Myanmar Youth Media Club 01 Jan 2014
MYMC - MYMHOT |
Posted: 01 Jan 2014 07:12 PM PST
ဦးနှောက်
ဒဏ်ရာရမှု အသေးစား တွေကလည်း ရေရှည်မှာ စွဲကျန် စေနိုင်တဲ့ အကျိုးဆက်တွေ
ရရှိနိုင်ပါတယ်။ ဒါဘာ ကြောင့် ဖြစ်ရပါသလဲ။ ဘယ်လို ကုထုံး တွေနဲ့ လျှော့ချ
နိုင်မလဲ။ လေ့လာ ကြည့်ရအောင်ပါ။
ဦးနှောက်
ဒဏ်ရာ ရရှိမှု အသေးစား တွေကို လေ့လာခဲ့တဲ့ တွေ့ရှိချက် အသစ်တွေက
ဆိုးကျိုးဒဏ်တွေ ဘာကြောင့် ဖြစ်ရတယ် ဆိုတဲ့ အ ကြောင်း ရင်းကို ရှာဖွေ
ဖော်ထုတ်နိုင် ခဲ့ကြပြီး ဒီဒဏ်တွေကို လျှော့ချ နိုင်တဲ့ ကုထုံးသစ် တွေကို
ကြံစည် ဖော်ထုတ်နိုင် ကြတော့ မှာပါ။ Center for Disease Control and
Prevention ရဲ့စာရင်း များအရ အမေရိကန် နိုင်ငံ တစ်နိုင်ငံ လုံးမှာ
တစ်နှစ်ကို ဦးနှောက် ဒဏ်ရာရ မှုပေါင်း ၁.၇ မီလျံရှိပြီး လေးပုံသုံးပုံ ခန့်က
အသေးစား ဒဏ်ရာ ဖြစ်တဲ့ ရိုက်ခတ် ဒဏ်ရာ (concussion) ဖြစ်ပါတယ်။ ရိုက်ခတ်
ဒဏ်ရာ တွေက အသက် အန္တရာယ် ဖြစ်စေတာ အင်မတန်မှ နည်းပါး ပေမယ့် ပြင်းထန်
ဆိုးရွားတဲ့ ဆိုးကျိုး ဒဏ်တွေ ကျန်ခဲ့တတ် ပါတယ်။ ဒဏ်ရာ ရသွားတဲ့ ဦးနှောက်
တစ်သျှူးမှာ အတိအကျ ဘာတွေ ဖြစ်သွား သလဲ ဆိုတာ နားမလည် နိုင်ကြ သေးပါဘူး။
အခု ဖော်ပြမယ့် လေ့လာမှု အသစ်မှာတော့ Nati onal Institute of Health (NIH)
ရဲ့အာရုံ ကြောရောဂါနှင့် လေဖြတ် ရောဂါဌာန (National Institute of
Neurological Disorders and Str oke - NINDS) မှ သုတေသီ တွေက ရိုက်ခတ်
ဒဏ်ရာ ရထားတဲ့ ဦးနှောက်ထဲက တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ တုန့်ပြန်မှု တွေကို
သေချာ စစ်ဆေး ခဲ့ကြပါတယ်။ တွေ့ရှိချက် တွေကို ဒီဇင်ဘာ ၈ ရက်နေ့ထုတ် Nature
ဂျာနယ်မှာ ဖော်ပြပါ ရှိပါတယ်။
NINDS
သိပ္ပံပညာရှင် Dr. Lawrence Latour နဲ့လုပ်ဖော်ကိုင်ဖက်များက ဦးနှောက်
ရိုက်ခတ် ဒဏ်ရာ ရရှိပြီး CT scan မှာရုပ်ပိုင်းဆိုင်ရာ ဒဏ် ရာတွေ မတွေ့
ရှိခဲ့တဲ့ လူနာ တွေကို လေ့လာခဲ့ ကြတာ ဖြစ်ပါတယ်။ ရိုက်ခတ် ဒဏ်ရာ ရခဲ့ကြတဲ့
လူနာ ၁၄၂ ဦးမှာ ၄၉ ရာခိုင်နှုန်းက ဦးနှောက် ရဲ့ အပြင်ဖုံးလွှာ ဖြစ်တဲ့
ဦးနှောက်အမြှေးပါး (meninges) ထဲကို အရည်တွေ စိမ့်ဝင်နေတာကို ဓာတ်မှန်မှာ
ပေါ်စေတဲ့ ဆေး (contrast agent) နဲ့ MRI တို့ကို အသုံးပြုပြီး လေ့လာတွေ့
ရှိခဲ့ကြ ပါတယ်။ ဒီလို ဒဏ်ရာကို ပိုမို အသေးစိတ် လေ့လာဖို့ အတွက် NINDS မှ
Dr. Dorian McGa vern ဦးဆောင်တဲ့ ပညာရှင် အဖွဲ့က ကြွက်တွေမှာ ဦးခွံ အတွင်း
ဒဏ်ရာ ဖြစ်အောင် ဖန်တီးယူ ခဲ့ကြပြီး လူတွေမှာ တွေ့ရတဲ့ ဦးနှောက် ဒဏ် ရာရမှု
အသေးစား တွေရဲ့ ဆိုးကျိုး ဒဏ်ရာ တွေကို အတုပြုလုပ် လေ့လာခဲ့ ကြပါတယ်။
ကြွက်ငယ် တွေကို အန္တရာယ် မဖြစ် စေဘဲ မျက်နှာ ပြင်ပေါ် ရှပ်ကြည့် နိုင်တဲ့
လေဆာသုံး အနုကြည့် မှန်ဘီလူး (laser scanning microscopy) ကိုအသုံး ပြုကာ
ဦးခွံ အောက်က ဦးနှောက် သားကို လေ့လာ ကြည့်ရှုနိုင် ခဲ့ကြပါတယ်။
ပညာရှင်
တွေက ကနဦး ပိုင်းမှာတော့ ဦးနှောက် အမြှေးပါးနဲ့ ဦးနှောက် မျက်နှာပြင်
ပေါ်ရှိ အလွှာပါး (glial limitans) တွေထဲမှာ ဆဲလ်သေဆုံး တာကို တွေ့ခဲ့ကြ
ပါတယ်။ အတွင်းက ဦးနှောက်သား (brain parenchyma) ထဲမှာတော့ ဒဏ်ရာရပြီး ၉
နာရီမှ ၁၂ နာရီ တိုင်အောင် ဆဲလ် သေဆုံးမှု မဖြစ်ပေါ် ခဲ့ပါဘူး။ ဦးနှောက်
မျက်နှာပြင်လွှာ ပျက်စီး သွားချိန်မှာ အန္တရာယ် ရှိတဲ့ မော်လီကျူးတွေ
ဦးနှောက် ထဲကို ဝင်လာ နိုင်ပါ တယ်။ ဦးခေါင်း ဒဏ်ရာရပြီး တစ်နာရီ အတွင်းမှာ
ဦးနှောက်တွင်း ခုခံအား စနစ်မှာ ပထမဦးဆုံး တုန့်ပြန်တဲ့ microglia
ဆဲလ်တွေရဲ့ လက်တံ တွေက မျက်နှာပြင် လွှာဆီကို ဆန့်တန်း လာကြပြီး ပျားအုံလို
ခိုင်မာတဲ့ ကွန်ယက် တစ်ခုလို ဖုံးကာ ထားတာကို တွေ့ရှိခဲ့ ကြပါတယ်။ တခြား
microglia ဆဲလ်တွေ ကတော့ ဒဏ်ရာကို ပြုပြင်ဖို့ ဦးနှောက် မျက်နှာပြင် ထက်ကို
ပင်လယ်ရေခူ (jellyfish) တွေလို တက်လာ ကြပါ တယ်။ သက်ရှိ ဦးနှောက် ထဲမှာ
တစ်ခါမှ မတွေ့ခဲ့ ရဖူးတဲ့ ဒီလို တုန့်ပြန်မှု တွေက ဦးနှောက်ကို ကာကွယ်ထားတဲ့
အကာ အရံကို ဖြစ်စေတာပါ။ အရင် က လေ့လာမှု တွေအရ ဦးနှောက် ထဲက ခုခံအား
စနစ်ရဲ့ ခုခံမှုတွေက ဦးနှောက်ကို ထိခိုက် စေတာပါ။ ခုဒီတွေ့ရှိမှု တွေကတော့
အသေး စား ဦးနှောက် ဒဏ်ရာ ရရှိပြီး ပထမ ၉ နာရီနဲ့ ၁၂ နာရီ အတွင်းမှာ
ဦးနှောက် ခုခံအား စနစ်ရဲ့ တုန့်ပြန်မှု တွေက အမှန်တကယ် အကျိုးရှိ တာကို
ပြသနေ ပါတယ်။
သုတေသီ
တွေက ဦးနှောက် ဒဏ်ရာ ရပြီးပြီး ချင်းမှာပဲ ဒဏ်ရာ ရတဲ့ နေရာမှာ ဆဲလ်တွေကို
ထိခိုက် စေနိုင်တဲ့ Reactive Oxygen Species (ROS) မော်လီကျူးတွေ ပမာဏ
အားဖြင့် မြင့်တက် လာတာကို တွေ့ရှိခဲ့ ကြပါ သေးတယ်။ ဒီမော်လီကျူး တွေရဲ့
ဆိုးကျိုး တွေကို သက် သာစေဖို့ ဖြစ်တဲ့ နေရာမှာပဲ ကုသမှု ပေးနိုင်မလား
ဆိုတာကို ဆန်းစစ် ကြည့်ဖို့ အတွက် အကောင်း ပကတိ အတိုင်း ရှိနေတဲ့ ဦးခွံက
မော်လီ ကျူး ငယ်လေး တွေကို ဖြတ်သန်း ခွင့်ပြုနိုင် ပါ့မလား ဆိုတာကို ဦးဆုံး
လေ့လာ စစ်ဆေးခဲ့ ကြပါတယ်။ ဒီမော်လီကျူးတွေ စိမ့်ဝင် နိုင်တာ ကို တွေ့ရှိ
ခဲ့ကြပြီး ROS ပမာဏကို လျှော့ချ ပေးနိုင်တဲ့ glutathione လို့ခေါ်တဲ့
antioxidant ကို စမ်းသပ်ခဲ့ ကြပါတယ်။ ဦးနှောက် ဒဏ်ရာ ရပြီး ၁၅ မိနစ် အကြာ
ဦးခွံ မျက်နှာပြင်မှာ glutathione ကိုလိမ်း ပေးရင် ဆဲလ်သေဆုံးမှုကို ၆၇
ရာခိုင်နှုန်း လျှော့ချ နိုင်ခဲ့ပြီး ၃ နာရီ အကြာမှာ လိမ်းပေး ရင်တော့ ၅၁
ရာခိုင်နှုန်း အထိ လျှော့ချပေး နိုင်တာ ကို တွေ့ရှိခဲ့ ကြပါတယ်။ "သုံးနာရီ
အတွင်း တစ်ခုခု လုပ်ပေး နိုင်တာကို တွေ့ရှိခဲ့ ရတာ တကယ် စိတ်လှုပ်ရှား
စရာပါ။ လူနာ တွေမှာ တကယ် အသုံးပြု နိုင်ဖို့ အတွက်လည်း အရေးကြီး ပါတယ်။"
လို့ McGavern က ဆိုပါ တယ်။ ဒါပေမယ့် ဒီနည်းလမ်းကို လူ့ဦးခွံ မှာတော့
မစမ်းသပ် ရသေးပါဘူး။ "လူ့ဦးခွံက ပိုထူပြီး ဒီနည်းလမ်းကို လူ့ဦးခွံမှာ
သုံးလို့ ရနိုင် မရနိုင် ကိုတော့ ဆန်းစစ် သုံးသပ် ရဦးမှာ ဖြစ်တယ်။" လို့
ထပ်လောင်း ပြောသွား ပါသေးတယ်။
Images from ccs.fau, estatevaults, scientificamerican, vitamindwiki. Source: nih.gov
AuthorTornado |
Posted: 01 Jan 2014 04:00 AM PST
HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေ ပေးမယ့် နောက်ထပ် သုတေသန ရလဒ်သစ် တစ်ခု ထွက်ပေါ် လာပြန်ပါပြီ။
သုတေသီ
တွေက Radioimmunotherapy (RIT) လို့ခေါ်တဲ့ နည်းပညာ ကိုသုံးပြီး
ဆေးသောက်ပြီး လူနာများရဲ့ သွေးထဲမှာ ရှိနေတဲ့ HIVပိုး ကူးစက် ခံထားရတဲ့
ဆဲလ်တွေကို ဖျက်ဆီးလိုက် ခြင်းဖြင့် HIV ကူးစက် ရောဂါကို ပျောက်ကင်းအောင်
ကုသနိုင်ဖို့ မျှော်လင့်ချက် လမ်းစရှိတဲ့ မ ဟာဗျူဟာ တစ်ခု ဖြည့်ဆည်းပေး
လိုက်ပြန်ပါပြီ။ ဒီသုတေသန ရလာဒ်တွေကို မြောက်အမေရိက ဓာတ်ရောင်ခြည်
အသင်းကြီး (Radio logi cal Society of North America - RSNA) ရဲ့
နှစ်ပတ်လည် ညီလာခံမှာ တင်ပြ ခဲ့တာ ဖြစ်ပါတယ်။ Highly Active AntiRetroviral
Therapy (HAART) လို့ခေါ်တဲ့ စွမ်းအားမြင့် ဆေးတွေ ပေါင်းစပ် ကုသနည်းက
ခန္ဓာကိုယ် ထဲမှာ HIV ပိုး မပွားများ နိုင်အောင် နှိမ်နင်းထား နိုင်ပြီး
ပိုး ကူးစက် ခံထားရသူ တွေအတွက် မျှော်လင့်ချက် အမြင်ကို ပြောင်းလဲ
စေခဲ့တာပါ။ HAART ရဲ့အောင်မြင် မှုပာာ HIV ပိုးကောင် ရေကို ထိ ရောက်စွာ
လျှော့ချ နိုင်ပေမယ့် ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေ စုဝေး ကျန်ရှိ
ပုန်းအောင်း နေနိုင်သေး တာဟာ ပိုးအရှင်း ပျောက်ကင်း နိုင် ခြေကို ဟန့်တား
နေတယ်လို့ ပညာရှင်တွေက ယုံကြည် ကြပါတယ်။
"HAART
ကိုသောက်နေတဲ့ လူနာက ပိုးပွား များတာကို နှိမ်နင်းနိုင် ပါတယ်။ ဆိုလိုတာက
လူနာရဲ့ သွေးကြောထဲမှာ ပိုးကောင်ရေကို တော် တော်ကြီးကို နည်းသွားအောင်
လျှော့ချပေး နိုင်ပါတယ်။ ဒါပေမယ့် HAART က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို
မသတ် နိုင်ပါဘူး။ HIV ပိုးကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့
နည်းလမ်းတွေမှာ ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို သတ်နိုင်တဲ့ နည်းလမ်းတွေ
ပါကို ပါရမှာပါ။" လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ New York ပြည်နယ် Bronx
မြို့ Albert Einstein College of Medicine မှ ဓာတ်ရောင် ခြည်၊ အဏုဇီဝနဲ့
ခုခံစွမ်းအား ဗေဒဌာနမှ ပါမောက္ခ Ekaterina Dadachova ကပြောကြား သွားပါတယ်။
Dr. Dadachova နဲ့အဖွဲ့က သူမရဲ့ လေ့ လာမှုမှာ Einstein-Montefiore Center
for AIDS Research မှ HAART သောက်သုံးနေတဲ့ HIV လူနာ ၁၅ ယောက်ရဲ့ သွေးနမူနာ
တွေကို RIT ကုထုံးနဲ့ တွေ့ထိပေး လိုက်ကြတာ ဖြစ်ပါတယ်။
RIT
က ခေတ်အဆက် ဆက်က ကင်ဆာရောဂါ ကုထုံးတစ်ခု ဖြစ်ခဲ့ပြီး monoclonal antibody
တွေကို အသုံးပြု ရတာ ဖြစ်ပါတယ်။ Mono clonal antibody ဆိုတာ ကတော့
သက်ဆိုင်ရာ antigen တွေကို သီးသန့် ရှာဖွေ တိုက်ဖျက်ပေးတဲ့ ခုခံအား စနစ်က
ဆဲလ်တွေ (clonal imm une cells) ကနေ ထုတ်ပေးတဲ့ ပဋိပစ္စည်း (antibodies)
တွေပဲ ဖြစ်ပါတယ်။ Antigen တွေဆိုတာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေလို
(မိမိ ခန္ဓာကိုယ်က ပုံမှန် ဆဲလ်တွေ မဟုတ်တဲ့) တခြား အရာဝတ္ထုတွေ ဖြစ်ပြီး
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆွပေး နိုင်တဲ့ ပစ္စည်းတွေပါ။ သက် ဆိုင်ရာ
ဆဲလ်ကိုပဲ သွားပေါင်းနိုင်အောင် ဒီဇိုင်း လုပ်ထားတဲ့ ပဋိပစ္စည်း တွေကို
ဓာတ်ရောင်ခြည် ထွက်တဲ့ radioactive isotope တွေနဲ့ တွဲစပ် ပေးလိုက်ပါတယ်။
လူနာရဲ့ သွေးကြော ထဲကို ထိုးသွင်းလိုက် တဲ့အခါမှာတော့ ဓာတ်ခွဲခန်းထဲမှာ
ထုတ်လုပ်ထားတဲ့ antibody တွေက သက် ဆိုင်ရာ ဆဲလ် (target cell) ဆီကို
အရောက်သွားပြီး ဓာတ်ရောင်ခြည် သင့်စေတာ ဖြစ်ပါတယ်။ "RIT ကုထုံးမှာ
ပဋိပစ္စည်း တွေက ပိုးကူး စက် ခံထားရတဲ့ ဆဲလ်တွေကို သွားပေါင်းပြီး
ဓာတ်ရောင်ခြည်နဲ့ သတ်ပစ် လိုက်တာ ဖြစ်တယ်။ HAART နဲ့ RIT ကို အတူတူ
တွဲသုံးလိုက် တဲ့အခါ HAARTက ဗိုင်းရပ်စ်ပိုးကို သတ်နိုင်ပြီး RIT က
ပိုးရှိတဲ့ ဆဲလ်ကို သေစေတာပါ။" လို့ Dr. Dadachova က ဆိုပါတယ်။
ဒီလေ့လာမှုအတွက်
Dr. Dadachova နဲ့အဖွဲ့က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က
protein တစ်ခုကို သွားပေါင်း နိုင်တဲ့ mAb2556 လို့နာမည် ပေးထားတဲ့
monoclonal antibody ကိုဒီဇိုင်းဖော် ထုတ်လုပ် ခဲ့ကြပြီး ရောင်ခြည်
လွှတ်နိုင်တဲ့ Bismuth-213 နဲ့ တွဲစပ် ပေးထားတာ ဖြစ်ပါတယ်။ RIT နဲ့ကုသ ခံထား
ရဖူးသူ တွေရဲ့ ခန္ဓာကိုယ်ထဲက ခုခံအား ဆဲလ်တစ်မျိုး ဖြစ်ပြီး HIV
ပိုးရှိနေတဲ့ lymphocyte တွေကို သေစေ နိုင်တာကို တွေ့ရှိ ခဲ့ကြပြီး
သွေးနမူနာ တွေထဲမှာ ပိုးကောင်ရေကို ရှာမတွေ့ နိုင်လောက်တဲ့ အထိကို လျှော့ချ
ပေးနိုင်တာ ကို လည်း တွေ့ရှိခဲ့ကြပါတယ်။ "HIV ပိုးကူးစက် ခံထားရတဲ့
ဆဲလ်တွေကို RIT ကုထုံးနဲ့ ဖယ်ရှင်းနိုင်တဲ့ စွမ်းပကားဟာ တော်တော် သိသာပြီး
တိ ကျ သေချာပါတယ်။ ရောင်ခြည် လွှတ်ပေးတဲ့ radionuclide ကလည်း ပိုးရှိတဲ့
ဆဲလ်တွေကိုပဲ ရောင်ခြည် သင့်စေပြီး အနီးနားက ဆဲလ် တွေကို မထိခိုက်
စေပါဘူး။" လို့ Dr. Dadachova က ပြောသွား ပါသေးတယ်။
ဒီသုတေ
သနရဲ့ အရေးကြီးတဲ့ အပိုင်း တစ်ခုကတော့ ရောင်ခြည် လွှတ်နိုင်တဲ့
ပဋိပစ္စည်းတွေ ဦးနှောက်နဲ့ ဗဟို အာရုံကြော စနစ်မှာရှိတဲ့ HIV ပိုးကူးစက်
ခံထားရတဲ့ ဆဲလ်တွေဆီကို အရောက် သွားနိုင်တာပဲ ဖြစ်ပါတယ်။ (ဦးနှောက်နဲ့
သွေးကြော ကြားမှာ တော်ရုံ ဓာတု ပစ္စည်းတွေ မ ဝင်နိုင် စေဖို့ blood-brain
barrier လို့ခေါ်တဲ့ အကာအရံ လွှာတစ်ခု ရှိပါတယ်။) ဓာတ်ခွဲခန်းမှာ အတု
ပြုလုပ်ထားတဲ့ အဲဒီ အကာအရံ ပုံစံ ငယ်နဲ့ စမ်းသပ်ရာ မှာတော့ ရောင်ခြည်
လွှတ်နိုင်တဲ့ mAb2556 က ဒီအကာ အရံကို ဖြတ်သွား နိုင်ပြီး HIV ပိုးရှိတဲ့
ဆဲလ်တွေကို သတ်နိုင်ပြီး အ ကာအရံ ကိုတော့ ဘာမှ မထိခိုက် စေဘူး ဆိုတာကို
ပြသနိုင် ခဲ့ကြပါတယ်။ "HIV ပိုးကို သတ်တဲ့ ဆေးတွေက ဦးနှောက်နဲ့ သွေးကြော
ကြားက အကာအရံကို အနည်းငယ်သာ ဖြတ်သွား နိုင်တာမို့ လူနာရဲ့ ခန္ဓာကိုယ်
အနှံ့အပြားမှာ HIV ပိုး မရှိတော့ ရင်တောင်မှ virus ပိုးက ဦးနှောက်ထဲမှာ
သောင်းကျန်း နေနိုင်ပြီး အသိဉာဏ် ချို့ယွင်းခြင်းနဲ့ စိတ်အားယုတ်
လျော့ခြင်းတို့ကို ဖြစ်စေနိုင် ပါသေးတယ်။ RIT ကုထုံးက ခန္ဓာကိုယ် အနှံ့အပြား
မှာရော ဗဟို အာရုံကြော စနစ်ထဲမှာပါ HIV ပိုးရှိတဲ့ ဆဲလ်တွေကို သေစေ
နိုင်ပါတယ်။" လို့ Dr. Dadachova ကထပ် လောင်း ပြောကြား သွားပါတယ်။ Dr.
Dadachova ရဲ့ အဆို အရတော့ RIT ကုထုံး လေ့လာမှုရဲ့ နောက်တစ် ဆင့်ကတော့ HIV
ပိုးရှိတဲ့ လူနာ တွေကို စမ်းသပ် ကုသ ကြည့်ရမှာ ဖြစ်ပါတယ်။
Images from indiatimes, medicaldaily, health.india, timesofisrael, followtheoutbreak. Source: sciencedaily.com
AuthorTornado |
0 comments:
Post a Comment