Saturday, January 4, 2014

Myanmar Youth Media Club 03 Jan 2014

MYMC - MYMHOT



Posted: 03 Jan 2014 06:54 PM PST
How to overcome phobias 
ပာိုးတစ်နေ့က ထူးထူးခြားခြား အကြောက်လွန် ရောဂါတွေ အကြောင်းကို တင်ပြခဲ့ ပါတယ်။ ဒီနေ့တော့ အကြောက်လွန် ရောဂါကို ဘယ်လိုမျိုး ကျော်လွှား မလဲ ဆိုတာကို တင်ပြ သွားပါ့မယ်။
"Beat the gravest fear out of your body, feel good and positive."


ကြောက်စရာ အကောင်းဆုံး အကြောက်လွန်မှု ရောဂါ Phobia ကိုအနိုင် တိုက်လို့ ကောင်းမွန်တဲ့ အတွေးနဲ့ ခံစားမှုကို ရရှိအောင် လုပ်နိုင်ပါ တယ်။ ဒါကို phobia ဝေဒနာရှင် တွေရဲ့ ဆောင်ပုဒ် အဖြစ်တောင် ထားသင့် ပါတယ်။ ဒီကြောက်ရွံ့တဲ့ ခံစားချက်ဟာ တချိန်တုန်းက ပြင်းပြင်း ထန်ထန် စိတ်ဒဏ်ရာ ရခဲ့မှု၊ မျိုးရိုး လိုက်တာ၊ စိုးရိမ် ပူပန်မှု၊ အသက်အရွယ် စတာတွေနဲ့ သက်ဆိုင် ပါတယ်။ ဒီစိတ် ရောဂါပာာ လူတစ်ဦး ရဲ့ အမှုအကျင့်နဲ့ ကျန်းမာရေး ကိုတောင် ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ စိတ်ရောဂါ ဆိုင်ရာ ပညာရှင် တွေဆီက ကုထုံးတွေ ရ ယူကြ ရတာ ပါပဲ။ တကယ်တော့ လူအများစုမှာ ဒီရောဂါကို ကိုယ်တိုင် သိရှိ နားလည်ပြီး အားစိုက်ထုတ် ရုံနဲ့ ကျော်လွှား သွားနိုင် ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရစေပြီး အကြောက်လွန်မှု ကင်းရှင်းတဲ့ စိတ်အခြေ အနေမှာ လွတ်လပ် ပေါ့ပါးသူ ဖြစ်ချင် ပါသလား။ အောက်ပါ နည်းလမ်းတွေကို ကိုယ်တိုင် အားစိုက် ထုတ်ရုံနဲ့ ကျော်လွှား နိုင်ပါမယ်။



၁။ ကိုယ်ဘာကို ကြောက်တာလဲ ဆိုတာ သိနား လည်ပြီး ဒါကို ရင်ဆိုင်ဖို့ အသင့် ပြင်ပါ။ တချို့က အမြင့်ကို ကြောက်တယ် လို့သာမာန် ပြောရ ပါတယ်။ အမြင့်ကို ကြောက်တယ် ဆိုတာ ဘယ်လို အမြင့်ကို ကြောက်တာလဲ။ ဟာလာဟင်းလင်း အမြင့်ကို ကြောက်တာလား။ အကာအရံပါ နေရင်တောင် ကြောက်တာလား။ ဘယ်လို အခြေအနေ မှာကြောက် သလဲ။ ဘယ်လောက် မြင့်မြင့် ဆိုရင် ကြောက်သလဲ စတာတွေကို ကိုယ့် ဘာသာ သေချာဖို့ လိုပါမယ်။

၂။ ဘာအစီ အစဉ်မှာ မဆွဲခင် ခင်ဗျား ကိုယ်တိုင် သေချာ ပြင်ဆင်ပြီး နောက်ဆုံး ရလဒ်ကို လက်ခံ နိုင်ဖို့ စိတ်ပိုင်း ဖြတ်ပါ။

၃။ တိကျပြီး အပြု သဘော ဆောင်စွာနဲ့ ပန်းတိုင်ကို ဦးတည်ပါ။ တခါတစ်လေမှာ ကိုယ်တိုင် မလုပ်နိုင် မချင်း ပန်းတိုင်က မဖြစ်နိုင်ဘူး လို့ထင် ရပါတယ်။ ဥပမာ - မြွေကြောက်သူက စပါးကြီး မြွေနဲ့ ဓါတ်ပုံ တွဲရိုက်ဖို့ ဆုံးဖြတ် ထားတာ မျိုးပါ။


How to overcome phobias

၎။ ပြဿနာကို ဖြေးဖြေးချင်း ချဉ်းကပ်ဖို့ စီစဉ်ပါ။ ခင်ဗျားရဲ့ အကြောက်လွန် မှုဟာ အသစ်  မဟုတ်သလို တစ်ကြိမ် တစ်ခါထဲ ပေါ်လာ တာမျိုး မဟုတ် ပါဘူး။ ဒါက ခင်ဗျား ကြီးပြင်း လာတာ နဲ့အမျှ ကြီးထွား လာပြီး လွှမ်းမိုး သက်ရောက် လာတာပါ။

၅။ အကြောက်လွန် ရောဂါကို ဖြေးဖြေး၊ နည်းနည်း ချင်းစီ ကစလို့ ကိုင်တွယ်ပါ။ ကိုယ့်ဘာသာ အန္တရာယ် ရှိလောက်တဲ့ အခြေအနေ မျိုးရောက် ဖို့အထိ မစွန့်စား သင့်ပါဘူး။ နည်းနည်းချင်း နည်းနည်းချင်း စီကို ပညာ မျက်စိနဲ့ သတိရှိရှိ ရင်ဆိုင် ရပါမယ်။ တကယ်လို့များ အမြင့်ကြောက် တဲ့ ဝေဒနာရှင် ဆိုပါစို့။ ငါးထပ် ကနေ စပြီး မစွန့်စား ပါနဲ့။ ပထမထပ်က စလို့ ဖြေးဖြေးချင်း ခံနိုင်ရည်ကို စမ်းသပ်ပါ။

၆။ ခင်ဗျားရဲ့ ကြောက်ရွံ့ အတွေးတွေ ကြီးထွား လာတာကို မီးနီပြ ရပ်တန့်ဖို့ လိုပါလိမ့်မယ်။ ကြောက်တယ် ဆိုတဲ့ ခံစားချက် ပေါ်လာတဲ့ အခါ တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတွေနဲ့ အစား ထိုးကြည့်ပါ။ သူငယ်ချင်း တွေနဲ့ စကား ပြောနေတာ မိုဘိုင်းဂိမ်း ကစားတာ စတာတွေ ပေါ့။ ကြောက်ရွံ တာကို မေ့ထားဖို့ ဒါတွေက တကယ် အလုပ် ဖြစ်ပါတယ်။


How to overcome phobias

၇။ ဒီအကြောက် လွန်တဲ့ အရာ တွေကို နေ့စဉ် လုပ်ငန်း တစ်ခုလိုကို ရင်ဆိုင်ပါ။ တခြား တစ်ဖက်က ပြောရမယ် ဆိုရင် ကြောက်ရွံတဲ့ အရာကို မေ့မထားပဲ နေ့တိုင်း ကြုံတွေ့ ပါစေ။
အပေါ်က နှစ်ခုကို နည်းနည်း ရှုပ်သွား ပါသလား။ သဘောကတော့ ပင့်ကူ ကြောက်သူက ပင့်ကူ မွေးထားတဲ့ သူငယ်ချင်း အိမ်က ပင့်ကူမှန် လှောင်အိမ် အနားမှာ poker ဖဲသွားသွား ကစား တာမျိုးကို ဆိုလို ပါတယ်။ ဒါဆိုရင် ကိုယ့်အာရုံ နဲ့ကိုယ် ပင့်ကူ ကြောက်တဲ့ ခံစားချက်ကို မေ့ နေသလိုမျိုး ဖြစ်နေ ပါလိမ့်မယ်။

၈။ ခင်ဗျားရဲ့ ကြောက်ရွံတဲ့ ခံစားချက် အပေါ်မှာ ဘာတွေ ဖြစ်လာ နိုင်သလဲ ဆိုတဲ့ အတွေးတွေ တွေးပေးပါ။ ဒါက ဒီကြောက်ရွံ မှုနဲ့ နဖူးတွေ့ ဒူးတွေ့ ခံစားရ တဲ့အခါ ဘာတွေ လိုအပ်သလဲ ဆိုတာ မျိုးကို ပြင်ဆင် ထားနိုင် ပါတယ်။ ဥပမာ အားဖြင့် လူရှေ့မှာ စကားပြော ရမှာကို အ ကြောက်လွန်သူ တွေအနေနဲ့ မိန့်ခွန်း ပြောဖို့ ကြုံလာတဲ့ အခါ ကြိုတင် လေ့ကျင့် ပြင်ဆင် ထားတာ မျိုးပါ။

၉။ တဆင့်ချင်း စီက အောင်မြင်မှု တိုင်းကို ဂုဏ်ပြုပါ။ ရှုံးနိမ့်မှု တွေကို အဖက် မလုပ်ပါနဲ့။ အနိမ့်ဆုံး ကနေ ဖြေးဖြေးချင်းစီ သတ္တိ မွေးလို့လှမ်း တက် သွားမယ် ဆိုရင် နောက်ဆုံးမှာ ကြောက်ရွံခြင်း ရောဂါကို အောင်နိုင် ပါလိမ့်မယ်။

"Beat the gravest fear out of your body, feel good and positive."

How to overcome phobias


Images from pattirose, ggpht, ewell-hypnotherapy, wikihow. Source: wikihow.com

Author

Mai Shine

Author

Mai Shine
Posted: 03 Jan 2014 04:44 AM PST
Samusng ရဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ်က Galaxy S5 ကိုနောင်လ MWC 2014 ပွဲမှာ တရားဝင် ကြေညာမယ်လို့ ဆိုပြီး မတ်လမှာ ထွက်ရှိလာ မယ်လို့ အစီရင် ခံစာတွေ ရှိနေပါတယ်။
Galaxy S5 အတွက် ကောလပာာလ တွေကတော့ ခုချိန်မှာ တော်တော် ဖောင်းပွ နေပါပြီ။ အဲဒီလိုပဲ အဲဒီ ကောလပာာလ တွေနဲ့ တူညီတဲ့ အ ရေအတွက် လောက်ရှိတဲ့ အစီရင်ခံစာ တွေကလည်း ကောလပာာလ တွေကို ရှင်းထုတ် နေပါတယ်။ ဒါပေမယ့် ဘယ်ကောလပာာလက ရပ် သွားရိုး ထုံးစံ ရှိလို့လဲ။ Samsung ကတော့ နောက်လာမယ့် Galaxy S5 အတွက် လုံလုံခြုံခြုံကို ထုတ်လုပ် နေတာပါ။ iNews24 ကအစီရင် ခံစာ အသစ်မှာ ကိုရီးယားက ထုတ်လုပ်သူ တွေပာာ မတ်လ မှာထုတ်မယ့် သူတို့ရဲ့ နောက်ဆုံး flagship သုံး Andriod စမက်ဖုန်း အတွက် ဆန်းသစ်တဲ့ အကြံဥာဏ်တွေ ရှိနေတယ် လို့ဆိုထား ပါတယ်။ အဆိုပါ အစီရင် ခံစာပာာ Samsung ရဲ့ Vice President နဲ့ Head of Design Strategy ဖြစ်သူ Dong-hoon Chang ကိုကိုးကား ထားတာပါ။ Dong-hoon Chang က ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ မှာပြုလုပ်တဲ့ နှစ်သစ်ကူး ပါတီပွဲမှာ သူတို့ရဲ့ device အသစ်က လျှို့ဝှက်ချက် အချို့ကို ပြောပြ ခဲ့တာပါ။

Galaxy S5

နောက်ဆုံး ထွက်ရှိ ထားတဲ့ ကောလပာာလ အရ Samsung ပာာနာမည် မကြီးတဲ့ ပလပ်စတစ် ကိုယ်ထည်ကို စွန့်လွှတ်ပြီး ပိုပြီး ကြံ့ခိုင်ကာ ကြည့်ကောင်းတဲ့ metal နဲ့ flexible plastic ကိုပေါင်းထားတဲ့ ကိုယ်ထည်ကို အသုံးပြု ဖွယ်ရှိ ပါတယ်။ Chang က Galaxy S5 ကိုနောက်လ ဘာစီလိုနာ မြို့မှာ ကျင်းပမယ့် Mobile World Congress 2014 မှာတရားဝင် ကြေညာမယ် လို့လည်း ဆိုထား ပါသေးတယ်။ နောက်ပြီး မတ်လလောက်မှာ ထွက်ရှိလာ မယ်လို့လည်း ထင်ရပါတယ်။ Chang ရဲ့ပြောကြား ချက်ပာာ Galaxy S5 အတွက် မပာုတ်ဘဲ Galaxy F ဆိုတဲ့ လုံးဝ ခြားနားတဲ့ device အကြောင်းလည်း ဖြစ်နိုင်ချေ လုံးဝ ရှိနေပါ သေးတယ်။ ဒါပေမယ့် Galaxy F ဆိုတဲ့ နာမည်နဲ့ ကောလပာာလ က လွဲလို့ တစ်ခြား ဘာမှ မရှိသေးတဲ့ device ပါ။ Galaxy S5 ဖြစ်ဖြစ် Galaxy F ပဲဖြစ်ဖြစ်ပါ၊ သူတို့ဆီမှာ အသစ်သစ် တွေနဲ့ device တစ်လုံး ရှိနေ ပြီ ဆိုတာကတော့ သေချာ နေပါပြီ။ အခုတော့ Samsung ရဲ့နောက်ထွက်မယ့် device အသစ် အတွက် ကောလပာာလ တွေကတော့ အများ အပြား ပါပဲ။ အဲဒါတွေကို အကုန်လုံးသာ ပေါင်းလိုက် လို့ကတော့ Galaxy S5 ဆိုတာ တော်တော် ကြီးကို ကောင်းမယ့် ဖုန်းတစ်လုံးပါ။ ကော လပာာလ တွေက ဆက်ထွက် နေဦးမှာ ဖြစ်ပြီး တရားဝင် ကြေညာချက် မထွက်ခင် ထိတော့ ဘယ်ပာာ မှန်မှန်း သိမှာ မပာုတ် သေးပါ ဘူး။

Galaxy S5

Images from redmondpie, abrebrecha. Source: redmondpie.com

Author

Noel

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...