Saturday, January 18, 2014

**ဖြေရှင်းချက်**

**ဖြေရှင်းချက်**

လူတစ်ယောက်... အလုပ်ကိစ္စ တစ်ခုနဲ့ ရက်ရှည် ခရီးထွက်ရတော့မှာကြောင့်... သူ့မိန်းမကို မှာနေတယ်...

" မင်း...ဘာအကြောင်း ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ငါ့ စာကြည့်ခန်းထဲတော့ မဝင်ပါနဲ့ကွာ..."

အဲ့လို..မှာပြီး.. ယောင်္ကျားဖြစ်သူလဲ ခရီးထွက်သွားရော... မိန်းမဆိုတဲ့ အမျိုးက ဘယ်နေလိမ့်မလဲ.. စာကြည့်ခန်းထဲ.. တန်းဝင်ကြည့်တာပေါ့....။

စာကြည့် စားပွဲအောက်မှာ... ငွေတစ်သိန်းနဲ့ အရက်ပုလင်းခွံ ၂ လုံးကို တွေ့တယ်...။

ဒါနဲ့...သူ့ယောင်္ကျား အလုပ်ကိစ္စတွေ ပြီးလို့... ခရီးက ပြန်လာတဲ့ အခါ.. မေးတာပေါ့..

" ရှင့်စာကြည့် စားပွဲအောက်က.. အရက်ပုလင်းခွံ ၂ ခုက ဘာ အဓိပ္ပါယ်လဲ..."

ဒီတော့... ယောင်္ကျားဖြစ်သူက မျက်နှာငယ်လေးနဲ့.. ပြန်ဖြေတယ်...။

" တစ်ခြား မိန်းမ တစ်ယောက်နဲ့.. တစ်ခါ ဖောက်ပြန်မိတိုင်း.. မင်းမသိအောင် စာကြည့်ခန်းထဲ ဝင်ပြီး.. အရက် တစ်ပုလင်း သောက်မိတယ်... ငါ့ကို ခွင့်လွတ်ပါကွာ..."

" အင်း.... ရပါတယ်လေ.. ယောင်္ကျားပဲ.. ၂ကြိမ် ၂ခါ လောက်တော့.. ကိစ္စမရှိပါဘူး.. ခွင့်လွတ်ပေးရမှာပေါ့..."

ပြီးတော့.. မိန်းမက ဆက်မေးတယ်...။

" ဒါနဲ့... ငွေတစ်သိန်းကရော...ဘာလဲ..."

ယောင်္ကျားဖြစ်သူ ပြန်ဖြေလိုက်သော စကားကြောင့်.. မိန်းမခမျာ... ဂစ်ခနဲ..တက်သွားပါလေရောဗျာ...

ယောင်္ကျား ပြန်ဖြေတာက...
" အဲ့ဒီငွေက... အရက်ပုလင်းခွံတွေ.. ပြန်ရောင်းထားတာပါ..."

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...