Myanmar Youth Media Club 14 Jan 2014
MYMC - MYMHOT |
Posted: 14 Jan 2014 05:05 AM PST
သူတို့
ဂါနာက Ga လူမျိုးတွေရဲ့ ဒီယဉ်ကျေးမှုဟာ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ ယှဉ်ရင်
အရမ်းကို ဆန်းကြယ် နေပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်မှာတော့ လူသေရင်
သစ်သားခေါင်း ထဲထည့် မီးသဂြိုလ်ပြီး အရိုးတို့၊ ပြာတို့ကို အုတ်ဂူ တည်ချင်
တည်ပေါ့။ လူသေထည့်တဲ့ အခေါင်းက လည်း ဆန်းဆန်းပြားပြား ဟုတ်ပါဘူး။
ဒီတစ်ယောက် သေလည်း ဒီသစ်သား အခေါင်း၊ နောက်တစ်ယောက် သေလည်း ဒီသစ်သား
အခေါင်း ပါပဲ။ ကွာတာဆိုလို့ အရှည်ပဲ ရှိလိမ့်မယ်။
ဟော...သူတို့ ဂါနာမှာတော့ လူသေ ထည့်တဲ့ အခေါင်းကတော့ ဘီယာ ပုလင်းပုံတို့၊ ဖိနပ်ပုံတို့၊ ငါးပုံတို့၊ နာနတ်သီး ပုံတို့၊ ကားပုံတို့၊ အဆန်း ဆုံး ကိုကာကိုလာ ပုလင်း ပုံတဲ့ဗျာ။ သူတို့ ယဉ်ကျေးမှု အနေနဲ့ ကျတော့ လုပ်ရိုးလုပ်စဉ် ဖက်ရှင် စတိုင်ပုံစံ ပေမယ့် စာဖတ်သူ တွေကတော့ သမရိုး မကျတဲ့ စတိုင်ထုတ်ပုံ တစ်မျိုးလို့ မြင်ကြမှာပါ။ ရိုးရာလို့ မြင်ပေးလို့ ရပေမယ့် အထူးအဆန်း လုပ်လို့ ပိုက်ဆံကုန် တာကတော့ အမှန် အကန်ပါပဲ။ Ga လူမျိုးတွေဟာ လူသေရင် နောက်ဘ၀ကို ရောက်တယ်လို့ ယုံကြည်သူတွေ ဖြစ်ပေမယ့် သေပြီး မြေထဲ မြုပ်မယ့် အတူတူ အ လုပ်ရှုပ် ခံပြီး အခေါင်း ပြင်ဆင်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် သူတို့ ယဉ်ကျေးမှု ဖြစ်လို့ ဓလေ့ အဖြစ် လက်ခံရမှာ အမှန်ပါပဲ။ အထဲမှာ ပါတဲ့ လူသေတွေ အတွက်တော့ စိတ်မကောင်း ပေမယ့် ဖက်ရှင်မျက်စိ နဲ့သာ ကြည့်ပြီး ခံစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။
Images from guim, ghettobassquake, oddculture. Source: ghanaweb.com

0 comments:
Post a Comment