Friday, February 14, 2014

ကျမကိုယ်စားပြောပေးပါ

Kyaw Swar Myint

ကျမကိုယ်စားပြောပေးပါ
****************
ကျမ မြက်တစ်ပင်မစိုက်ဖူးဘူး
ကျမ စစ်မတိုက်ဖူးဘူး။
ကျမ ကြက်ဆူပင်လဲ မစိုက်ဖူးဘူး။

ဘယ်သစ်တောတွေမှ လဲရောင်းမစားဖူးဘူး။
ဘယ်တိုင်းရင်းသားတွေကိုမှ စစ်မခင်းခဲ့ဖူးဘူး။
ဘယ်ညီအကိုတွေကိုမှ မသတ်ခဲ့ဖူးဘူး။

ဘယ်လယ်တွေကိုမှ မတရားမသိမ်းခဲ့ဖူးဘူး။
ဘယ်အိမ်ကိုမှ ဘူဒိုဇာနဲ့ ထိုးမဖျက်ခဲ့ဖူးဘူး။
ဘယ်တောင်တွေကိုမှလဲ ရောင်းမစားခဲ့ဖူးဘူး။
ဘယ်မြစ်ကိုမှလဲ ထိုးမအပ်ခဲ့ဖူးဘူး။

ဘယ်သုံ့ပန်းကိုမှ ခေါင်းသေနတ်နဲ့တေ့မပစ်ဖူးဘူး။
ဘယ်အကျဉ်းသားကိုမှ မနှိပ်စက်ဖူးဘူး
သတ်လဲမသတ်ဖူးဘူး။

ညီအကိုအချင်းချင်းသတ်တဲ့ပွဲမှာ
ဆုတံဆိပ်တွေ ကျမ မရခဲ့ဖူးဘူး။

ကျမကိုယ်မှာ ဘာဒါဏ်ရာမှ မရှိခဲ့ဖူးဘူး။
ကျမရင်ထဲမှာ ဒါဏ်ရာတွေအများကြီးရှိတယ်။

ကျမအဖေရဲ့ ကိုယ်မှာ
သေနတ်ဒါဏ်ရာ ၁၃ ချက်ရှိတယ်။
လွတ်လပ်ရေးအတွက် မှန်ခဲ့တဲ့ ကျည်ဆန်တွေလေ။

ကျမလို အဖမဲ့ဘ၀ ရှင်နေဖူးလား
ကျမလို နိုင်ငံနဲ့အဝေးမှာ အနှင်ခံဘ၀နဲ့
နေခဲ့ဖူးလား
ကျမလို မိသားစုနဲ့ခွဲပြီး ရှင်နေခဲ့ဖူးလား။

ကျမလို တစ်ယောက်ထဲ
ဘာလက်နက်မှ မပါဘဲ ရှင်နေခဲ့ဖူးလား။
လက်ထဲမှာ သေနတ်ကိုင်လို့ သေနတ်မှန်တာဆန်းသလား။

ကျမရခဲ့တဲ့ဆုတံဆိပ်တွေက
ကမ္ဘာကပေးတာ အာဏာရှင်က ပေးတာမဟုတ်ဖူး။
အမုန်းစစ်ခင်းလို့ ရခဲ့တာမဟုတ်ဖူး
မေတ္တာတံတားခင်းလို့ ရခဲ့တာပါ
ကိုယ်ချင်းစာတံတားခင်းလို့ ရခဲ့တာပါ ။

ကျမရွာကို ကျမချစ်တယ်။
ကျမနိုင်ငံကို ကျမပိုချစ်တယ်။

ကိုဝင်းအောင်(ဇီးကုန်း)
၂၊၁၄၊၂၀၁၄
Kyaw Swar Myint

ကျမ မြက်တစ်ပင်မစိုက်ဖူးဘူး
ကျမ စစ်မတိုက်ဖူးဘူး။
ကျမ ကြက်ဆူပင်လဲ မစိုက်ဖူးဘူး။

ဘယ်သစ်တောတွေမှ လဲရောင်းမစားဖူးဘူး။
ဘယ်တိုင်းရင်းသားတွေကိုမှ စစ်မခင်းခဲ့ဖူးဘူး။
ဘယ်ညီအကိုတွေကိုမှ မသတ်ခဲ့ဖူးဘူး။

ဘယ်လယ်တွေကိုမှ မတရားမသိမ်းခဲ့ဖူးဘူး။
ဘယ်အိမ်ကိုမှ ဘူဒိုဇာနဲ့ ထိုးမဖျက်ခဲ့ဖူးဘူး။
ဘယ်တောင်တွေကိုမှလဲ ရောင်းမစားခဲ့ဖူးဘူး။
ဘယ်မြစ်ကိုမှလဲ ထိုးမအပ်ခဲ့ဖူးဘူး။

ဘယ်သုံ့ပန်းကိုမှ ခေါင်းသေနတ်နဲ့တေ့မပစ်ဖူးဘူး။
ဘယ်အကျဉ်းသားကိုမှ မနှိပ်စက်ဖူးဘူး
သတ်လဲမသတ်ဖူးဘူး။

ညီအကိုအချင်းချင်းသတ်တဲ့ပွဲမှာ
ဆုတံဆိပ်တွေ ကျမ မရခဲ့ဖူးဘူး။

ကျမကိုယ်မှာ ဘာဒါဏ်ရာမှ မရှိခဲ့ဖူးဘူး။
ကျမရင်ထဲမှာ ဒါဏ်ရာတွေအများကြီးရှိတယ်။

ကျမအဖေရဲ့ ကိုယ်မှာ
သေနတ်ဒါဏ်ရာ ၁၃ ချက်ရှိတယ်။
လွတ်လပ်ရေးအတွက် မှန်ခဲ့တဲ့ ကျည်ဆန်တွေလေ။

ကျမလို အဖမဲ့ဘ၀ ရှင်နေဖူးလား
ကျမလို နိုင်ငံနဲ့အဝေးမှာ အနှင်ခံဘ၀နဲ့
နေခဲ့ဖူးလား
ကျမလို မိသားစုနဲ့ခွဲပြီး ရှင်နေခဲ့ဖူးလား။

ကျမလို တစ်ယောက်ထဲ
ဘာလက်နက်မှ မပါဘဲ ရှင်နေခဲ့ဖူးလား။
လက်ထဲမှာ သေနတ်ကိုင်လို့ သေနတ်မှန်တာဆန်းသလား။

ကျမရခဲ့တဲ့ဆုတံဆိပ်တွေက
ကမ္ဘာကပေးတာ အာဏာရှင်က ပေးတာမဟုတ်ဖူး။
အမုန်းစစ်ခင်းလို့ ရခဲ့တာမဟုတ်ဖူး
မေတ္တာတံတားခင်းလို့ ရခဲ့တာပါ
ကိုယ်ချင်းစာတံတားခင်းလို့ ရခဲ့တာပါ ။

ကျမရွာကို ကျမချစ်တယ်။
ကျမနိုင်ငံကို ကျမပိုချစ်တယ်။

ကိုဝင်းအောင်(ဇီးကုန်း)
၂၊၁၄၊၂၀၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...