"သေရည်အရက် လူကိုဖျက်"
[သတိ ၁၈+]
ခုနက သူငယ်ချင်းတွေနဲ့ သောက်ကြစားကြတော့ ကျနော်လည်း အမူးလွန်ပြီး အိမ်သာထဲ သွားအန်ရတယ်။ ဒီတော့မှ အရက်ဆိုတာ ကောင်းကျိုးမပေးပါလားလို့ သံဝေဂရတယ်။
ဒါနဲ့ ကြားဖူးနားဝ ပုံပြင်လေးတစ်ပုဒ် သွားသတိရတယ်... ...
တခါက... တဲ့
တောလိုက်မုဆိုးတစ်ဦးဟာ အရက်တွေမူးပြီး တောထဲကို အမဲလိုက်သွားတယ်။
တောထဲမှာ ရွှေသမင်တစ်ကောင်ကို တွေ့တော့ မြှားနဲ့ ပစ်ဖို့ ချိန်သတဲ့။
ဒီတော့...
ရွှေသမင်လေးက သူ့ကို မပစ်ဖို့တောင်းပန်ရင်း သူ့အသက်ကို ချမ်းသာပေးတဲ့ အတွက်... ...
"မုဆိုးကြီး လိုတဲ့ဆု သုံးခု တောင်းပါ ပြည့်စေရမယ်"... လို့ ပြောသတဲ့။
ဒါနဲ့ မုဆိုးက သဘောတူလိုက်ပြီး ဆု သုံးခုတောင်းတယ်... ....
"တစ်... င့ါရုပ်ကို မင်းသားတွမ်ခရုနဲ့ တူအောင်ပြောင်းပေး"
"နှစ်... င့ါ ခန္ဓာကိုယ်ကို အာနိုးရဲ့ ဗလမျိုးဖြစ်အောင် ပြောင်းပေး"
"သုံး... င့ါရဲ့ မျိုးပွားအင်္ဂါကို ခု ငါစီးလာတဲ့ မြင်းရဲ့ မျိုးပွားအင်္ဂါလောက် ရှိချင်တယ်"
.... ဆိုတော့ ရွှေသမင်လေးက ပြောတယ်... ...
"ပြည့်စေ... သင် အိမ်ပြန်ရောက်တာနဲ့ သင်ဖြစ်ချင်တာတွေ ဖြစ်နေစေရမယ်"
မုဆိုးလည်း အိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်လို့... ...
မှန်ထဲလည်း ကြည့်လိုက်ရော... ....
လား လား....
ချောလိုက်တဲ့ ရုပ်၊ တွမ်ခရုမှ တွမ်ခရု
ကြည့်စမ်း... ဗလကြီးကလည်း အယ်လို့
ဟား.. ဟား... မိန်းကလေးတွေ အသေကြွေပြီပေါ့ကွာ...
အင်း... နောက်ဆုံး ဆုတောင်းဖြစ်တဲ့ ဟိုဒင်းလေး အခြေအနေကြည်အုံးမှ... ....
ဆိုပြီး... ....
ဘောင်းဘီကို အသာချွတ်လို့ မှန်ထဲလည်း ကြည့်လိုက်ရော... .... .... ....
"အားဘားဘား.... ဘား ဘား..... ...
ခုနက ငါစီးလာတာ မြင်းမကြီးပါလား ဟ"
စဉ်းစားတာ ကြည့်ကြပါတော့ဗျာ
တွမ်ခရုရုပ်၊ အာနိုးဗလကြီးနဲ့ ဟိုဒင်းက မြင်းမရဲ့ .. မြင်းမရဲ့ ... ... ငိ ငိ
အဲ...
မြင်းစီးပြီး အထီးမှန်း အမမှန်း မသိဘူး... ဆိုတဲ့ စကားပုံဟာ အဲဒီတုန်းက ပေါ်ခဲ့တာ
လူက မူးနေတော့ ဘယ်သိမှာတုန်း နော်...
မှတ်ထားကြ...
နောက် အရက်မသောက်နဲ့
သန်၎ကို-ပုံပြောသည်။
https://www.facebook.com/thanlayko

0 comments:
Post a Comment