Wednesday, February 5, 2014

ဆြာမာ နှင့် အလုပ်ရှာပုံတော်

ဆြာမာ နှင့် အလုပ်ရှာပုံတော် 

ဆြာမာသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းဆင်းဖြစ်သည် ။ ထိုတင်မက
လူဦးရေမေဂျာခေါ် B.P.S ကျောင်းဆင်းဖြစ်သည် ။ ဆြာမာ ယခင်က ဆိုးသည် ။
တော်တော်ဆိုးသည် ။ ကျောင်းတွင် ဖဲရိုက်သည် ။ အရက်သောက်သည် ။ ကျောင်း
သားခေါင်းဆောင်လုပ်သည် ။ ဖယ်ရီကိုင်သည် ။

ဆြာမာ ၏ အဖွားသည် ဘွဲ့နှင်းသဘင်ကို တခါမှ မ၀င်ဖူး ။ ထိုကြောင့် ဆြာမာ့ကို
ပြောသည် ။ ငါ့မြေး ငါမသေခင် ဘွဲ့အခမ်းအနားကို ရောက်ဖူးချင်သည် ဟူ၏ ။
သို့သော် . . . ဆြာမာကား ငါ မိန်းမမရမခြင်း ဘွဲ့မယူဟူသော သံဌိဒန်ဖြင့် 
ဘွဲ့မရပဲ ရည်းစားသာ ထည်လဲတွဲလေ၏ ။

ဆြာမာ ကျောင်းတက်သက် ၅ နှစ်ပြည့်ခါနီးတွင် ဘွဲ့ခန်းမထဲ ၀င်ချင်သော အဘွား
ဆုံးလေသည် ။ ဆြာမာ့ ၏ မိခင်ကား အဘွားလို သတ္တိမရှိ ။ ဘွဲ့ခန်းမထဲ ၀င်ချင်သည်
မပြောရဲ ။ သို့သော် ဆြာမာကိုပြောချင်ရှာလေသည် ။ သားကြီး ဘွဲ့ခန်းမထဲ ၀င်ဖူး
ချင်တဲ့ နင့်အဘွားလည်းဆုံးပြီ ။ နင်ဘယ်တော့ ဘွဲ့ရမလဲ ဟူသတည်း ။

ဆြာမာလည်း ဘွဲ့ယူချင်ပြီ ။ အလုပ်တွေလည်း စုံလှပြီ ။ စာမေးပွဲတနှစ်ကျတိုင်း 
ခြေဦးတည့်ရာလျှောက်သွားကာ . . . ကူလီ ၊ သစ်ကားစာရေး ၊ စကိတ်ကွင်းမန်နေဂျာ
ကုပဏီဝန်ထမ်း ၊ တောကျောင်းဆရာ ၊ ဝေဖာမတ်ကတ်တိန်း  ၊ အဒဗာတိုက်ဇိန်း
အိတ်ဇဲကတစ် စသည် စသည်ဖြင့် ဘ၀ပေါင်းစုံလှပေပြီ ။

ထိုကြောင့် မာတာမိခင်စကားကိုနားထောင်ပြီး ၆ နှစ်မြှောက် ၊ နောက်ဆုံးနှစ်စာမေးပွဲ
ကိုဖြေခဲ့လေတော့သည် ။ ဖြေပြီးသည့်နောက် ဆြာ ၊ ဆြာမထံများသို့ . . . ဟိဟိဟိဟိ
ဆိုပြီး သွားဖြဲကလေးနှင့် ဟီလာတိုက်ပြီး သွားကတော့ရသည် ။ ဆြာမများ က 
အောင်ဘူးနော် ၊ အောင်ဘူး ဟု ပါတိတ်ထမိန်နှင့် ပိုက်ဆံမုန့်ဘူးကိုသံယောဇဉ်မပြတ်
စွာ ကြည့်ရင်း ငြင်းကြလေသည် ။ သို့သော် ဆြာမာ့ မိခင်သည် လက်မလျှော့ ။
မျက်နှာငယ်ငယ်နှင့် ဆြာမရယ် လုပ်ပါဦး ဟု ကတော့ရရှာလေသည် ။ သို့သော် 
ဤသို့ ရရိုးလား ။ ဆြာမာသည် ထိုစာမေးပွဲကို . . . . . . . . . ။

အောင်သွားလေသည် တမုံ ။

ဘွဲ့ရ ဆြာမာ ။ ဆြာမာ ဘွဲ့ရ ။ ဘွဲ့နှင်းသဘင် ခန်းမထဲတွင်လည်း သင်ဘွဲ့ရတယောက် ၏ ဂုဏ်သိက္ခာနှင့်အညီ နေနိုင်မည်လား ဟု မေးသော 
ပါချုပ်၏ မေးခွန်းကို ဆြာမာ တစ်ယောက် စတစ်ကော်လံ ၊ တိုက်ပုံဖြူ ပိုးပုဆိုး
နားကပ်တစ်ဖက်ပန်လျှက် . . . နေနိုင်ပါသည် ဟု ခန့်ခန့်ထည်ထည်ဖြေခဲ့ဖူး
လေပြီ ။ ဆြာမာ တစ်ယောက် ဘွဲ့ကြီးတစ်ခုရသော ဘွဲ့ရတစ်ယောက်ဖြစ်
လေပြီ ။

ဘွဲ့ရပြီး ဆြာမာ အိမ်မှာနှပ်နေသည် ။ အလုပ်မလုပ်လိုသေး ။ ဆြာမာ့လို စီးပွားရေး
ဘွဲ့ရတစ်ယောက်အနေဖြင့် အလုပ်ကို ရှာစရာမလို ၊ အလုပ်သည် ဆြာမာ့ရှိရာလာ
ပေလိမ့်မည် ။ ဆြာမာကြည့်ခဲ့ရသော ကိုရီးယား ဒရမ်မာ ( တချိန်က ဟားဘတ်တက္က
သိုလ်မှာ ဇတ်လမ်းတွဲတွင် မင်းသားကို အလုပ်မှ လာရှာရသည် မဟုတ်တုံလော ) ။
တပါတ် မှ တလခန့်ကြာသော် ၊ ဆြာမာ့မိခင်သည် ပထမ စူပွ စူပွ လုပ်သည် ။ ဒုတိယ
စောင်းပြောသည် ( ဘွဲ့သာရတာ ၊ သောက်ဖျင်း ၊ သောက်လုပ်မလုပ်ချင်ဘူး ) ဟူ၏ ။

ဆြာမာသည် ထိုစကားများကိုကြားရသော်စိတ်တိုသည်။ ခံပြင်းသည် ။ ငါ့လို ဘွဲ့ရ
တစ်ယောက်ကို ပြောရဲသလားဟူဆိုကာ အလုပ်လုပ်ရန် စိုင်းပြင်းလေသည် ။

ကြိုတင်ပြင်ဆင်မှု့သည် အကောင်းဆုံး လုပ်ဆောင်ချက် ။ ပွဲမ၀င်ခင် ပြင်ကျင်းပ
ဟူသော စကားရပ်များကို ဆြာမာ ဖတ်မိသည် ။ ထိုကြောင့် သင်အလုပ်ရစေမည့်
အင်တာဗျုးအဖြေများ စာအုပ်ကို ဆြာမာ ဖတ်မိသည် ။ ထိုစာအုပ်ထဲမှ ဆြာမာအကြိုက်
ဆုံး စာသားမှာ ( သင်ယုံကြည်ရာကို အမှန်အတိုင်းဖြေပါ ၊ သင်အလုပ်ရမည်မှာ ဧကန်
မလွဲ ဟူ၏ ) ။ ဆြာမာ ခွစ်ခွစ် ၊ ခွစ်ခွစ် ဟုပင် ရယ်မိသည် ။ အမှန်အတိုင်းဖြေလျှင်
မည်သည့် အလုပ်ရှင်က သဘောမကျပဲနေမည်နည်း ။ 

စီးပွားရေး ဘွဲ့ရနော် ?

ဟုတ်ကဲ့ ။

ကွန်ပြူတာတတ်လား ?

တတ်ပါတယ်ခင်ဗျ ။

ဘယ်လောက်တတ်လဲ ?

ဂျီတော့ချက်တတ်ပါတယ်ခင်ဗျ ။ ဖေ့ဘုတ်ကောင်းကောင်းသုံးတတ်ပါတယ် ။
သတင်းတွေ ဖွတတ်ပါတယ် ။ ဆော်ကျုတတ်ပါတယ် ။ ဆဲလည်းဆဲတတ်ပါတယ် ။
အင်တာနက်နဲ့ ပါတ်သက်လာရင် ဆြာတဆူပါခင်ဗျ ။

အွန် ................... ။ ထားလိုက်ပါလေ ။ မေးမယ်နော် . . . အခုလျှောက်တာက 
GM အဆစ်စတန့်နော် ။ တကယ်လို့ပေါ့လေ ။ GM က အလုပ်မှာ စာရင်းကွာဟမှု့
ရင် ။ ဒါမှမဟုတ် ပါဆင်နယ် အရှုပ်အထွေးဖြစ်ရင် ဘယ်လိုဖြေရှင်းမလဲ ... ?

GM စာရင်းကွာရင် MD ကိုပြောပါမယ် ခင်ဗျ ။ MD က ပုလင်းတူဘူးဆို့နုတ်ပိတ်နေရင်
ဖေ့ဘုတ်မှာတင်ပါမယ်ခင်ဗျ ။ သမ္မတရုံးကိုတိုင်ပါမယ်ခင်ဗျ ။ ပါဆင်နယ်အရှုပ်အထွေး
ဖြစ်ရင်လည်း စိတ်ချပါ ၊ ကျနော်မပွ ပွအောင်ဖွပါ့မယ် ။ မပူပါနဲ့ ဒီခေတ်က ပွတဲ့ခေတ်
ပါ ။ ခွစ်ခွစ် ။

တပါတ်ခန့် အကြာတွင် ဆြာမာအား ထိုကုပဏီမှ အင်တာဗျုးကျရှုံးသည်ဟု အကြောင်း ကြားလာသည် ။ဆြာမာ ဂရုမစိုက် ၊ ဆြာမာ ကုပဏီလောက ကိုစိတ်
ကုန်သွားပီ ။ ထိုကြောင့် အခွင့်အလမ်းမှစ၍ ကြေးမုံအဆုံးဆြာမာ ဖတ်သည် ။
စီဗယ်ဆားဗစ်ခေါ် ပြည်သူ့ဝန်ထမ်းဘ၀ကို ဆြာမာ စိတ်ဝင်စားသည် ။

တနေ့ ၀န်ကြီှးဌာနတစ်ခု မှ ရာထူးဝင်ခွင့်ကို ဆြာမာဖြေရသည် ။ ဆြာမာအောင်သည် ။ဗိုက်ဗာခေါ်လူတွေ့ဖြေရသည် ။ ညွန်မှုးကြီးက အင်တာဗျုဝါ ၊ ဆြာမာက ဖြေရသည် ။

ဘာလို့ ဒီဌာနမှာ ၀င်ချင်တာလဲ ??? 

ဖြဲချင်လို့ပါ ၊ ကောချင်လို့ပါ ။

အမ် . . . ဘာကို ကောချင်တာလဲ ဟင် ???

ပိုက်ဆံမရှိရင် ၊ အကြွေးမကျေရင် ၊ ကြီးပွားချင်ရင် ထမင်းတစ်နပ်လျှော့စား ။
တနပ်နဲ့မဖြစ်ရင် နှစ်နပ်လျှော့စား ။ ဒါမှ မဟုတ်သေးရင် အငတ်နေ ။ ဒီလိုစကား
တွေကို မိန့်မိန့်ကြီး ၊ ကျက်သရေ ရှိရှိကြီး ပြောချင်လို့ပါ ။

ဟွတ်ရောင် . . . မင်း ရွဲ့နေတာလား ???

မရွဲ့ပါဘူးခင်ဗျာ ။ ညွန်မှုးကြီးလည်း ဥပုဒ်လည်းစောင့် ၊ အပိုဝင်ငွေရအောင် 
ထမင်းတနပ် လျှော့စား . . . စားး ။

ဟွတ်ရောင် . . . တော် တန် တိတ် ။ မင်း စာမေးပွဲကျတယ် ။ ( ဟူ၏ )

ဆြာမာ ကား ခွစ်ခွစ် ဟုပင် ရယ်လိုက်သေးသည် ။ ထိုဝန်ကြီးဌာနမှ မခန့်တော့ရော
ဆြာမာ လို ဘွဲ့ရကြီးတစ်ယောက်အနေဖြင့် ဘာဖြည်မည်နည်း ။ ကိစ္စမရှိ ။ နောက်ဌာ
နကြီးတစ်ခုကို သွားလျှောက်သည် ။ 

ဘွဲ့နဲ့အလုပ်နဲ့လည်း ဘာမှမဆိုင်ဘူးနော် ???

ဟွတ်ကဲ့ . . .ကျနော်လျှပ်စစ်ကို စိတ်ဝင်စားလို့ပါ ။ ကျနော်တို့ ရပ်ကွက်မှာ ပလပ်
ပေါက်ထဲ လက်နိုက်ရင်တောင် ဓါတ်မလိုက်တာကြာပီလေ ။

( ထို လက်/ညွန်  . . . ဆြာမာ့ ကို ပေစောင်းပေစောင်းကြည့်သည် )

ဒီ ဌာနကြီးထဲ ဘာလို့ ၀င်ချင်တာလဲ ???

ဟုတ်ကဲ့ ။ မီးမလာရင် ဘက်ထရီ နဲ့ထွန်း ၊ ဘက်ထရီမရှိရင် ၊ ဖယောင်းတိုင်ထွန်း ၊
ဖယောင်းတိုင်မရှိရင် ၊ ပိုးစိမ်းကြူးကို ပုလင်းထဲထည့် ၊ ပိုးစိမ်းကြူးတောင်ရှာမတွေ့
ရင် ဖိုးလမင်းကိုသာကြည့်ဗျာ ၊ ကြည့်လာခဲ့တာ ကြာလှပြီပဲ ၊ ခညားတို့က ဘာကြောင့် အခုမှ မီးကို ငါးစိမ်းသည် လင်ရသလို ဖျတ်ဖျတ်လူးလိုချင်ရသလဲဆိုပြီး
မိန့်မိန့်ကြီးပြောလိုက်ချင်လို့ပါ ။

ဘာ ??? ။ တို့ လူကြီးတွေကို စော်ကားနေတာလား ??? ။။

မဟုတ်ရပါခင်ဗျာ ( ဆြာမာ အလုပ်မရမည်စိုး၍ ထိတ်ထိတ်ပြာပြာ အပြော ) 

တော် တန် တိတ် ။ မပေးဘူး ၊ အဲ့ဒီ ဒုဦးစီးရာထူးကို မီးပြင်တဲ့ ကိုကုလားကိုသာ
ပေးပစ်မယ် ၊ လာမနောက်နဲ့ ။

ခင်ဗျာ (ဆြာမာ အမှန်ပြောပေသိ မည်သို့တတ်နိုင်မည်နည်း )။ သို့သော် အစာပိတ်
အနေနှင့် အလုပ်ရမည် လားဆိုပြီး ပြောခဲ့သေးသည် ။ . . . ဟိုလေ ပိုနေတဲ့ လျှပ်စစ်
တွေကို စိနပြည် ၊ ဘင်င်္ဂလီပြည်တွေကို ပို့ချင်သေး . . . သေးးး ။

ထွက်သွား . . . အခုချက်ချင်းထွက် . . . ( ထို လက်ထောက်ညွန်မှုးမှအော်တော့ 
လည်း ဆြာမာခဗျာ ကုပ်ချောင်းချောင်းထွက်ခဲ့ရလေသည် )

ဆြာမာသည် အချာပင် မဟုတ် ၊ စီးပွားရေးဘွဲ့ရ ၊ ဆယ်တန်းကို အမှတ်လေးပါးနှင့်
အောင်လာခဲ့ပြီး အီကိုမှာ ကင်း ဖြစ်ခဲ့သော ၊ ခြောက်နှစ်တက်ပြီးမှ ဘွဲ့ရခဲ့သော ပုဂိုလ်
ပင်တည်း ။ ထိုကြောင့် လုံးဝ လက်မလျှော့သေး ။ နောက်ဆုံး ၀န်ကြီးဌာနတခုမှာ
ဒုဦးစီး ထပ်လျှောက်လေသည် ။

ထုံးစံအတိုင်းရေးဖြေအောင်ပေသည် ။ နုတ်ဖြေတွင် . . . ။

မင်္ဂလာပါ . . . ( အလိုလေး ဒီ ဒုညွန်ချုပ် သဘောကောင်းလှချည် ၊ အခန်းထဲ
ဝင်ဝင်ချင်း မင်္ဂလာပါတဲ့ ) ။

မင်္ဂလာပါ ၊ ညွန်ချုပ် ကြီး 

ဘာလို့ ဒီလို တောရွာတွေနဲ့ပါတ်သက်တဲ့ အလုပ်လုပ်ချင်ရတာလဲ ညီလေး ???

ပါးရိုက်ချင်လို့ပါ ။ ပါးတွေကို ပယ်ပယ်နယ်နယ် ရိုက်ချင်လို့ပါ ။

ဟင် .... ??? ။ ဘာဖစ်တယ် ။ ??? ။

ဟုတ်ပါတယ် ။ ကျနော် ပါးတွေကိုရိုက်ချင်လို့ပါ ။ အဘ မခေါ်ရင်လည်း ပါးရိုက်ပါ့မယ် ။ အဘခေါ်ရင်လည်း ရိုက်ပါ့မယ် ။ ကျောင်းဆောက်ပေးပြီး ပါးရိုက်ပါ့မယ် ။ ရေတွင်း
ရှိနေရင် ပါးရိုက်ပါ့မယ် ။ ဘာမှမရှိရင် မရှိလို့ရိုက်ပါ့မယ် ။ ရှိနေရင် ရှိလို့ရိုက်ပါ့မယ် ။
အို . . . ဒီအလုပ်ဝင်တာ ပါးရိုက်ချင်လို့ပါ ။ ( ဆြာမာ ဖြေပြီး ခွစ်ခွစ် ခွစ်ခွစ် ဟု ရှက်
ရယ် ရယ်လိုက်သေးသည် ၊ အင်တာဗျုးစာအုပ်မှာ အမှန်အတိုင်းပြောပါဟု ပါသည် မ
ဟုတ်လား ) ။

ဘာ ပြောတယ် ၊ ဟွတ်ရောင် ငါတို့ အဘက အပေါက်သာဆိုးတာက အရင်းကောင်း
တယ် ( စိတ်ရင်း ) ။ မင်း ဘာကောင်လဲ ငါတို့ဝန်ကြီးဌာနမှာလဲ လာလျှောက်သေး
တယ် ငါတို့အဘ ကိုလည်း စော်လကားမော်လကားနဲ ။ သွား ၊ သွား အခုချက်ချင်း
ထွက်သွား ။

အလို . .  . ဒုချုပ်ကြီး စိတ်မပူပါနဲ့ ။ ကျနော် ကိုရီးယားလို မီယားနယ်ရော် ရော ၊
အင်္ဂလိပ်လို ဆောရီး အပိုလိုဂျုက်ရော တောင်းပန်တတ်ပါတယ် ၊ နယ်လှည့် တောင်း
ပန်ပွဲတွေ လုပ်ပေး . . . ပေး ။

တော် တိတ် ၊ ထွက်သွား ၊ နောင်း ထွက်သွား ၊ ယခု ထွက်သွား ဟု ဒုချုပ်မှ နှင်လေ၍
ကျနော် ဆြာမာမှာ ထွက်ခဲ့ရပြန်သည် ။

ဆြာမာသည် ၁၉ လမ်းတွင် လော်ဘီအုတ်ခဲ ၊ အဘဇိုးအောင်ရင် ၊ ကိုမျိုးကျော် ၊ သံမဒ
ကြီး သံချောင်း ၊ မီးစက်ကြီးတို့နှင့်တွေ့ကာ အလုပ်များ ရလေမလားဟု ဘွဲ့ဆာတီဖီ
ကိတ်ကို ပိုက်ကာ လိုက်ရှာပါသော်လည်း ၊ရုပ်များကို မမြင်ဖူး၍ မတွေ့ ။

ထိုအခိုက် တခုသော လဖက်ရည်ဆိုင်မှ ( ကိုဂျွန်ေaတာမှာ ဂေါ်လီလိုပဲလှိမ့်တာပေါ့ ဟူ
သော သီချင်းအစကို ဆြာမာနားထဲတွင် ........... ဆြာမာ ဘွဲ့ရမှ ဂေါ်လီလိုပဲ လှိမ့်
ရတာပေါ့ ) ဟု သာ အထပ်ထပ် ကြား မိလေတော့သတည်း ။

အမှားပါရှိ တောင်းပန်ပါ၏ . . . ပရိတ်သတ် 

ဆြာမာ 
၅ ။ ၂ ။ ၂၀၁၄

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...