Thursday, January 2, 2014

မသေမရှင် ရိုက်သတ်ခံထားရသည့် မြန်မာအမျိုးသမီး



 ထိုင်နိုင်ငံ ဘန်ကောက်မြို့ နှင့် ၆၅ ကီလိုကွာဝေးသော မပာာချိုင်းနှင့် ဆက်စပ်နေသော စမွတ်စုန်ခမ်းခေါ် မဲ့ကောင်းမြို့ ရှိ အဝေးပြေး ကားလမ်း မပေါ်တွင် မြန်မာမိန်းခလေး တစ်ဦးအား မသေမရှင် ရိုက်သတ်ထား သည်ကို မဲ့ကောင်းမြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးမှ ရောက်လာပြီး
မဲ့ကောင်းမြို့ရှိ စုန်ဓက် ဖဖွတ်လို့လား ဆေးရုံသို့ ကုသခံယူစဉ် ဆေးရုံးရှိ တာဝန် ထမ်းဆောင်နေသော ထိုင်ဘာသာပြန် ကိုစိုးဝင်းက ခုလိုပြောပြပါတယ် “၆ ရက်နေ့ နံနက် ၉ နာရီ မှာ ဆေးရုံရောက်လာတော့ သူက စကားပြောလို့ သိပ်မရတော့ဘူး။ ဆရာမလေးတွေ ကတော့ ပါးစပ်ထဲက သွေးတွေ စုတ်ထုတ်ပေးနေရတယ် ပေါ့ စကားပြောနိုင်အောင် ဘာဖြစ်လဲဆိုတော့ ပါးစပ်ထဲမှာလဲ သွေးတွေပြည့်နေပြီ ဦးနှောက်မှာလဲ သိပ်အလုပ်မ လုပ်တော့ပုံဖြစ်နေပြီ ဆေးရုံက ဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ရမယ် လူနာက ဘာဖြစ်လာလဲ ဆိုတာ သိရအောင် နောက်တခု သံသယ ဖြစ်နေတာက မိန်းခလေးရဲ့ အတွင်းခံ အဓမ္မ ဆွဲရမ်းထားတာ မျိုးတွေ တွေ့ရနေတယ် ဒါပေမဲ့ ဦးခေါင်းကို အမာနဲ့ ရိုက်ထားတာလို့ ကောက်ချက်ချတယ် နောက်ပြီး ကောင်မလေးမှာ ပါလာတဲ့ ဘဲအိပ်ကို ကြည့်လိုက်တော့ မှတ်ပုံတင်ပါတယ် စာအုပ်လေးပါတယ် အဲဒီစာအုပ်ထဲမှ ဖုန်နံပါတ်တွေ ပါတယ် အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ်လုပ်တော့ မိသားစု ထဲမှ ဖုန်းနံပါတ်လေးတွေ ရလာတယ် တဖြည်းဖြည်းဆက်နွယ်တော့ ၅ ရက်နေ့လောက်က ကော့သောင်းဘက်ကတက်လာတယ် လို့ပြောတယ် ကားမောင်းသမားဆီက ဖုန်းနံပါတ်လဲရတယ် ကားမောင်းသမားထိုင်းလူမျိုး ပြောပြပုံ အရ သိပ်မသင်္ကာစကားလေးတွေ ထွက်နေတယ်.. နောက်ဆုံး ဒဏ်ရာပြင်းထန်၍ သေဆုံးသွားပြီး မီးသဂြိုလ် ရန်အတွက် စမွတ်စုန်ခမ်းရှိ ပထုန်ဘုန်းကြီးကျောင်းကို ပို့ထားရင်း အမျိုးတွေကို ဆက်သွယ်ထားကြောင်းသိရသည် ။ တချိန်ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ မှ သတင်းအချက်လက်ရယူ၍ အထူးတပ်ဖွဲ့ dsi နှင့် မြန်မာသံရုံး သို့ဆက်သွယ်ကာ သတင်းဌာနတချို့ကို လဲ အကူညီတောင်းခံကာ အမှုမှန်ပေါ်ပေါက်ရန်အတွက် ဆက်လက်ဆောင်ရွက်နေဆဲ သေဆုံးသွားသော အမျိုးသမီးမှာ မခင်မြရီ အသက် ၂၃ နှစ် အဖအမည် ဦးအောင်စံသိန်း ကုလားချောင်းကျေးရွာ ပုံဏ္ကားကျွန်းမြို့နယ်မှဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...