မိသားစု
အဲဒီနေရာဟာ
ဆရာအို ၂ ပါးရဲ့
မူလလက်ဟောင်း
ကျောင်းတော်ကြီးပေါ့ ။
အဲဒီနေရာဟာ
ဘဝတိုက်ပွဲဝင်ရဲဖော်ရဲဖက်တို့
ပုခုံးထက်မှာ လက်ယှက်ကြတဲ့နေရာ ...။
အဲဒီနေရာဟာ
ဘေးအန္တရာယ်အလုံးစုံ အတွက်
အလုံခြုံဆုံးနေရာ ...။
သစ္စာတွေရွှေနဲ့စပ်ရတဲ့ခေတ်ကြီးမှာ
စိတ်ချရ ခြင်းအတိပြီးတဲ့နေရာ..။
ဖောက်ပြန်တဲ့ သဘာဝ တွေကြားမှာ
မြဲမြံ တဲ့ မေတ္တာရိပ်ကလေးတွေ
လွှမ်းခြုံထားတဲ့ နေရာ ...။
အေးစက်တဲ့ မျက်နှာဖုံးဒဏ်အတွက်
အနွေးဓာတ်လေး အမြဲပေးတတ်တဲ့နေရာ ...။
အဲဒီနေရာဟာ
အပေါ်ကို တစ်ယောက်တက်ရဖို့
ပုခုံးယှက် ထမ်းကြသူတွေ ရဲ့
ဇာတိချက်မြှပ်နေရာ...။
အဲဒီနေရာဟာ
နိုင်ငံတစ်ခု ဖြစ်တယ် ။
လူမျိုးတစ်မျိုး ရဲ့ကံကြမ္မာ ဟာ
အဲဒီနေရာ ကို
ဘယ်လိုနာမဝိသေသန ပြုမလဲ
ဆိုတဲ့ အဖြေပေါ်မှာမူတည်တယ် ...။
(ရုပ်ဆိုး)
photo from >> http://www.orphanstear.org/blog/promoting-gods-best/
0 comments:
Post a Comment