''ကျေးဇူးတင်လွှာ''
သားဆုပန်ရာတွင် ကူညီပေးခဲ့သော ရွာထိပ်ညောင်ပင်ကြီးမှ
ရုက္ခစိုးနတ်မင်းကြီးအားလည်းကောင်း။
ယောက်ျားလေးမွေးမည်ဟုနိမိတ်ဖတ်ခဲ့သော ရွာလယ်မှ ဗေ
ဒင်ဆရာ ဆရာညာအားလည်းကောင်း။
ကောင်မရယ် ညည်းဗိုက်ကလေးက လုံးနေတာပဲ ဟုချီးမွမ်းခဲ့
သော ရွာအနောက်ပိုင်းမှ မိတုတ် အားလည်းကောင်း။
ဗိုက်နာနေစဉ် လက်သည်ပြေးခေါ်ပေးသော ရွာလယ်ပိုင်းမှကာ
လသားခေါင်း သာအေးအားလည်းကောင်း။
မီးဖွားနေစဉ် အင်္ဂုလိမာလသုတ်ရွတ်ပေးသော ယောက္ခမ ဒေါ်ပု
အားလည်းကောင်း။
ရေနွေးကျိုပေးသော ရွာတောင်ပိုင်းမှ စာဥအားလည်းကောင်း
ညှစ်ထားညှစ်ထားဟု အားပေးသော ဘေးအိမ်မှ မိသိန်းကြည်
အားလည်းကောင်း။
အဲဒါနင့်ကြောင့်ဟု အော်ဟစ်ပြောဆိုသော်လည်း အေးပါဟာ
နောက်မဖြစ်စေရပါဘူးဟုကတိအကြိမ်ကြိမ်ပေးသောလင်တော်
မောင် ငပိန်အားလည်းကောင်း။
မွေးဖွားပေးသောလက်သည် ဒေါ်အေးစိန်(ခေတ္တ - ရိပ်သာ)အား
လည်းကောင်း။
အဓိဖွားစနေသားဆိုတော့ တာတေလို့ နာမည်ကင်ပွန်းတပ်ပေး
သော တတ်ယောင်ကား ယောက္ခထီးကြီး အားလည်းကောင်း။
ကိုယ်ဝန်ရှိစဉ်အမေတို့တုန်းကလည်းဒီလိုပါပဲဟုအားပေးခဲ့သော
အမေ့အားလည်းကောင်း။
နနွင်းစစ်စစ် အလကားပေးသောမြန်မာဆေးဆရာ တုတ်ကြီး
အားလည်းကောင်း။
မွေးဖွားပြီးနို့ထွက်ကောင်းစေရန်ဟင်းခါးချက်ကျွေးသော တစ်
အိမ်ကျော်မှ ဒန့်သလွန်ပင်ပိုင်ရှင် ဒေါ်ထွေး အားလည်းကောင်း။
အားလည်းကောင်း။
အားလည်းကောင်း။
အားလည်းကောင်း။
ကျေးဇူးတင်ရှိပါသည်။
နောက်တစ်ဗိုက်ကျတော့လည်း ကူညီကြပါနော်
မိသု
(သုတ မင်းညို)
0 comments:
Post a Comment