Wednesday, January 1, 2014

Myanmar Youth Media Club 31 Dec 2013

Posted: 31 Dec 2013 07:03 PM PST

ဖန်လုံးကို ကာတွန်းကား တွေနဲ့ မှော်ဝင်ကား တွေမှာ စုန်းမကြီးတွေ၊ မှော်ဆရာမကြီးတွေ သုံးတဲ့ ပစ္စည်း တစ်ခုလို့ပဲ သိ ထား ကြတာပါ။ ဒါပေမယ့် နေရောင်ခြည် စွမ်းအင်ကို သိုလှောင်ပြီး လူတွေ သုံးနိုင်အောင် လုပ်ပေးနိုင်ပါတယ်။
၂၀၁၂ ခုနှစ် အတွင်း တီထွင် ဖန်တီးခဲ့ ကြတဲ့ ပစ္စည်းတွေ ထဲကမှ ကမ္ဘာကြီး ပေါ်က နေရောင်ခြည် စွမ်းအင် သုံးတဲ့ နည်းပညာ တွေကို လုံးဝ ပြောင်းလဲ သွားစေတဲ့ ဖန်လုံးကြီးက အထင်ကရ တစ်ခု ဖြစ်ပါတယ်။ Rawlemon ရဲ့နေရောင် ခြည်စွမ်းအင် ထုတ်တဲ့ ဒီဖန်လုံး ကြီးက စ တီးဒေါက် ပေါ်တင် ထားတဲ့ ဖန်ဂေါ်လီ လုံးကြီး တစ်ခုနဲ့ တော်တော်ကို တူပါတယ်။ ဒါပေမယ့် ဒီဟာကြီးကနေ ဖန်တီးပေး နိုင်တာ ကတော့ သာမန် မဟုတ်ပါဘူး။ နေရောင်ခြည်ကို စုစည်းနိုင်တဲ့ ဒီကိရိယာ ကြီးက နေရောင်နဲ့ လရောင်ကို အဆ တစ်သောင်း အထိ စုစည်းပေးနိုင်ပြီး လက်ရှိ သုံးနေတဲ့ ဝင်ရိုး နှစ်ခုပါ အလင်းသုံး လျှပ်စစ်ထုတ် ကိရိယာ ဒီဇိုင်း တွေထက် ၃၅ ရာခိုင်နှုန်း ပိုစွမ်းဆောင် နိုင်ပါတယ်။ သူတို့ရဲ့ က နဦး ဒီဇိုင်းနဲ့တင် အံ့မခန်း လောက်တဲ့ စိတ်အား ထက်သန်မှု တွေရရှိ ခဲ့တဲ့ Rawlemon မှသိပ္ပံ ပညာရှင် တွေက ထပ်မံ မွမ်းမံထားတဲ့ ဒီဇိုင်း သစ် တစ်ခုနဲ့ တကျော့ပြန် လာကြ ပြန်ပါပြီ။ Betaray လို့ခေါ်တဲ့ ဒီဖန်လုံး ကြီးကို လေ့လာကြည့် ကြရအောင်။ Rawlemon မှဂျာမန် ဗိသုကာ ပညာရှင် Andre Broessel မှ "ကနဦး ဒီဇိုင်းကို ဂျာမန် ဓာတ်ခွဲခန်း တစ်ခုဖြစ်တဲ့ ဂျာမနီ နိုင်ငံ Baden-Wurttemberg ပြည်နယ် နေရောင် ခြည် စွမ်းအင်နဲ့ ဟိုက်ဒရိုဂျင် သုတေသနဌာန (Zentrum fur Sonnenenergie-und Wasserstoff-Forschung Baden-Wurttemberg)မှာ လေ့လာ ခဲ့ပြီး တွေ့ရှိ ချက်များက အားရစရာ ကောင်းတယ်။" လို့ Inhabitat ကို email နဲ့ပြောကြား ခဲ့ပါတယ်။ ကနဦး ဖန်လုံး ဒီဇိုင်းက ဝင်ရိုး နှစ်ခုတပ် အလင်းသုံး လျှပ်စစ်ထုတ် ကိရိယာ တွေထက် နေရောင် ခြည်စွမ်းအင်ကို ၇၀ ရာခိုင်နှုန်း ပိုမိုရယူ နိုင်ပါတယ်။ လျှပ်စစ် သို့မဟုတ် အပူ စွမ်းအင် ရရှိဖို့ အတွက် နေရောင်ခြည်ကို စုပ်ယူဖို့ ဒီဖန်လုံးကို သုံးနိုင် ပါတယ်။ အဆောက်အဦးရဲ့ နံရံ သို့မဟုတ် မျက်နှာကျက် တွေ ပေါ်မှာ တစ်သားတည်း ဖြစ်အောင် တပ်ဆင်နိုင်ပြီး ရာသီဥတု ဒဏ်ကိုလည်း ခံနိုင်ပါတယ်။ ဖန်လုံးကြီး တစ်လုံးသာ ဖြစ်တာမို့ ဖောက်ထွင်း မြင်နိုင်မှု ၉၉ ရာခိုင်နှုန်း ရှိဖို့ သေချာပါတယ်။



ဒီနေရောင်ခြည် ဖန်လုံးကြီးဟာ ကမ္ဘာ့ နည်းပညာ ကွန်ယက်ဆု ၂၀၁၃ (World Technology Network Award 2013) အတွက် နောက်ဆုံး ဆန်ကာတင် စာရင်းဝင် ဖြစ်ခဲ့လို့ Rawlemon အဖွဲ့ကို ပိုစိတ်အား တက်စေခဲ့ပြီး သူတို့က ခုလက်ရှိမှာ ဒုတိယအကြိမ် Betaray ကိုထုတ် လုပ်လာ ကြတာပါ။ နောက်ဆုံး ပြသ ခဲ့တာထက် ပိုကောင်းအောင် မွမ်းမံထား တာလည်း ဖြစ်ပါတယ်။ Betaray က ပျံ့လွင့်နေတဲ့ အလင်း တွေကို စုစည်းနိုင်ပြီး အင်အားပြင်း နေရောင်ခြည် စွမ်းအင် အလင်းတန်းကို ထုတ်လုပ်ပေး နိုင်ပါတယ်။ Betaray က နေ၊ လတို့ တိမ်ဖုံးနေ တဲ့ နေ့ရဲ့ မီးခိုးရောင် ကောင်းကင် ကနေတောင် နေရောင်ခြည်ကို ရယူ ပြောင်းလဲနိုင် တာပါ။ သုံးစွဲနေကျ နေရောင်ခြည်စုပ် ကိရိယာ တွေဆိုရင်  စွမ်းအင် စတင် ထုတ်လုပ်နိုင်ဖို့ ဝင်လာတဲ့ အလင်းရောင်ခြည် လေးဆ ပိုမို လိုအပ်တာ ဖြစ်ပါတယ်။ Discovery News မှာတော့ နေရောင်ခြည် စွမ်းအင်ကို စုစည်းပေးတဲ့ ဒီဖန်လုံးကြီးကို ချိုမြိန်တဲ့ သကြားလုံး ကြီးလို နည်းပညာ မျက်လုံးကြီး (Tasty Tech Eye Candy) လို့တင်စားပြီး ဖော်ပြ ထားပါတယ်။ ရေနံ၊ ကျောက်မီးသွေး တွေလို တဖြည်းဖြည်း ပွန်းပါးသွားမယ့် စွမ်းအင်မျိုး မဟုတ်ဘဲ အသစ်တဖန် အမြဲရနိုင်တဲ့ စွမ်း အင် (renewable energy) တွေရဲ့ အနာဂတ်ကို ဒီဖန်လုံး ကြီးကနေ ကြည့်ရှု မြင်တွေ့ နိုင်တယ်လို့ ရေးသားထား တာကိုလည်း တွေ့ရှိ ရပါ တယ်။



Images from inhabitat. Source: inhabitat.com, news.discovery.com


Author

Tornado

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...