Myanmar Youth Media Club 02 Jan 2014
MYMC - MYMHOT |
Posted: 02 Jan 2014 06:57 AM PST
Agyrophobia - လမ်းဖြတ် ကူးရမှာ ကြောက်ခြင်း
Agyrophobics ဆိုတာ လမ်းသွယ် တွေကော အမြန်လမ်း တွေသာမက ဖြတ်သွားရတဲ့ အရာ အားလုံးကို ဖြတ်သွားဖို့ ကြောက်တာ ဖြစ်ပါ တယ်။ ဒါကြောင့် မြို့ပြ တွေမှာ နေတဲ့ အခါ ဝေဒနာရှင် အတွက် အလွန်ပဲ ခက်ခဲပြီး စိတ်မသက် မသာ ဖြစ်ရပါတယ်။ ဒီစကားလုံးဟာ ဂရိ စာလုံး gyrus ကလာပြီး ၀ဲကတော့ လှည့်တာကို ကြောက်ရွံ့တယ် ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ ဒီကြောက်ရွံ မှုမှာ categories များစွာ ပါဝင် ပါတယ်။ ဒီကြောက်ရွံ မှုကို ခံစား နေရသူ တွေဟာ ဆင်ခြေဖုံးက လူသွားလူလာ မများတဲ့ လမ်းလေးတွေ သာမန် လူလျှောက် လမ်းတွေကို ဖြတ်ရမှာ တောင် ကြောက်ရွံ့ နေတာပါ။ ဒါကြောင့် ဒီဝေဒနာက ကားကို ကြောက်ရွံတာနဲ့ သက်သက် ဆီလို့ ယူဆ ကြပါတယ်။ Mageirocophobia - ဟင်းချက်ရမှာ ကြောက်ခြင်း နောက်ထပ် ထူးထူးခြားခြား ကြောက်ရွံတာ ကတော့ ဟင်းချက်ရမှာ ကြောက်တာပဲ ဖြစ်ပါတယ်။ ဒါက ဂရိစာလုံး mageirokos - ဟင်းချက် ကောင်းသူ ဆိုတာက လာပါတယ်။ ဒီ disorder ကခံစား ရသူဟာ တစ်ယောက်ထဲ နေသူ ဖြစ်နေမယ် ဆိုရင် ကျန်းမာရေး ချို့တဲ့တာ မျိုးအထိ ထိခိုက် နိုင်ပါတယ်။ mageirocophobia ဝေဒနာရှင် တွေက အထူးသဖြင့် ဟင်းချက် ကျွမ်းကျင် သူတွေရဲ့ နောက်ပြောင် မှုကြောင့် သူတို့ရဲ့ အားနည်း ချက်ကို ဖုံးကွယ်ရင်း ဖြစ်ပွားတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့သာ စာဖတ်သူဟာ mageirokos တစ်ယောက် ဆိုရင်တော့ ဟင်းချက် ကျွမ်းကျင်မှု အခြေခံကို မြှင့်တင်ဖို့ အကြံပြု လိုပါတယ်။
Pediophobia - အရုပ်တွေကို ကြောက်ခြင်း
Pediophobia ဆိုတာက အရုပ်မမြင် နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကြောက်စရာ အရုပ်များ သာမက သာမန် အရုပ် ချစ်စရာ ကောင်းတဲ့ အရုပ် အကုန်လုံးကို ကြောက်ရွံ ကြပါတယ်။ သူတို့ဟာ အရုပ်တွေနဲ့ ပတ်သတ်ပြီး လွဲမှားတဲ့ ခံစားချက် ရှိနေသူ များလို့ ဆိုလို့ ရပါတယ်။ စက်ရုပ်တို့ ကိုယ်ဟန်ပြ အရုပ်မ တို့ကို ပါကြောက်ရွံ့ တာကြောင့် ဈေးဝယ်ထွက် ရမှာ အခက် အခဲ ရှိနိုင် ပါတယ်။ pedophobia ဒါမှ မဟုတ် pediaphobia လို့ခေါ်တဲ့ ကလေးတွေကို ကြောက်ရွံ့မှုနဲ့ စာလုံးပေါင်း နဲနဲကွဲပြား တာမို့ သတိထား ရမှာ ဖြစ်ပါတယ်။ နာမည်ကျော် စိတ်ပညာရှင် Sigmund Freud ကတော့ အရုပ်တွေကို ကြောက်တာက အရုပ်တွေက လူသားတွေ ဖြစ်လာ လူသားတွေ နေရာ အစားထိုးတာ ဖြစ်လာမယ်လို့ ကြိုတင် ဟောကိန်း ထုတ်ခဲ့တဲ့ roboticist Masahiro Mori ရဲ့ သီအိုရီ တွေကြောင့် ဖြစ်မယ် လို့ယုံကြည် ခဲ့ပါတယ်။ Deipnophobia - ညနေစာ စားပွဲမှာ စကား ပြောရမှာ ကြောက်ခြင်း အခု အချိန်မှာ ကျွန်တော်တို့ဟာ ညနေစာ ဒင်နာ စားပွဲ တွေမှာ စကား ပြောတာက လွယ်ကူတဲ့ အရာလို့ ထင်နေ မိမှာ ဖြစ်ပေမယ့် တစ်ချို့ လူတွေ အတွက်တော့ အဲ့ဒါကို ကြောက်လို့ ညနေစာ စားပွဲတွေ ကိုတောင် ရှောင်တတ် ကြပါတယ်။ ဒါက ဟိုးစဉ် အခါတုန်းက ညနေစာ စား ပွဲတွေမှာ လိုက်နာ ရမဲ့ တင်းကျပ်တဲ့ etiquette တွေကြောင့် မို့ဖြစ်နိုင် ပါတယ်။ ယနေ့ခေတ် လူမှု ဘ၀ မှာတော့ ဒီလို ဓလေ့တွေ လိုက်နာ တာ နည်းသွား ပြီမို့ စိတ်ချလက်ချ ညစာ စားပွဲ တက်လို့ ရပါပြီ။
Eisoptrophobia - မှန်ကြည့် ရမှာကြောက်ခြင်း
Eisoptrophobia ဆိုတဲ့ မှန်ကြောက် တာက မှန်ကနေ တဆင့် ၀ိညာဉ် လောကနဲ့ ထိတွေ့ မှုရှိ တယ်ဆိုပြီး ကြောက်ကြ တာဖြစ် ပါတယ်။ ဝေ ဒနာရှင် တွေက သူတို့ရဲ့အကြောက် လွန်မှုဟာ သဘာဝ မကျဘူး ဆိုတာ သိနေတာ တောင်မှ စိုးရိမ် ထိတ်လန့် မှုကတော့ လျော့မသွား ပါဘူး။ ဒီအကြောက် လွန်မှုက သဘာဝလွန် ဖြစ်ရပ် တွေကို ယုံကြည်မှု ကနေ စလာပါတယ်။ မှန်ကွဲရင် ခုနှစ်နှစ် ကံမကောင်းဘူး ဆိုတာ မျိုးလို ပေါ့။ မှန်ကြည့် လိုက်တဲ့ အခါ တမလွန် လောက သားတွေကို မြင်ရမယ်လို့ ယုံကြည် နေကြတာ မျိုးပါ။ စာရေးသူ ကတော့ ညနေဘက် တစ်ဦး ထဲ မှန်ကြည့် ရမှာ ကြောက်ပါတယ်။ မှန်ထဲ ကနေ ကိုယ့်ရဲ့ အနောက်မှာ တစ်ယောက် ယောက်ရှိ နေမှာ စိုးလို့ပါ။ Demonophobia - မိစ္ဆာတွေကို ကြောက်ရွံ့ခြင်း စာဖတ်သူက တမလွန် လောက ကိုမယုံကြည်သူ ဆိုရင် ဒီဖြစ်ရပ်က ဖြစ်နိုင်စရာ မဟုတ်ဘူး လို့ထင်မှာပါ။ တကယ်တော့ ဒီလို မိစ္ဆာ တွေကို ကြောက်ရွံ့တာမို့ စိတ်ဝေဒနာ အသေးစား ဖြစ်တဲ့ အကြောက်လွန် ရောဂါ ခံစားနေ ရသူ တွေကို Demonophobia လို့ခေါ် ပါတယ်။ သူတို့ရဲ့ ရောဂါ လက္ခဏာက demon တွေ အကြောင်း ပြောကြတဲ့ အခါ တုန်လှုပ် စိတ်လှုပ်ရှား လာတာ၊ တောထဲမှာ တစ်ယောက်ထဲ လျှောက်သွား ချိန်မှာ ဖြစ်ဖြစ် သရဲကား ကြည့်တဲ့ အခါဖြစ်ဖြစ် သူတ ကာထက် လွန်လွန် ကဲကဲ တုံ့ပြန်တာ မျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့ လူနာတွေ မှာတော့ ကြက်သွန်ဖြူတွေ အင်းချပ်တွေ ငွေကျည်ဆံတွေ ဆောင်ထား ကြတာကို တွေ့ရလေ့ ရှိပါတယ်။
Pentheraphobia - ယောက္ခမကို ကြောက်ရွံခြင်း
ဒီအကြောက်လွန် ရောဂါ တွေထဲမှာ ယောက္ခမကို ကြောက်တာ ကတော့ အတွေ့ အများဆုံး အပြော အများဆုံးပဲ ဖြစ်မှာပါ။ လက်ထပ် ပြီးသား လူတွေမှာ ဒီကြောက်ရွံ့မှုကို ပြင်းပြင်းထန်ထန် ခံစား ရသူတွေ ရှိတတ်ကြ ပါတယ်။ ဒီလို အကြောက်လွန် ဝေဒနာ သည်တွေကို အနောက် နိုင်ငံတွေ မှာတော့ ရုပ်ရှင်တွေ ထဲမှာ စနောက် ကြလေ့ ရှိပါတယ်။ မယုံမရှိ ပါနဲ့။ ကုသဖို့ နည်းလမ်း တွေအများကြီး ရှိနေပေမဲ့ အဲဒီလို အ ကြောက်လွန် ဝေဒနာကြောင့် လင်မယား ကွာရှင်း မှုတွေ အထိ ဖြစ်တယ် လို့ဆိုပါတယ်။ pentheraphobia နဲ့အမျိုးတူ နောက်ဝေဒနာ တစ်ခု ကတော့ novercaphobia လို့ ခေါ်တဲ့ မိထွေး အကြောက်လွန် ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါရှင်တွေ ထဲက အကျော်ကြားဆုံး ဝေဒနာသည်လေး က စင်ဒရဲလား ဖြစ်ပါတယ်။ Arachibutyrophobia - မြေပဲ ထောပတ်တွေ အာခေါင်မှာ ကပ်မှာ ကိုကြောက်ရွံ့ခြင်း ဒီရောဂါကို ဆောင်းပါး ရှင်က အချက်အလက် ရှာရ အခက်ဆုံး ဖြစ်ပါတယ် လို့ဆို ပါတယ်။ ဘယ်လို ဖြစ်လို့ ဒီလို ကြောက်ရွံမှု ဖြစ်လာသလဲ ဆိုတာ စဉ်းစား လို့တောင် မရနိုင် ပါပဲ။ ဒီဝေဒနာ ခံစား နေရသူ တစ်ယောက် ကတော့ မြေပဲ ထောပတ်နား ရောက်တဲ့ အခါတိုင်း ချွေးတွေ အရမ်း ထွက်လာပြီး တက်ချင် သလိုလို တောင်ဖြစ်လာတယ်။ အာခေါင် ထဲက ယားလာပြီး ကြမ်းထော်ထော် ဖြစ်လာတယ်။ ဒီကြောက်ရွံ့မှုနဲ့ မနေ ချင်တော့ ပါဘူးလို့ ဆိုပါတယ်။ မြေပဲ ထောပတ် စားချင် တာက အကြောက်လွန် panic attack မရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ တွေးနေမိတော့ တာပဲလို့ သူက ထပ်ပြော ပါတယ်။
Cathisophobia - ထိုင်ရ မှာကို ကြောက်ခြင်း
Cathisophobia ဆိုတာ ထိုင်ရ မှာကို ကြောက်ခြင်း ကိုခေါ်တာပါ။ ဒါက လိပ်ခေါင်း ရောဂါ ရဖူး သူတွေ ဒါမှ မဟုတ် သူတစ်ပါးရဲ့ ပယောဂ ကြောင့် ( physical abuse) နာကျင် စေတဲ့ ချွန်ထက်တဲ့ အရာ ပေါ်ကို ထိုင်ချ လိုက်မိ ဖူးသူတွေ မှာဖြစ် တတ်ပါတယ်။ တစ်ခါ တစ်လေ ဒီအ ကြောက် လွန်မှုက ကျောင်းနေစဉ်က အပြစ်ပေးခံ ရမှုတွေ ကြောင့်လဲ ဖြစ်နိုင် ပါတယ်။ Cathisophobia ဖြစ်သူ တွေမှာ ချွေးတွေ ထွက်လာ တာ၊ အသက်ရှု ကျပ်လာတာ၊ ဂဏာမငြိမ် ဖြစ်လာတွေ ဖြစ်တာကို တွေ့ရပါတယ်။ Automatonophobia - အသံတု ရုပ်ပြောင် တွေကို ကြောက်ရွံခြင်း အသံတု ရုပ်ပြောင်တွေက အများစု အတွက် ရီစရာ ကောင်းတယ် ဆိုပေမဲ့ အဲ့ဒါတွေကို ကြောက်ရွံ့ သူတွေ လဲရှိ ပါသေးတယ်။ လူတစ်ဦးထဲ က အသံ နှစ်မျိုးနဲ့ အရုပ် အတွက် တစ်မျိုး လူအတွက် တစ်မျိုး ပြောနေတာကို မကြည့်ရဲ သူတွေပေါ့။
Images from bitstrips, rumroadravings, deviantart, womansday, takeaway, guardianlv. Source: listverse.com
AuthorMai Shine |
Posted: 02 Jan 2014 04:05 AM PST
မင်္ဂလာရှိတဲ့
နှစ်သစ် ၂၀၁၄ မှာ မင်္ဂလာရှိတဲ့ သတင်း တွေက အစီအရီ စောင့်ကြို နေကြပါတယ်။
အဲဒီထဲက ၀မ်းသာစရာ တစ်ခု ကတော့ Motorola Moto X ဖုန်းတွေကို ဈေးနှုန်းတွေ
သိသိသာသာ ချပေး လိုက်တာပါပဲ။
Motorola
Moto X ဖုန်းဟာ 720 x 1280 pixels နဲ့ 4.7 inch အရှည်ရှိတဲ့ touchscreen
ရှိပြီး Processor အနေနဲ့ 1.7GHz dual-core Qualcomm Snapdragon S4 Pro
သုံးထား ပါတယ်။ Memory ပမာဏ ကတော့ 2 GB ရှိပြီး Data သိမ်းဆည်း နိုင်တဲ့
ပမာဏ ကတော့ 16 GB နဲ့ 32 GB နှစ်မျိုး ရှိပါတယ်။ Camera ကတော့ 10
Megapixels ရှိတာကြောင့် Camera စွမ်းဆောင်ရည် အကောင်းဆုံး ထဲမှာ ပါပါတယ်။
Battery Life အနေနဲ့ ကတော့ Talk Time အနေနဲ့ တွက်ရင် ၁၃ နာရီအထိ ခံနိုင်ရည်
ရှိပြီး Stand-by time အနေနဲ့ ပစ်ထားမယ် ဆိုရင် တောင် ၁၀ ရက်ထိ ခံပါတယ်။
Operating System အနေနဲ့ Android Jelly Bean 4.2.2 ကိုသုံးထား ပါတယ်။
အထက်ပါ ဖော်ပြခဲ့ တာက တော့ Moto X ရဲ့ စွမ်းဆောင်ရည် အချို့ပါ။ သူရဲ့
စွမ်းဆောင်ရည်ကို ကြည့်ရင် တခြားသော နာမည်ကြီး ဖုန်းတွေနဲ့ ကောင်းကောင်း
ယှဉ်နိုင် တဲ့ အပြင် ထိပ်တန်းဖုန်း တွေမှာလဲ ပါပါတယ်။
အဲဒီလို
Motorola Moto X ဖုန်းမျိုးကို အရင်က Contact မပါဘဲ ၀ယ်မယ် ဆိုရင်ဖြင့်
$579 အထိ ပေးခဲ့ ရပါတယ်။ အခု နှစ်သစ် မှာတော့ Contract မပါရင် $399 ပဲ
ကုန်ကျ ပါတော့မယ်။ Contract နဲ့ဆိုရင်တော့ Verizon Wireless, AR&T
တို့မှာ နှစ်နှစ်တာ ကာလ အတွက် ဒေါ် လာ 99.99 နဲ့ရရှိ နိုင်ပါတယ်။ အခု
Motorola Moto X ဈေးချပေး ပြီးနောက် မနှစ်က ထွက်ခဲ့တဲ့ နောက်သော
ထိပ်တန်းဖုန်းတွေ သူ့လိုလိုက် ဈေးချပေးဖို့ အလားအလာတွေ ရှိပါတယ်။ စိတ်ရှည်
လက်ရှည်နဲ့ ဆက်လက် စောင့်ကြည့် ကြပါလို့ တိုက်တွန်းရင် နိဂုံးချုပ် လိုက်ရ
ပါတယ်ဗျာ။
Images from cbsistatic, pocketnow, businessinsider. Source: mashable.com, news.cnet.com
AuthorPaing Hmu Ko |
0 comments:
Post a Comment