Monday, February 3, 2014

( ဂူဂယ်မပ်မှာ 18.534378,94.989107 ရိုက် ရှာရန် )

May Popa

ကချင်ကို ထိုးစစ်က ပြန်စ၊ ဒေါ်လာ ၁၁ ဘီလီယံ က ပေါ်လာ၊ ကျမ တို့ တွေ အားလုံး မေ့နေတဲ့ အကြောင်းအရာ လေး ပြန်အစဖော်ပေးပါဦးမယ်။ မြန်မာနိုင်ငံနဲ့ ဓာတုလက်နက်တွေ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတကာသတင်းတွေ မှာ ဆီးရီးယားမှာ အဖော်တွေ ရှိကြောင်း အဖော်တွေ ထဲမှာ မြန်မာ ပါပါတယ်၊ ဆိုတဲ့ သတင်း လေးပါလာပါတယ်။ အဲဒါနဲ့ ဒီအကြောင်းသုတေသန နည်းနည်းလိုက်လုပ်၊ ဟိုမေးဒီမေးပေါ့၊ စစ်ရေးဆိုတော့ ကိုယ်က လည်း စမရေးချင် ဟိုလူ ရေးနိုးနိုး ဒီ လူရေးနိုးနိုး နဲ့ စောင့်နေတာ ဘယ်သူမှလည်း မရေးတာနဲ့ နည်းနည်းလေး အစဖော်လိုက်ပါရစေ။
ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် အရ ၂၀၁၂ မှာ ဓာတုလက်နက်တွေ ဖျက်သိမ်းရမယ် ဆိုတာကို အတည်ပြုသဘောတူလက်မှက်ရေးထိုး မထားတဲ့ နိုင်ငံ ၈ နိုင်ငံ ထဲမှာ ကိုယ့်နိုင်ငံက ဂုဏ်ယုဖွယ်ရာပါနေကြောင်းပါ။ ပြီးတော့ လက်ရှိအချိန်ထိ ဓာတုလက်နက်အစီအစဉ်တွေ၊ လက်နက်အများအပြားရှိ နေတဲ့ နိုင်ငံ ၁၇ နိုင်ငံ ထဲမှာ မြန်မာ က ထိပ်ဆုံးနားက ပါ၊ ဒါတွေ ဘာအတွက် လုပ်နေတာလဲ။ ဘယ်သူတွေကို သုံးဖို့လဲ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်၊ပြည့်အင်အား သည် ပြည်တွင်းမှာ သာရှိ သည် ဆိုတဲ့ စကားလုံးတွေ ကိုပြန်လည်ကြားယောင်မိ ပြန်တော့ ဒါတွေ ပြည်တွင်းအားတွေကို နှိပ်ကွပ်ရာမှာ သုံးဖို့လား လို့ သံသယဖြစ်ဖွယ်ရာပါ၊ ၂၀၁၁ မှာ ကချင် ထိုးစစ်မှာ သုံးခဲ့တယ် လို့ သံသယရှိခဲ့သလို၊ ၉၀နှစ်များ က ကချင်၊ ကရင် နဲ့စစ်ပွဲတွေ ခွန်ဆာနဲ့ စစ်ပွဲတွေမှာ သုံးခဲ့တယ် လို့ လည်း နိုင်ငံတကာ က လက်ခံယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ လက်ပတောင်း အရေးမှာ သံဃာတော်တွေ အပေါ်မှာ ပိတ်ပင်ထားတဲ့ မီးစုံးဓာတ်ပါဝင် တဲ့ လက်နက်တွေကို သုံးခဲ့တာလည်း အများသိကြပါတယ်။ ၁၉၉၅ က ကောမူးရာ တိုက်ပွဲမှာ ဓာတုလက်နက်သုံးခဲ့ တာကို တွင်း(2) ဗိုလ်ချုပ် တင်ဦးက မသေခင်မှာ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်မှာ ကရင်နီတွေကို ဓာတု လက်နက်နဲ့ တိုက်ခိုက်ခဲ့ လို့မျက်လုံး၊လည်ချောင်း၊အဆုတ်၊ အရေပြားတွေ ထိခိုက်ခဲ့ သလို သွေးအန်၊ကြွက်သား ပျော့ပြောင်းသွားမှုတွေ လည်းဖြစ်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ် မှာ ကိုးကန့် နဲ့ မတည့်စဉ်က ဓာတုလက်နက်သုံးခဲ့ပေမဲ့ ဘိန်းသူဌေးတွေက ဓာက်ငွေ့ကာ ဝတ်စုံ၊ မျက်နှာဖုံးစွပ်တွေ နဲ့ ကြိုတင်ကာကွယ် နိုင်ခဲ့ပါတယ်။
ဒီလို လက်နက်တွေ ကို မြန်မာ နိုင်ငံက ဘယ်လို နေရာတွေမှာ ထုတ်လည်း သိုလှောင်ထားလည်း ဆိုတာတွေကို နိုင်ငံတကာ က လေ့လာစောင့်ကြည့်သူများက လေ့လာပြီး ဖြစ်လို့ ဓာက်ပုံတွေ နဲ့တကွ ရှိနေကြပါတယ်။ ဒါပေမဲ့ စစ်ရေးကိစ္စဖြစ်နေလို့ ဓာတ်ပုံတွေကို မရှယ်တော့ပါဘူး။ ဒီလို လက်နက်တွေကို ပန်းတောင်း၊ သရက်၊ ထုံးဘို၊ မကွေး အနီးတဝိုက်၊မင်းလှ၊ မလွန်၊ ဆင်တဲ၊ တို့က ကပစ စက်ရုံတွေ မှာ ထုတ်လုပ်တယ် လို့ လက်ခံယူဆထားကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံက ဒီလို လူအများအပြားသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်၊ ထုတ်လုပ်၊ ကြိုးပမ်းအားထုတ်နေ တဲ့ ရည်ရွယ် ချက်ကို စဉ်းစားလို့ မရနိုင်ပါဘူး။ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်ကို အခုထိအတည်ပြု လက်မှတ်ထိုးမထားတာက လည်းအဓိပ္ပယ်မ ရှိပါဘူး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့ အစိုးရအဖွဲ့ကို ဒီလို လက်နက်တွေ အမြန်ဆုံး ဖျက်ဆီး ပစ်ဖို့ တောင်းဆိုပါရစေ။
မေပုပ္ပား
၂၀၁၃ စက်တင်ဘာ ၁၄ ရက်
May Popa

ကချင်ကို ထိုးစစ်က ပြန်စ၊ ဒေါ်လာ ၁၁ ဘီလီယံ က ပေါ်လာ၊ ကျမ တို့ တွေ အားလုံး မေ့နေတဲ့ အကြောင်းအရာ လေး ပြန်အစဖော်ပေးပါဦးမယ်။ မြန်မာနိုင်ငံနဲ့ ဓာတုလက်နက်တွေ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတကာသတင်းတွေ မှာ ဆီးရီးယားမှာ အဖော်တွေ ရှိကြောင်း အဖော်တွေ ထဲမှာ မြန်မာ ပါပါတယ်၊ ဆိုတဲ့ သတင်း လေးပါလာပါတယ်။
အဲဒါနဲ့ ဒီအကြောင်းသုတေသန နည်းနည်းလိုက်လုပ်၊ ဟိုမေးဒီမေးပေါ့၊ စစ်ရေးဆိုတော့ ကိုယ်က လည်း စမရေးချင် ဟိုလူ ရေးနိုးနိုး ဒီ လူရေးနိုးနိုး နဲ့ စောင့်နေတာ ဘယ်သူမှလည်း မရေးတာနဲ့ နည်းနည်းလေး အစဖော်လိုက်ပါရစေ။
ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် အရ ၂၀၁၂ မှာ ဓာတုလက်နက်တွေ ဖျက်သိမ်းရမယ် ဆိုတာကို အတည်ပြုသဘောတူလက်မှက်ရေးထိုး မထားတဲ့ နိုင်ငံ ၈ နိုင်ငံ ထဲမှာ ကိုယ့်နိုင်ငံက ဂုဏ်ယုဖွယ်ရာပါနေကြောင်းပါ။ ပြီးတော့ လက်ရှိအချိန်ထိ ဓာတုလက်နက်အစီအစဉ်တွေ၊ လက်နက်အများအပြားရှိ နေတဲ့ နိုင်ငံ ၁၇ နိုင်ငံ ထဲမှာ မြန်မာ က ထိပ်ဆုံးနားက ပါ၊ ဒါတွေ ဘာအတွက် လုပ်နေတာလဲ။ ဘယ်သူတွေကို သုံးဖို့လဲ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်၊ပြည့်အင်အား သည် ပြည်တွင်းမှာ သာရှိ သည် ဆိုတဲ့ စကားလုံးတွေ ကိုပြန်လည်ကြားယောင်မိ ပြန်တော့ ဒါတွေ ပြည်တွင်းအားတွေကို နှိပ်ကွပ်ရာမှာ သုံးဖို့လား လို့ သံသယဖြစ်ဖွယ်ရာပါ၊ ၂၀၁၁ မှာ ကချင် ထိုးစစ်မှာ သုံးခဲ့တယ် လို့ သံသယရှိခဲ့သလို၊ ၉၀နှစ်များ က ကချင်၊ ကရင် နဲ့စစ်ပွဲတွေ ခွန်ဆာနဲ့ စစ်ပွဲတွေမှာ သုံးခဲ့တယ် လို့ လည်း နိုင်ငံတကာ က လက်ခံယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ လက်ပတောင်း အရေးမှာ သံဃာတော်တွေ အပေါ်မှာ ပိတ်ပင်ထားတဲ့ မီးစုံးဓာတ်ပါဝင် တဲ့ လက်နက်တွေကို သုံးခဲ့တာလည်း အများသိကြပါတယ်။ ၁၉၉၅ က ကောမူးရာ တိုက်ပွဲမှာ ဓာတုလက်နက်သုံးခဲ့ တာကို တွင်း(2) ဗိုလ်ချုပ် တင်ဦးက မသေခင်မှာ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်မှာ ကရင်နီတွေကို ဓာတု လက်နက်နဲ့ တိုက်ခိုက်ခဲ့ လို့မျက်လုံး၊လည်ချောင်း၊အဆုတ်၊ အရေပြားတွေ ထိခိုက်ခဲ့ သလို သွေးအန်၊ကြွက်သား ပျော့ပြောင်းသွားမှုတွေ လည်းဖြစ်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ် မှာ ကိုးကန့် နဲ့ မတည့်စဉ်က ဓာတုလက်နက်သုံးခဲ့ပေမဲ့ ဘိန်းသူဌေးတွေက ဓာက်ငွေ့ကာ ဝတ်စုံ၊ မျက်နှာဖုံးစွပ်တွေ နဲ့ ကြိုတင်ကာကွယ် နိုင်ခဲ့ပါတယ်။
ဒီလို လက်နက်တွေ ကို မြန်မာ နိုင်ငံက ဘယ်လို နေရာတွေမှာ ထုတ်လည်း သိုလှောင်ထားလည်း ဆိုတာတွေကို နိုင်ငံတကာ က လေ့လာစောင့်ကြည့်သူများက လေ့လာပြီး ဖြစ်လို့ ဓာက်ပုံတွေ နဲ့တကွ ရှိနေကြပါတယ်။ ဒါပေမဲ့ စစ်ရေးကိစ္စဖြစ်နေလို့ ဓာတ်ပုံတွေကို မရှယ်တော့ပါဘူး။ ဒီလို လက်နက်တွေကို ပန်းတောင်း၊ သရက်၊ ထုံးဘို၊ မကွေး အနီးတဝိုက်၊မင်းလှ၊ မလွန်၊ ဆင်တဲ၊ တို့က ကပစ စက်ရုံတွေ မှာ ထုတ်လုပ်တယ် လို့ လက်ခံယူဆထားကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံက ဒီလို လူအများအပြားသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်၊ ထုတ်လုပ်၊ ကြိုးပမ်းအားထုတ်နေ တဲ့ ရည်ရွယ် ချက်ကို စဉ်းစားလို့ မရနိုင်ပါဘူး။ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်ကို အခုထိအတည်ပြု လက်မှတ်ထိုးမထားတာက လည်းအဓိပ္ပယ်မ ရှိပါဘူး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့ အစိုးရအဖွဲ့ကို ဒီလို လက်နက်တွေ အမြန်ဆုံး ဖျက်ဆီး ပစ်ဖို့ တောင်းဆိုပါရစေ။
မေပုပ္ပား
၂၀၁၃ စက်တင်ဘာ ၁၄ ရက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...