မေမေ
ဘယ်တော့မှ အစားပြန်မရနိုင်တော့ပါဘူးမေမေ
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်ကျွေးမွေးသုတ်သင်ခဲ့ပါသောမေမေ
ပညာကိုတန်ဖိုးထား
ပညာနှင့်အသက်မွေးစေခဲ့ပါသောကျေးဇူးရှင်မေမေ
လောကပရိယာယ်အသွယ်သွယ်ကို
ထောက်ပြလမ်းညွှန်သွန်သင်ခဲ့ပါသောမေမေ
အရာရာကိုတရားအသိ ညှိနှိုင်းဆင်ခြင်သုံးသပ်
ဆုံးဖြတ်တတ်စေရန်ထောက်ပြဝေဖန်စေခဲ့သောမေမေ
မေမေ
မေမေ့ ကိုတမ်းတရင်း
မေမေ့ကျေးဇူးတို့ ကိုလွမ်းတသ ရင်း
လောကထဲတရွေ့ ရွေ့ လျှောက်လှမ်းရင်း
တခါက
တခါက
မေမေ ပြောပြခဲ့သမျှနားမလည့်တလည်
ခုတော့ လောကရဲ့ပရိယာယ်အသွယ်သွယ်တို့ ကို
မြည်းစမ်း
မေမေ့ရင်ငွေ့ မေမေ့အကာအကွယ် မေမေ့မေတ္တာ
မေမေ့ စေတနာ မေမေ့အမြှော်အမြင်
တနေ့ တနေ့ သမီး ခံစားသိရှိ
နားလည်ခဲ့ရပါပြီမေမေ
မေမေ့ သမီး လူလားမြောက်ခဲ့ယုံသာမက
လူရာဝင်အောင်
ပညာရဲရင့်ပွဲလည်တင့်အောင်
နေတတ်သလိုလိုရှိလာပါပြီမေမေ
By Phyu Thi Khin
Have A Happy Mother's Day
0 comments:
Post a Comment