော့သည်တမုံ ။

ဝဋ်ကြီးလှပေသည်တကား ။သာမန်ပြည်သူတို့ကား သတ်မှတ်ထားသည့်
ဥပဒေ ကိုလိုက်နာကြသလောက် ၊ ထိုဒေါင်းပါတီတို့ကား ၀န်ထမ်းများကို
နိုင်စားလှသည်ပါတကား ။ ဒေါင်းပါတီသာ မက ၊ ကြံ့ပါတီကြီးမှ ဆရာများ
ကလည်း ထိုလူကြီးနှင့်သိသည် ၊လုပ်ပေးဦး ၊ မလုပ်ပေးလျှင် နယ်ပြောင်း
ခိုင်းမည် ၊ ဖြုတ်မည် ၊ ဘာညာ သာလကာနှင့် ဒုက္ခပေးလွန်းလှပါ၏ ။

ဆြာမာကား လုပ်ချင်ဦးဟဲ့ ၀န်ထမ်း ၊ ကုပဏီမှာ အဆစ်စတန့်မန်နေဂျာ
လုပ်နေရာကနေ ချဉ်ဖတ်အလုပ်ကို ယောင်္ကျားပီသသည် ၊ လူပေါင်းစုံနှင့်
ကြုံရသည် ၊ စိတ်ဝင်စားသည် ၊ ကူညီသင့်သူတွေကို ကူညီမည်ဟုဆိုကာ
လုပ်ချင်ဦးဟဲ့ ဟု ကိုယ့်နဖူးကိုသာ ကိုယ်ရိုက်မိသည်တမုံ ။

ထိုတွင်လား မကသေး ။

ဒီမှာ ကိုယ့်လူ . . .။ ဆြာမာကားထောင်ဝင်စာတွေများလွန်း၍ စိတ်ရှုပ်
နေရသည့်အထဲ ဒီမှာကိုယ့်လူဟု ငစိန်ဆန်လောက်မာသည့်အသံကို
ကြား၍ ကျောက်ကံဆန်လောက်မာသည့် အသံနှင့် ထူးမိပြီး တပြိုက်နက်
မျက်လုံးမော်ကြည့်မိသည် ။

ထိုဆရာကား ၊ ကွာတားဘောင်းဘီ ၊ တီရှပ်နှင့် ကင်မရာကြီးကိုလွယ်ထား
ပြီး ခပ်တည်တည်ကြီး ရပ်နေလေသည် ။

လေးပုံတစ်ပုံလွတ်ငြိမ်းချမ်းသာခွင့်ရှိတယ်ဆို ။ ထိုဆရာကမေးသည် ။
ဆြာမာကား ထိုကိစ္စကိုကြားသည် ၊ အတိအကျမသိ ၊ ထိုကြောင့်
အသေအချာမသိဘူး ဗျ ၊ ကြားတော့ကြားတယ် ဟု ဖြေမိသည် ။

ဘာ ........ ဘာဖြစ်တယ် ။ ပြန်ပြောစမ်းပါဦး ။ ထိုဆရာကား ကင်မရာ
ကို သေနတ်ကဲ့သို့ ဖြတ်ခနဲ ကိုင်ကာ ဆြာမာကိုချိန်ပြီးမေးလေသည် ။
ဆြာမာကား ကင်မရာကို ရိုင်ဖယ်ထက်ကြောက်သည် ။ ရိုင်ဖယ်ကား
အင်္ဂလိပ်ခတ်ကတည်းက လက်ကျန်ဖြစ်သောကြောင့် တောင်ချိန်လျှင်
မြောက်သွားသည် ။ ကင်မရာကားထိုသို့မဟုတ် ၊ တည့်ချိန်လျှင်
တည့်ထိသည် ၊ ဆြာမာ့သူငယ်ချင်းများ ထိုကင်မရာနှင့် ဖုန်းအင်တာ
ဗျုးကြောင့် ဒီအီး ထိသူတွေ များလှချေပြီ။

ဆြာမာ တွန့်သွားသည် ။ ထိုကြောင့် ထုံးစံအတိုင်း တင်း သွားကာ ။

အဟဲ . . . အကိုက ဘယ်ဂျာနယ်ကလဲဟင် ၊ ဘာသိချင်လို့လဲဟင်
ကျနော်သိသလောက်တော့ ပြောပြမယ်လေ ၊ နော်နော် ၊ အကိုနော်
ပြောပြမယ်နော် ၊ ကင်မရာကြီးနဲ့တော့ ချိန်ပါနဲ့နော် ၊ ကြောက်လို့ပါ
နော်ဟု မယားငယ် ပိုက်ဆံတောင်းသကဲ့သလို့သာ နုးရ နှပ်ရလေ
တော့သည် ။ သို့သော် ထိုဆရာက ။

ဘာ . . . ဘယ်ဂျာနယ်ကလဲ ပြောစရာမလိုဘူး ၊ မေးရင်ဖြေပါ ၊ အလကား
မေးနေတာမဟုတ်ဘူး ၊ ပြည်သူတွေ သိရအောင် သတင်းလာယူတာ ။
ခဗျားတို့ ဗျုရိုကရက်တွေ က xxxxx ။ ပြည်သူတွေကို အနိုင်ကျင့် နေတာ
xxxxxx ။ ခဗျားတို့ဟာ xxxx ။ စသည်ဖြင့် အာဘောင်အာရင်းသန်သန်ဖြင့် ပြောလေရာ ဆြာမာလည်း မျက်နှာဇီးရွက်
လောက်ဖြင့် ရှောင်တိမ်းရတော့သည် ။

ပြည်သူ့ ကူလီဘ၀ကား အရိပ်မည်းများကြောင့် ခံစားရခက်လှပေသည် ။

ထိုကြောင့် ဆြာမာသည် ဒေါင်းနိုင်ငံရေးသမား ၊ ကြံ့နိုင်ငံရေးသမားမှစ၍
နိုင်ငံရေးသမားဟူသမျှ မချိသွားဖြဲနှင့်ကြောက်တတ်သည် ။

ဘယ်သတင်းထောက် ၊ ညာသတင်းထောက်မှစ၍ ၊ ကင်မရာလွယ်ထား
သော ခါး ( ခါးပိုက်နိုက်အထိ ) ကြောက်တတ်လာသည် ။

တနေ့ ဆြာမာကို အိမ်က မာတာမိခင်က ဖုန်းဆက်လာသည် ။ သားကြီး
နင်တို့ အကျဉ်းဦးစီး ၀န်ထမ်းတွေ ကို မနေ့က ငါဈေးသွားရင်းတွေ့တော့
နင့်ကို သတိရလိုက်တာ ဟုပြောလေရာ ။

ဆြာမာမှ အမေ ဒီခေတ်မှာ အကျဉ်းဦးစီး ၀န်ထမ်း မရှိတော့ဘူးဗျ ၊
အကြောက်ဦးစီး ၀န်ထမ်းပဲ ရှိတော့တယ်ဟု ရွဲ့လိုက်မိတော့သတည်း ။

အမှားပါရှိတောင်းပန်ပါ၏ ပရိတ်သတ်

ဆြာမာ
( ၉ ။ ၂ ။ ၂၀၁၄ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...