Tuesday, January 14, 2014

တပ်မတော်အင်အားရှိဖို့

ဘီဘီစီက မစန္ဒာစီစဉ်တဲ့ အမေ့ခံပုံရိပ်ထဲမှာ စစ်မြေပြင်မှာမြေမြုတ်မိုင်း နင်းမိပြီး ခြေပြတ်သွားတဲ့ စစ်သားလေးတစ်ယောက်အကြောင်း နားထောင်လိုက်တယ်။ 

အသက် ၁၄ နှစ်မှာ စစ်တပ်ထဲရောက်တယ်၊ သူ့အမေရဲ့ ၀မ်းထဲက ခြေလက်အပြည့်အစုံနဲ့ ထွက်လာခဲ့တဲ့သူဟာ အသက် ၁၈ နှစ်မပြည့်ခင် ဒုက္ခိတဖြစ်သွားရရှာတယ်။ တိုင်းပြည်မွဲတေသွားရလေအောင် ရာစုဝက်လောက် တိုင်းပြည်ဘဏ္လာတွေ ပုံအောသုံးပြီး ခေတ်မှီတပ်မတော်ထူထောင်ခဲ့ပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော်မှာ ခေတ်မှီတဲ့ ထောက်ပို့တပ်တွေ ဆေးအကူတပ်တွေ သယ်ယူပို့ဆောင်ရေးယာဉ်တွေ မပြည့်စုံတာမို့ သူမိုင်းထိစဉ်က ထိရောက်တဲ့ ကုသမှု ချက်ခြင်းမရပဲ တောထဲ ခြေပြတ်ကိုလောက်စွဲခံရတဲ့အထိ နေခဲ့ရသတဲ့၊ အဲ .. ထိရောက်တဲ့ ကုသမှုရတဲ့အချိန်မှာ ခြေကငုတ်စိဘ၀ရောက်သွားရှာပြီ။ 

ဒုက္ခိတဘ၀ တပ်မတော်သားအဖြစ်နဲ့ တပ်ထဲမှာပဲ ၇ နှစ်လောက် ဆက်နေရသေးတယ်။ နောက်တော့ တပ်ထဲက ထွက်ခွင့်ရတယ်။

တနေ့က အွန်လိုင်းပေါ်ရောက်နေတဲ့ စစ်မြေပြင်မထွက်ရတဲ့ တပ်မတော်သားတွေ အော်သံကြားရသေးတယ် တခါစစ်သားဖြစ်ရင် တသက်လုံး စစ်သားတဲ့။

တသက်လုံးစစ်သားပါဆိုတဲ့ ဒုက္ခိတစစ်ပြန်လေးဟာ ဘ၀ရပ်တည်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ လျှော်ကြေးရယ် ပင်စင်လစာလေးရယ်နဲ့ ခြေစုံလက်စုံနဲ့ သာမန်လူသားတွေတောင် ရပ်တည်ဖို့ ခက်ခဲလှပါတယ်ဆိုတဲ့ ဘ၀လမ်းကြမ်းကို ခြေထောက်မပါပဲ လျှောက်လှမ်းရပါတယ်။ တချိန်က အမိ အဖ လို့ ခံယူကြွေးကျော် ဟစ်အော်ခဲ့ရတဲ့ မိခင်အဖွဲ့အစည်းကြီးဟာ အသုံးမ၀င်တော့တဲ့ သူ့ကိုလှည့်မကြည့်တော့ပါဘူး။ တောင်းဆိုး ပလုံးဆိုးလို သူ့ကို ပစ်လွှင့်လိုက်ပါပြီ။

ပင်စင် ၃၅၀၀ ကျပ်ရပါသတဲ့။ ပင်စင်သွားထုတ်ရင် ဆိုက္ကားခက ၁၀၀၀ ကျပ်ပေးရတယ်၊ ဘဏ်မှာ ထုတ်ငွေမြန်မြန်ရရေး စာအုပ်ထပ်ခက ၁၀၀၀ ကျပ်ပေးရတယ်။ ကျန်တဲ့ ၁၅၀၀ ကျပ်နဲ့ တစ်လစာ သူဘယ်လိုလျှောက်လှမ်းမလဲ။ အ၀စားဆိုင်ထဲဝင်ရင်တောင် သူ့လက်ကျံငွေ ၁၅၀၀ က တနပ်စာဖိုးပဲရှိမယ်။ အနာဂါတ်အတွက် စိတ်ညစ်တယ်၊ လောကလမ်းပေါ်မှာ သူတကာတွေလို မားမားမတ်မတ် မလျှောက်လှမ်းနိုင်တဲ့ ဘ၀ကိုစိတ်ပျက်တယ် (ဒါပေမဲ့ လောကကြီးထဲက ထွက်မပြေးနိုင်သေးအောင် ဘ၀ကိုတွယ်တာစိတ်လေးက ရှိနေသေးတယ်)။ ဒီလိုလူသားအတွက် အလွယ်ဆုံးထွက်ပေါက်ဟာ ဘာဖြစ်မလဲ .....

ဟုတ်တာပေါ့ လက်တကမ်းမှာ ဈေးပေါ အရက်တွေမှ ပေါချင်းသောချင်း၊ လက်ဖက်ရည်တစ်ခွက်ထက် အရက်ကဈေးပေါနေတဲ့ ခေတ်ကြီးမှာ သူရာဟာ ဒုက္ခိတသူ့အတွက် အကောင်းဆုံးထွက်ပေါက်ပေါ့။

ဒါပေမဲ့ ဘာပဲပြောပြော အမိတပ်မတော်က သူ့ကိုပေးလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေတစ်ခုတော့ သူမှရှိသေးတယ်၊ ဒါကတော့ စိတ်ဓါတ်ကြံ့ခိုင်ရေးနဲ့ ရန်သူကိုအရှုံးပေးတဲ့ စိတ်။ ငါ ဒီဘ၀လှိုင်းကြမ်းကို အရှုံးမပေးဘူး ဆိုပြီး သူလုပ်နိုင်တာရှာတယ်။ နောက်ဆုံး မသန်မစွမ်း ပြေးခုန်ပစ် လေ့ကျင့်မှုတွေထဲမှာ သူ့ဘ၀ကိုနှစ်ထားဖို့ ဆုံးဖြတ်ပြီး အပြင်းအထန်လေ့ကျင့်တယ်။ ဒီလိုနဲ့ သူဟာ နိုင်ငံ့ဂုဏ်ဆောင် မသန်းမစွမ်းပြေးခုန်ပစ် အားကစားသမားတစ်ယောက် ဖြစ်လာတယ်။ (သူပြောနေတာနားထောင်ရင်း Forrest Gump တွမ်ဟင့်ကြီးကို မျက်စိထဲမြင်လာတယ်)။

အဲ ... သူ့ဇာတ်လမ်းက Forrest Gump လိုတော့ လွမ်းမောမွေ့ပျော်စရာနဲ့ ဇာတ်မသိမ်းပါဘူး။ 

နိုင်ငံခြားကို သွားရတယ်၊ မသွားခင် စခန်းသွင်းလေ့ကျင့်ရတယ်၊ စခန်းသွင်း လေ့ကျင့်တာက ၇ လ။ ဒီ ၇ လ ကာလမှာ သူ့ဘ၀အနာဂါတ်ကို မေ့ဖျောက်ထားနိုင်ပါတယ် စခန်းမှာ နေရေးထိုင်ရေး စားရေးသောက်ရေး ၀တ်ရေးစားရေး ပံ့ပိုးမှုရှိတာကိုး။ အဲ ..နိုင်ငံခြားသွား ပြိုင်ပွဲဝင်ပြီး အိမ်ပြန်တဲ့အချိန်မှာ သူ့အတွက် အနာဂါတ်ဆိုတဲ့ တစ္ဆေကြီးက ဂုတ်ပိုးတက်ခွပြန်ပါပြီ။ 

နိုင်ငံခြားက ပြန်တော့ ၅၅ ဒေါ်လာရပါတယ်။ ဒီငွေ ငါးသောင်းလောက်လေးကို ကိုင်ပြီးပြန်လာတဲ့ ဒုက္ခိတတစ်ယောက်ကို မိသားစုက ဘယ်ဝမ်းသာအားရကြိုဆိုပါ့မလဲ၊ (အဲ မြန်မာနိုင်က အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဒီနှစ်ပွဲမှာတော့ အိမ်ရှင်မို့ ၅၅ ဒေါ်လာတောင် မရတော့ပါဘူးတဲ့) ဒီလိုနဲ့ .....

ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့အရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချမှတ်လမ်းညွှန်ခဲ့တဲ့ အချက်ကြီင်္းလေးချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်၊ ဒီလေးချက်ထဲက တစ်ချက်က တပ်သက်သာချောင်ချိရေးနဲ့ တပ်တည်ဆောက်မှုတဲ့။

နိုင်ငံ့စီးပွားရေးမှာတော့ တပ်ပိုင်ကုမ္မဏီကြီးက ဦးဆောင်ကဏ္လကနေ တက်တက်ကြွလျှောက်လှမ်းနေဆဲ။ တပ်မတော်အင်အားရှိဖို့ လိုတာကိုးလေနော့် .... အင်းးးးးး

ဘီဘီစီက မစန္ဒာစီစဉ်တဲ့ အမေ့ခံပုံရိပ်ထဲမှာ စစ်မြေပြင်မှာမြေမြုတ်မိုင်း နင်းမိပြီး ခြေပြတ်သွားတဲ့ စစ်သားလေးတစ်ယောက်အကြောင်း နားထောင်လိုက်တယ်။
အသက် ၁၄ နှစ်မှာ စစ်တပ်ထဲရောက်တယ်၊ သူ့အမေရဲ့ ၀မ်းထဲက ခြေလက်အပြည့်အစုံနဲ့ ထွက်လာခဲ့တဲ့သူဟာ အသက် ၁၈ နှစ်မပြည့်ခင် ဒုက္ခိတဖြစ်သွားရရှာတယ်။

တိုင်းပြည်မွဲတေသွားရလေအောင် ရာစုဝက်လောက် တိုင်းပြည်ဘဏ္လာတွေ ပုံအောသုံးပြီး ခေတ်မှီတပ်မတော်ထူထောင်ခဲ့ပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော်မှာ ခေတ်မှီတဲ့ ထောက်ပို့တပ်တွေ ဆေးအကူတပ်တွေ သယ်ယူပို့ဆောင်ရေးယာဉ်တွေ မပြည့်စုံတာမို့ သူမိုင်းထိစဉ်က ထိရောက်တဲ့ ကုသမှု ချက်ခြင်းမရပဲ တောထဲ ခြေပြတ်ကိုလောက်စွဲခံရတဲ့အထိ နေခဲ့ရသတဲ့၊ အဲ .. ထိရောက်တဲ့ ကုသမှုရတဲ့အချိန်မှာ ခြေကငုတ်စိဘ၀ရောက်သွားရှာပြီ။

ဒုက္ခိတဘ၀ တပ်မတော်သားအဖြစ်နဲ့ တပ်ထဲမှာပဲ ၇ နှစ်လောက် ဆက်နေရသေးတယ်။ နောက်တော့ တပ်ထဲက ထွက်ခွင့်ရတယ်။

တနေ့က အွန်လိုင်းပေါ်ရောက်နေတဲ့ စစ်မြေပြင်မထွက်ရတဲ့ တပ်မတော်သားတွေ အော်သံကြားရသေးတယ် တခါစစ်သားဖြစ်ရင် တသက်လုံး စစ်သားတဲ့။

တသက်လုံးစစ်သားပါဆိုတဲ့ ဒုက္ခိတစစ်ပြန်လေးဟာ ဘ၀ရပ်တည်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ လျှော်ကြေးရယ် ပင်စင်လစာလေးရယ်နဲ့ ခြေစုံလက်စုံနဲ့ သာမန်လူသားတွေတောင် ရပ်တည်ဖို့ ခက်ခဲလှပါတယ်ဆိုတဲ့ ဘ၀လမ်းကြမ်းကို ခြေထောက်မပါပဲ လျှောက်လှမ်းရပါတယ်။ တချိန်က အမိ အဖ လို့ ခံယူကြွေးကျော် ဟစ်အော်ခဲ့ရတဲ့ မိခင်အဖွဲ့အစည်းကြီးဟာ အသုံးမ၀င်တော့တဲ့ သူ့ကိုလှည့်မကြည့်တော့ပါဘူး။ တောင်းဆိုး ပလုံးဆိုးလို သူ့ကို ပစ်လွှင့်လိုက်ပါပြီ။

ပင်စင် ၃၅၀၀ ကျပ်ရပါသတဲ့။ ပင်စင်သွားထုတ်ရင် ဆိုက္ကားခက ၁၀၀၀ ကျပ်ပေးရတယ်၊ ဘဏ်မှာ ထုတ်ငွေမြန်မြန်ရရေး စာအုပ်ထပ်ခက ၁၀၀၀ ကျပ်ပေးရတယ်။ ကျန်တဲ့ ၁၅၀၀ ကျပ်နဲ့ တစ်လစာ သူဘယ်လိုလျှောက်လှမ်းမလဲ။ အ၀စားဆိုင်ထဲဝင်ရင်တောင် သူ့လက်ကျံငွေ ၁၅၀၀ က တနပ်စာဖိုးပဲရှိမယ်။ အနာဂါတ်အတွက် စိတ်ညစ်တယ်၊ လောကလမ်းပေါ်မှာ သူတကာတွေလို မားမားမတ်မတ် မလျှောက်လှမ်းနိုင်တဲ့ ဘ၀ကိုစိတ်ပျက်တယ် (ဒါပေမဲ့ လောကကြီးထဲက ထွက်မပြေးနိုင်သေးအောင် ဘ၀ကိုတွယ်တာစိတ်လေးက ရှိနေသေးတယ်)။ ဒီလိုလူသားအတွက် အလွယ်ဆုံးထွက်ပေါက်ဟာ ဘာဖြစ်မလဲ .....

ဟုတ်တာပေါ့ လက်တကမ်းမှာ ဈေးပေါ အရက်တွေမှ ပေါချင်းသောချင်း၊ လက်ဖက်ရည်တစ်ခွက်ထက် အရက်ကဈေးပေါနေတဲ့ ခေတ်ကြီးမှာ သူရာဟာ ဒုက္ခိတသူ့အတွက် အကောင်းဆုံးထွက်ပေါက်ပေါ့။

ဒါပေမဲ့ ဘာပဲပြောပြော အမိတပ်မတော်က သူ့ကိုပေးလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေတစ်ခုတော့ သူမှရှိသေးတယ်၊ ဒါကတော့ စိတ်ဓါတ်ကြံ့ခိုင်ရေးနဲ့ ရန်သူကိုအရှုံးပေးတဲ့ စိတ်။ ငါ ဒီဘ၀လှိုင်းကြမ်းကို အရှုံးမပေးဘူး ဆိုပြီး သူလုပ်နိုင်တာရှာတယ်။ နောက်ဆုံး မသန်မစွမ်း ပြေးခုန်ပစ် လေ့ကျင့်မှုတွေထဲမှာ သူ့ဘ၀ကိုနှစ်ထားဖို့ ဆုံးဖြတ်ပြီး အပြင်းအထန်လေ့ကျင့်တယ်။ ဒီလိုနဲ့ သူဟာ နိုင်ငံ့ဂုဏ်ဆောင် မသန်းမစွမ်းပြေးခုန်ပစ် အားကစားသမားတစ်ယောက် ဖြစ်လာတယ်။ (သူပြောနေတာနားထောင်ရင်း Forrest Gump တွမ်ဟင့်ကြီးကို မျက်စိထဲမြင်လာတယ်)။

အဲ ... သူ့ဇာတ်လမ်းက Forrest Gump လိုတော့ လွမ်းမောမွေ့ပျော်စရာနဲ့ ဇာတ်မသိမ်းပါဘူး။

နိုင်ငံခြားကို သွားရတယ်၊ မသွားခင် စခန်းသွင်းလေ့ကျင့်ရတယ်၊ စခန်းသွင်း လေ့ကျင့်တာက ၇ လ။ ဒီ ၇ လ ကာလမှာ သူ့ဘ၀အနာဂါတ်ကို မေ့ဖျောက်ထားနိုင်ပါတယ် စခန်းမှာ နေရေးထိုင်ရေး စားရေးသောက်ရေး ၀တ်ရေးစားရေး ပံ့ပိုးမှုရှိတာကိုး။ အဲ ..နိုင်ငံခြားသွား ပြိုင်ပွဲဝင်ပြီး အိမ်ပြန်တဲ့အချိန်မှာ သူ့အတွက် အနာဂါတ်ဆိုတဲ့ တစ္ဆေကြီးက ဂုတ်ပိုးတက်ခွပြန်ပါပြီ။

နိုင်ငံခြားက ပြန်တော့ ၅၅ ဒေါ်လာရပါတယ်။ ဒီငွေ ငါးသောင်းလောက်လေးကို ကိုင်ပြီးပြန်လာတဲ့ ဒုက္ခိတတစ်ယောက်ကို မိသားစုက ဘယ်ဝမ်းသာအားရကြိုဆိုပါ့မလဲ၊ (အဲ မြန်မာနိုင်က အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဒီနှစ်ပွဲမှာတော့ အိမ်ရှင်မို့ ၅၅ ဒေါ်လာတောင် မရတော့ပါဘူးတဲ့) ဒီလိုနဲ့ .....

ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့အရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချမှတ်လမ်းညွှန်ခဲ့တဲ့ အချက်ကြီင်္းလေးချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်၊ ဒီလေးချက်ထဲက တစ်ချက်က တပ်သက်သာချောင်ချိရေးနဲ့ တပ်တည်ဆောက်မှုတဲ့။

နိုင်ငံ့စီးပွားရေးမှာတော့ တပ်ပိုင်ကုမ္မဏီကြီးက ဦးဆောင်ကဏ္လကနေ တက်တက်ကြွလျှောက်လှမ်းနေဆဲ။ တပ်မတော်အင်အားရှိဖို့ လိုတာကိုးလေနော့် .... အင်းးးးးး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...