Wednesday, February 12, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၂)

သစ်ထူးလွင်


Posted: 12 Feb 2014 03:27 AM PST
“မြန်မာပြည်ပြန်ရင် ဘာလုပ်စားရမလဲ။ ကျွန်တော့်တစ်ယောက်စာတောင် မလောက်ဘူး။ အခုဒီမှာ ကျွန်တော်တစ်ယောက်ပဲရှာ တစ်အိမ်လုံးထိုင်စားလို့ရတယ်လေ” လေးပေနှစ်ပေပတ်လည် တွန်းလှည်းလေးပေါ်မှာ တင်ထားသည့် ပွက်ပွက်ဆူနေသောဆီအိုးထဲသို့ မုန့်နှစ်စိမ်ထားသည့် ကြက်သားတုံးတွေကို ပစ်ထည့်ရင်းက ကိုမင်းထိုက်တစ်ယောက် ဘန်ကောက်မြို့၏ အချက်အချာကျသော နရသီဝလမ်းမကြီးတစ်လျှောက် ပျားပန်းခပ်မျှသွားလာနေသောလူများကိုကြည့်ရင်းြေ
Posted: 12 Feb 2014 03:28 AM PST
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အစိုးရပလပ်မြေပေါ်က ကျူးကျော်နေအိမ် ၄၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထားဖျက်ဖို့ အမိန့်ထုတ် လိုက်ပါတယ်။ ကျူးကျော်အိမ်တွေကို ဖော်ဖော်ဝါရီ ၁၆ ရက်နေ့ အပြီးဖျက်ပေးရမှာဖြစ်ပြီး မဖျက်ပေးပါက ၁၈၉၈ ခုနှစ် မြန်မာနိုင်ငံတော်အောက်ပိုင်း မြေယာအက်ဥပဒေ ပုဒ်မ ၂၁(၁)အရ အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒုတိယအကြိမ် အမိန့်ညွှန်ကြားစာ ထုတ်လိုက်တာပါ
Posted: 12 Feb 2014 03:24 AM PST
ဘုရားတန်ဆောင်း အတွင်း အုတ်ခုံ ပေါ်တွင်ထိုင်နေသည့် သမီးရည်းစား စုံတွဲတစ်တွဲရှေ့၌ရပ်ကာ စံပယ်ပန်းကုံး တစ်တွဲ ချိတ်ထားသည့် လက်ကို ဆန့်တန်း လိုက်သည်။ အမျိုးသမီး ဖြစ်သူက သူမရှေ့တွင်ရပ်နေသည့် ကလေးငယ်နှင့် ငါးမိနစ်ခန့် စကားပြောပြီး ပန်းတစ်တွဲကိုယူကာ ငါးရာတန်တစ်ရွက်ကို ထုတ်ပေးနေသည်။ ကလေးငယ်က ငါးရာတန်ကို လက်ထဲတွင်ပိုက်ထားသည့် စံပယ်ပန်းကုံးများဖြင့် ပြည့်မောက်နေသည့် စကောဗန်းထဲသို့ ထိုးထည့်လိုက်ပြီး
Posted: 12 Feb 2014 03:22 AM PST
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးတွင် အသစ်ချမည့် ရဲတပ်ရင်း အမှတ် (၃၂)  အတွက် မြေလွှတ်မြေရိုင်း စာရင်းသွင်းကာ မြေ(၂၀၂) ဧကထိ သိမ်းယူရန် စီစဉ်နေသည့် အပေါ် ကျေးရွာ (၄၂) ရွာက စုပေါင်း ဆန္ဒပြ ကန့်ကွက်သွားမည်ဟု သတင်း ရရှိသည်။ ဖေဖေါ်ဝါရီလ ၉ ရက် တနင်္ဂနွေနေ့က အုန်းတောဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော အစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်ခဲ့သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးသန္တာမောင်က ပြောသည်။ “ အဲဒီနေ့က
Posted: 12 Feb 2014 03:10 AM PST
သိပံ္ပနှင့်နည်းပညာ ၀န်ကြီးဌာနတွင် သုံးနှစ်အတွင်း ၀န်ကြီးသုံးပါးပြောင်းခဲ့ပြီဖြစ်ရာ ထိုဌာန၏ ပညာရေး စနစ်ကိုလည်း တစ်မျိုးစီ စမ်းသပ်ဆောင်ရွက်ခဲ့သောကြောင့် ကျောင်းသားများ နစ်နာလျက်ရှိသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုအစိုးရကို ဖေဖော်ဝါရီ ၁၁ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ထောက်ပြပြောကြားခဲ့သည်။ “၀န်ကြီးတစ်ပါးပြောင်းတိုင်း ပညာရေးစနစ်ကို
Posted: 12 Feb 2014 03:05 AM PST
၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညတွင် တိုင်းပြည်သို့ နှစ်သစ်ကူး မိန့်ခွန်း ပြော ကြားရာ၌ ဗိုလ်ချုပ်အောင်ဆန်း သည် လူငယ်များ အတွက် အောက်ပါ သြဝါဒကို ထည့် သွင်းမြွက် ကြားခဲ့၏။ ”နောက်ပြီးတော့ ကာ တိုင်းပြည် မှာရှိတဲ့ လူငယ်စုကို ကျွန်တော် စကား ပြောပြ လိုတယ်။ ဒီ လူငယ်စုတွေဟာ တော်လှန်ရေး စကားတွေ တော်တော် များများပြော ပြီး နေကြတယ်။ တော်လှန် ရေး ဆိုတာ ဘယ်ဟာ ကိုတော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့ လို တယ်။
Posted: 12 Feb 2014 02:42 AM PST
ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အဆိုးရွားဆုံးဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အများဆုံးပဲလို့ ရှမ်းလူငယ်တွေက ပြောပါတယ်။ ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ ဓနု၊ လားဟူနဲ့ ကိုးကန့် အစရှိတဲ့ တိုင်းရင်းသားလူငယ်ပေါင်း ၁၀၀ ကျော်ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲမှာ ပြောကြားလိုက်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာ သဘာဝပတ်ဝန်းကျင်၊ မီဒီယာ၊
Posted: 12 Feb 2014 02:39 AM PST
သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့် မလိုက်ဖက်သော စကားလုံး အသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရ သစ်တက်ပြီးမကြာမီ သူ့ထက်ငါ အလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိ သလဲမေးခွန်းက နယ်လှည့်ပါးရိုက်ရဲသည်ဟု
Posted: 12 Feb 2014 02:36 AM PST
၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကြီးသည် ၂၀၁၄တွင် မလေးရှားရောက် မြန်မာများထဲမှ ပထမဆုံးအသတ်ခံရသူဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလ၂၉ ရက်မှ ဇွန်လ ၈ ရက်ထိ ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုသတင်းများကို ကိုအောင်ကြီးက မြန်မာသတင်းမီဒီယာများထံ အဓိကကူညီပေးပို့ခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မလေးရှားရောက် မြန်မာနိုင်ငံသား ၃၀ ခန့် အသတ်ခံရပြီး အမျိုးသမီးငါးဦး
Posted: 12 Feb 2014 02:34 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ၁၁.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန် ပုဇွန်တောင်မြို့နယ်နေ ကိုနိုင်ထွဋ်ခိုင်မှာ အရက်မူးလျက်နေအိမ်သို့ပြန်လာရောက်ရှိကာ သတိလစ်သွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့စဉ် လမ်း၌သေဆုံးသွားခဲ့၍ ပုဇွန်တောင်မြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ရေးဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ ပါသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဆေးစစ်ဆေးချက်များအရ ယာဘက် နားထင်ပိုင်းဦးခွံရိုးကျိုးဒဏ်ရာဖြင့်ေ
Posted: 12 Feb 2014 02:31 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ၁၂.၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဦးစိုးဝင်း(ဘ)ဦးအုန်းဖေ မောင်းနှင်သည့် သမ္ဗာန်သည် ခရီးသည်ကျား(၉)ဦး၊ မ(၃)ဦး၊ ပေါင်း(၁၂)ဦးတို့အားတင်ဆောင်ကာ ဆိပ်ကမ်းမြို့နယ်၊ ၀ါးတန်းဆိပ်ကမ်းမှ ဆိပ်ကြီးခနောင်တိုသို့ထွက်ခွာစဉ် ၀ါးတန်း ဇက်ဆိပ်နှင့်(၁၀)ကိုက်ခန့်အကွာသို့အရောက်၌ ဇက်ဆိပ် မှ ဆိပ်ကြီး ခနောင်တိုသို့ မောင်းနှင်ထွက်ခွာသော ရေကျွဲအမည်ရှိ ဇက်သင်္ဘော၏
Posted: 12 Feb 2014 02:23 AM PST
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သုံးစွဲရာ လိုက်နာမည့် အချက်များ ထည့်သွင်း ရေးဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက် ခဲ့သော်လည်း အဆိုးပါ ဥပဒေကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ြ
Posted: 12 Feb 2014 02:20 AM PST
အထက်မြန်မာပြည် စာအုပ်ဈေးကွက်ကို အခိုင်အမာ ပိုင်ဆိုင်ထားသည့် မန္တလေးစာအုပ်၊ စာပေဖြန့်ချိရေးနှင့် ရောင်းဝယ်ရေး ဈေးကွက်တွင် ယခင်က စာအုပ် အငှားဆိုင်များတွင် ကျယ်စွာ ဖွင့်လှစ်ခဲ့ပြီး စာအုပ်အငှားဆိုင် အများစု ပေါ်ထွက်ခဲ့သော်လည်း ယခုအခါ စာအုပ်ငှားရမ်း ဖတ်ရှုသူ နည်းပါးလာသည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်တော့ဘဲ စာအုပ်အငှားဆိုင် အများစု ပိတ်သိမ်းသွားသည်။ မန္တလေး စာပေဖြန့်ချိရေး ဈေးကွက်သည် စာအုပ်
Posted: 12 Feb 2014 02:16 AM PST
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ည တွင်ကျင်းပမည့် ပျော်ပွဲရွှင်ပွဲ တစ်ခုကို သွားရောက်ဖို့ စိတ်ကူးယဉ်ပြီး ပျော်မြူးနေပါသလား။ ဒါမှမဟုတ် ပြည်ထောင်စုနေ့မှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သည့် အတွက် အားလပ်ရက်တွင် ပျော်မြူးနေပါသလား။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တစ်နေရာတွင်တော့ ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲများကို ပျော်ရွှင်စွာဆင်နွှဲခွင့် မရသည့်အပြင် ပူဆွေးဝမ်းနည်းမှုများဖြင့်
Posted: 12 Feb 2014 02:14 AM PST
လွန်ခဲ့သောသုံးနှစ်ခန့်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုက မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။ အစိုးရခေါင်းဆောင်နှင့် လူထုခေါင်းဆောင်ကြား ၂၀၁၁ သြဂုတ် ၁၉ ရက်တွင် စတင်တည်ဆောက်နိုင်ခဲ့သော ယုံကြည်မှုက သမိုင်းတွင်သော အပြောင်းအလဲများ ဖြစ်ပေါ်မှု၏ နိဒါန်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ သို့သော် ၂ နှ
Posted: 12 Feb 2014 02:10 AM PST
ပြီးခဲ့တဲ့နှစ် ဒုတိယခြောက်လပတ်အတွင်း မြန်မာ့တပ်မတော်က လူ့အခွင်ရေး ချိုးဖောက်မှုပေါင်း ၁၀၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ မြန်မာလူ့အခွင့်အရေးကွန်ရက်တခုက အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND Burma) က ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အစီရင်ခံစာမှာ
Posted: 12 Feb 2014 02:59 AM PST
မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ မလေးရှားနိုင်ငံကို ရောက်ရှိစဉ် လုပ်ကြံခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြို့တော် ရဲအထူးတပ်ဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ကွာလာလမ်ပူ စီအိုင်ဒီ အကြီးအကဲ ပြောပါတယ်။ အဲဒီကိစ္စဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိနေပြီး သူကိုယ်တိုင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းထားတာလို့ ယာယီ စီအိုင်ဒီအကြီးအကဲ အေစီပီ ခိုင်ရီ အာရာဆာက ပြောတာပါ။ မလေးရှားနိုင်ငံ
Posted: 12 Feb 2014 01:29 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂/၅ အနီးရှိ စည်ပင် ရေမြောင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က အရိုးကျနေသော အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းက The Voice သို့ ပြောကြားသည်။ အမှတ် (၆) ရပ်ကွက်ရှိ ကလေးငယ်များက စည်ပင်ရေမြောင်းအတွင်း ကန်စွန်း ဆင်းခူးရာမှ တစ်ကိုယ်လုံး
Posted: 12 Feb 2014 01:27 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ဥရောပနိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း တစ်စောင်ဖြစ်သော Wanderlust Travel မဂ္ဂဇင်းက ကမ္ဘာ့နိုင်ငံအသီးထဲမှ ခရီးသွားလာရန် အကောင်းဆုံး နိုင်ငံဆု ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံး စာရင်းအရ မြန်မာနိုင်ငံသည် ၉၆ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်နေရာ ချိတ်ခဲ့ကြောင်း အဆိုပါမဂ္ဂဇင်း၏ Wanderlust Travel Awards 2013 စာရင်းအရ သိရသည်။ ရန်ကုန်မြို့တွင် ကိုလိုနီ အဆောက်အအုံများ ကျန်ရှိနေခြင်း
Posted: 12 Feb 2014 01:23 AM PST
လာမည့်ရက်ပေါင်း ၂၄၀ အတွင်း မြန်မာနိုင်ငံရှိ လူတိုင်းနီးနီး မိုဘိုင်းဖုန်း အသုံးပြုနိုင်တော့ မည်ဖြစ်သည်။ ယခုနှစ်အတွင်း လူတိုင်းနီးနီး မိုဘိုင်းဖုန်း အသုံးပြုလာနိုင်မည့် အခြေအနေက မည်သူတို့အတွက် အများဆုံး အကျိုးရှိနိုင်ပါသလဲဟု မေးခွန်း ထုတ်သောအခါ ဟန်းဆက်များ၊ မိုဘိုင်း application များ ထုတ်လုပ်ရောင်းချသူ၊ အခြားသော ဆက်သွယ်ရေးပိုင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်အများဆုံးရမည်ဖြစ်ကြောင်း
Posted: 12 Feb 2014 01:21 AM PST
မြန်မာဘုရင် နောက်ဆုံး မင်းဆက် ထီးနန်း စိုးစံခဲ့ရာ ရတနာပုံ နေပြည်တော်၏ နန်းမြို့ရိုးရှေ့ ကျုံးပလက်ဖောင်းသည် လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်ကာ တရုတ်လူမျိုးတို့ နံနက်ပိုင်း ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ရာ နေရာတစ်ခုအဖြစ် အသွင်ပြောင်း သွားသည်။ ကျုံးရေပြင်တွင် မြူနှင်းများ ရစ်သိုင်း နေဆဲဖြစ်ပြီး အလင်း ရောင်မသဲကွဲမီ အချိန်က တည်းကပင် ရွှေနန်းတော် ကျုံးဘေး ပတ်လည်တွင် တရုတ်ရိုးရာ ထိုက်ကျိ ကစားသူများ၊
Posted: 12 Feb 2014 01:15 AM PST
အင်းစိန်မြို့နယ်တွင် ယောက်ျားဖြစ်သူက ၎င်းနှင့်ခေတ္တကွဲနေသည့် ဇနီးဖြစ်သူကို အက်စစ်ဖြင့် ဖျန်းပက် မှုတစ်ခု ဖေဖော်ဝါရီ ၁၀ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထား သည်။ အမှုမှာ မွန်းလွဲပိုင်း ၂ နာရီက ကမာရွတ်မြို့နယ် နာနတ်တောလမ်း၊ (၈)ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာနေ မကြည်မွှေးအိမ် (၂၃)နှစ်သည် ၎င်းနှင့် ခေတ္တကွဲနေသည့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက်နေ ခင်ပွန်းဖြစ်သူ
Posted: 12 Feb 2014 01:13 AM PST
သင်္ဃန်းကျွန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဇနီးဖြစ်သူနှင့်အတူ တည်းခိုနေသည့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ ၉ ရက်ညက ရုတ်တရက်သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးဖော်ထုတ်နေသည်ဟု ဆိုသည်။ ဖြစ်စဉ်မှာ စံပြဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိလာကြောင်း ည ၁၂ နာရီခွဲအချိန် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထို့ကြောင့်ေ
Posted: 12 Feb 2014 01:01 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါေ
Posted: 12 Feb 2014 01:00 AM PST
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီး အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီနေထိုင်သော သမီးကလေးကျေးရွာ နေထိုင်သူ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသားကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်မြောက် အကြောင်းကြားစာေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...