Friday, January 17, 2014

ပညာဆီမီး


 ကျွန်ုပ် စာရေးနေ၏။ လက်နှင့်မရေး နှလုံးသားဖြင့် ရေး၏။ ဦးနှောက်နှင့် မတွေး နှလုံးသားဖြင့်သာ ခံစားတွေး၏။ ဝေဒနာပေးခြင်း မဟုတ် စေတနာပေးခြင်းဖြစ်၏။ အကုသိုလ်ပွားရန်ရေးခြင်းမဟုတ် ကုသိုလ်ပွားရန်ရေးခြင်း ဖြစ်၏။ အမှောင်အဝိဇ္ဇာလမ်းကို မညွှန် ဝိဇ္ဇာအလင်းလမ်းကို ပြ၏။
အို..... သူတော်ကောင်းအပေါင်းတို့ ကျွန်ုပ်ဖယောင်းတိုင်သေးသေးမှ ဆီမီးမှိန်မှိန်နှင့် အခြားစာရေးဆရာဖယောင်းတိုင်တုတ်တုတ်များရှိ ထိန်ထိန်လင်းသော ပညာဆီမီးတို့အား ထွန်ညှိယူကြကုန်လော့။ လောကဓံလေ တိုက်ခတ်လာလျှင် သီလဖြင့် ကာကွယ်ကြလော့၊ သမာဓိဖြင့် ကာကွယ်ကြလော့၊ အကယ်၍ ပညာဆီမီး ငြိမ်းခဲ့ပါက ပြန်လည်၍ ထွန်ညှိယူကြကုန်လော့။ တစ်ပါးသူ မှုတ်ခဲ့လျှင် သီလဖြင့် ကာကွယ်ကြလော့၊ သမာဓိဖြင့် ကာကွယ်ကြလော့၊ အကယ်၍ ငြိမ်းခဲ့လျှင် ပြန်လည်၍ ထွန်ညှိယူကြကုန်လော့။

 အို.....သူတော်ကောင်းအပေါင်းတို့ ပညာဆီမီးကို တည်ငြိမ်စွာ မလင်းမချင်း ထွန်းညှိယူကြကုန်လော့။ မီးစာမကုန်ခင် အခြားဖယောင်းတိုင်များကို ပညာဆီမီးကူးပေးနိုင်အောင် ကြိုးစားကြကုန်လော့။ မီးစာမကုန်ခင် အခြားဖယောင်းတိုင်များမှ ပညာဆီမီးထွန်ညှိရယူနိုင်သော ဖယောင်းတိုင်ငယ်များဖြစ်အောင် ကြိုးစားကြကုန်လော့၊ မဖြစ်ဖြစ်အောင် ကြိုးစားကြကုန်လော့။ 

ဦးတိုးအောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...