အမေဆိုတာ အသက်ပေးပြီး ကိုယ့်ကိုမွေးခဲ့သူပါ။
အမေ့လောက်သားသမီးအပေါ် မေတ္တာထားတာအမေပါပဲ။ ကိုယ့်အမေ ဘာပဲဖြစ်နေနေ အမေဟာအမေပါပဲ။ အနန္တ ကျေးဇူးရှင်ပါ။ ကိုယ်ငယ်ငယ်တည်းက ကိုယ့်ကိုကျွေးမွေးပြုစုစောက်ရှောက်ခဲ့ သူပါ။ ကိုယ့်အလှည့်မှာလည်း အမေ့ကိုပြန်ပီး ပြုစုစောက်ရှောက် ရမှာပါ။
အမေ အသက်တွေ ကြီးသွားလို့စိတ်မပျက်စေချင်ပါဘူး။ အတတ် နိုင်ဆုံးစိတ်ရှည်လက်ရှည်ပြန် ပီးပြုစုစေချင် ပါတယ်။ မိဘကျေးဇူးဆိုတာလူတိုင်းဆပ်ခွင့် မရကြပါဘူး။ တချို့တွေကမိဘတွေမရှိတော့ လို့၊တချို့ကျတော့ရှိနေရဲ့သားနဲ့ကျေးဇူးဆပ် ရကောင်းမှန်းမသိလို့၊ မိဘနဲ့မတည့်လို့၊ ရန်ဖြစ် ထားလို့နဲ့ကျေးဇူးဆပ်ခွင့်တွေမရကြပါဘူး။ ကိုယ့်မှာတော့ကျေးဇူးဆပ်ခွင့်ရနေသေးရင် တော်တော်ကံကောင်းလို့ပါ။ကျေးဇူးဆပ်ခွင့် ရတုန်းမငြိုမငြင်ကျေးဇူးဆပ်ကြစေချင်ပါတယ် ။ နောင်တဆိုတာနောင်မှ ရတတ်တာပါ။ နောင်တမရရအောင်ရတုန်းလေးကျေးဇူးဆပ် ကြစေချင်တာပါ။ ကိုယ်ကကျေးဇူးမဆပ်ဘူး ဆိုရင်သံသရာခရီးမှာလည်းမကောင်းနိုင် သလို၊အခုဘဝမှာလည်း ဆုံးရှုံးနစ်နာမှာတွေ၊ ဒုက္ခတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဘဝမှာ အဆင်မပြေမှုတွေများနေတတ်ပါတယ်။ ဘာ လုပ်လုပ်အဆင်မပြေဖြစ်တတ်ပါတယ်။ အဆင်ပြေနေလည်းခဏပါပဲ။ တချို့တွေက ကျေးဇူးဆပ်ကြပါတယ်၊ ဒါပေမယ့်ကိုယ်က ပြန်ပီးလုပ်ကျွေးနေရတယ်ဆိုပီး မချေမငံ မပြုသင့်ပါဘူး။ မာနလည်မထားသင့်ပါဘူး။ ကိုယ့်အလုပ်တွေ(အဝတ်လျှော်တာကအစ) အမေ့ကိုမခိုင်းသင့်ပါဘူး။ ပိုက်ဆံနဲ့ကျေးဇူးဆပ်နေရုံနဲ့လည်း မရသေးဘူးဆိုတာမေ့မနေသင့်ပါဘူး။ အမေ့ရဲ့သံသရာ ခရီးအတွက်ကောင်းမှုကုသိုလ်တွေလုပ်နိုင် အောင်ဆောင်ရွက်ပေးသင့်ပါတယ်။ ဘာသာ အယူမှားနေတဲ့မိဘကို ဘာသာအယူမှန်အောင် ၊ ကုသိုလ်တွေနည်းနေရင် များများလုပ်နိုင် အောင်တရားနဲ့လည်းကျေးဇူးဆပ်ရပါအုံးမယ်။ နှိမ်သလိုတွေ၊ မထိလေးစားတွေလည်း မလုပ်မိ အောင်သတိထားစေချင်ပါတယ်။တနေ့ကိုယ် လည်းမိဘဖြစ်ရမှာပါ။ ကိုယ်လည်းအိုရ၊နာရ အုံးမှာပါ။အမေအိုကိုအပြစ်မမြင်စေချင်ပါဘူး။ ကျေးဇူးဆပ်ရမယ့်အလှည့်မှာကျေးဇူးမဆပ် မိရင် ကိုယ်မိဘဖြစ်လာရင်လည်းသားသမီး တွေကကျေးဇူးဆပ်ကြမှာမဟုတ်ပါဘူး။ဲမိဘတွေရှိသေးရင်
ကျေးဇူးဆပ်ကြပါ။
အမေပဲရှိတော့ရင်လည်းအဖေ့အတွက်ပါ
ပိုပီးကျေးဇူးဆပ်ပါ။ အဖေပဲရှိတော့ရင်လည်း
အမေ့အတွက်ပါပိုပီးကျေးဇူးဆပ်ကြပါ။
ကွယ်လွန်သွားတဲ့အမေ(သို့) အဖေကိုလည်း
ကုသိုလ်ကောင်းတွေပြုပီးတိုင်း အမျှဝေကြစေ
ချင်ပါတယ်။ မိဘ၂ ပါးလုံးမရှိတော့ရင်လည်း
ကုသိုလ်ကောင်းမှုပြုတိုင်းအမျှဝေပါ။ ကိုယ့်
မိဘအရွယ်တွေကိုတတ်နိုင်သလောက်
ကူညီစောက်ရှောက်ကြပါလို့ သတိပေးချင်ပါတယ်။
အားလုံးပဲကျေးဇူးဆပ်နိုင်ကြပါစေးးး
0 comments:
Post a Comment