"ကျနော်နှင့် မန္တလေးရောက် အလွဲများ ၂"
===========
၇၃-၂၂ လမ်းက ဆိုင်
===========
မန္တလေးမှာက လိပ်စာပြောရင် လမ်းနံပတ်တွေနဲ့ ပိုင်းပြီး ပြောလေ့ရှိတယ်။
ဥပမာ... ဝင်းလိုက်ရုပ်ရှင်ရုံ လိပ်စာ... ၈၄၊ ၃၂-၃၃ ကြား။
ခိုင်ရွှေဝါထီဆိုင် လိပ်စာ... ၈၄-၃၁ ထောင့် စသဖြင့် အလွယ်ပြောကြတယ်။
'လမ်း' ဆိုတဲ့ စကားလုံးတောင် ထည့်မပြောဖြစ်တာ များတယ်။
ကျနော်တို့ ထိုင်နေကျ ရွှေပြည်မိုး လဘက်ရည်ဆိုင်ဆိုရင်... ၆၆-၂၆ ရွှေပြည်မိုး နဲ့ ၃၅-၆၅ ရွှေပြည်မိုးဆိုပြီး ရှိတယ်။
တရက်တော့ မိုးကြီးက ဖုန်းနဲ့ မက်စေ့ခ်ျ ပို့တယ်... ...
"၇၃-၂၂ ဆိုင်ကို လာခဲ့".... တဲ့။
ဒါနဲ့ ဆိုင်ကယ်လေးစီးပြီးထွက်လာခဲ့တယ်။
အင်း... သူပြောတဲ့ လိပ်စာအရဆို နန်းတွင်းထဲကျမယ်
အဲဒီနေရာမှာ ဘာဆိုင်များရှိလို့လဲ မသိဘူး၊ အရင်ကတော့ ဘာဆိုင်မှ မရှိပါဘူး
အေးလေ... ငါနိုင်ငံခြားမှာ သွားအလုပ်လုပ်နေတုန်း ဆိုင်တစ်ဆိုင်ဆိုင် ဖွင့်လိုက်တာနေမှာပါ လို့ တွေးလာမိတယ်...
နန်းတွင်းအနောက်ပေါက် (၂၂လမ်း အပေါက်က) ဝင်လာလိုက်တယ်
၇၃ လမ်း နဲ့ ဆုံတဲ့နေရာရောက်လို့ ကြည့်လိုက်တော့ ဘာဆိုင်မှလည်း မတွေ့ဘူး
ဆိုင်မပြောနဲ့ လူနေအိမ်တောင် ရှိတာမဟုတ်။
ဆိုတော့...
မိုးကြီးဆီ ဖုန်းလှမ်းခေါ်ရတော့တာပေါ့... ...
"ဟလို... မိုးကြီး၊ မင်းပြောတဲ့ နေရာ ငါရောက်နေပြီဟ၊ ဘာဆိုင်မှလည်း မရှိဘဲနဲ့"
"အာ... ရှိလို့ ဒီမှာ ကျနော်တို့တောင် ထိုင်နေတာကို"
"ငါတော့ ဒီနား ဘာဆိုင်မှကို မတွေ့တာပါကွာ၊ ငါတွေ့တာဆိုလို့ တပ်ထိန်းတစ်ယောက် လမ်းထောင့်မှာ ထို်င်နေတာပဲ ရှိတယ်"
"ငင်.... တပ်ထိန်း???၊ နေပါအုံး ခညားက ဘယ်ရောက်နေတာတုန်း"
"နန်းတွင်းလေ"
"ငင်... နန်းတွင်း???၊ နန်းတွင်းကို ဘာသွားလုပ်တာတုန်း"
"ဟေ့ရောင်... ခုမှ အူကြောင်ကြောင် လုပ်မနေနဲ့၊ မင်းပဲ Message ပို့တာလေ၊ ၇၃-၂၂ ကို လာခဲ့ဆို..."
"ဂျာ.... မွှားကုန်ပြီ"
"ဘာမွှားတာတုန်း"
"အနော်ပြောတာက ၇၃ လမ်းက JJ (ဂျေ ဂျေ) ဗျ"
"ဂိန်... J J လား၊ နာက နာက ၂၂ လမ်းမှတ်လို့၊ နန်းတွင်းထဲ ရောက်နေတာ"
"တော်သေးတာပေါ့၊ VIP အိမ်တော်နား ခင်ဗျား ယောင်နနသွားလုပ်နေတာ၊ ဟိုက ဖမ်းမှမဖမ်းလိုက်ကြ"
"အေပေး... နင်က Message ပို့တာ ရှင်းရှင်းလင်းလင်းမှ မပို့တာ"
"ငီး... ငီး..."
သန်၎ကို-မက်စေ့ခ်ျမှားဖတ်သည်။
0 comments:
Post a Comment