သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁)
သစ်ထူးလွင် |
- ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစတင်
- ၁ဝ နှစ်အောက် ပိုလီယို ဝေဒနာရှင်ကို အဓမ္မပြုကျင့်ရန် ကြံစည်
- အကယ်ဒမီ ၃ ဆုရှင် ဂီတမှူး ဦးဇော်မျိုးထွဋ် ကွယ်လွန်
- မဇ္ဈိမလှိုင်း ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ကားမောင်းရင်း နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်
- ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြသူ အာမခံဖြင့် ပြန်လွတ်
- ရေတပ်သားနှစ်ဦးက ရဲတပ်သားကို တာမွေရဲစခန်းအတွင်း ဓားဖြင့်ထိုး
- သတ်မှတ်ချိန်ကျော်၍ အင်းလျားကန်ပေါင်မှ ဖယ်ခိုင်းရာ ရဲတပ်သားနှစ်ဦး ထိုးကြိတ်ခံရ
- ရေတပ်က သိမ်းထားတဲ့ လယ်မြေတွေ ပိုင်ရှင်ပြန်တောင်း
- တက္ကသိုလ်ဆရာ ဆရာမများ၏ တင်ပြချက် ၀န်ကြီးဌာန လက်ခံ
- ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့တွင် လူထုထောင်ချီ ကြိုဆို
- ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ်
- သီလ၀ါစီးပွားရေးဇုန်တွင် ဆူဇူကီးကုမ္ပဏီကို ပထမဆုံး စက်ရုံတည်ဆောက်ခွင့်ပြု
- ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ကျောင်းသား ပါလီမန်တွင် မိန့်ခွန်းပြောမည်
- အမြန်လမ်းတွင် ရွှေမြင်းပျံ ခရီးသည်တင်ယာဉ် ကတ္တရာခင်းယာဉ်ကို ဝင်တိုက်၊ တစ်ဦးသေဆုံး
- အစိုးရနှင့်တအာင်းတပ် တိုက်ပွဲများ ဆက်ဖြစ်
- ဆိုင်းဘုတ်နိုင်ငံ
- ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မည့် သီးသန့်နေရာများ တစ်နိုင်ငံလုံးတွင် ပြုလုပ်ပေးရန် ဦးမင်းကိုနိုင် တောင်းဆို
- ၂၀၁၄ တွင် GSM လိုင်း လေးသန်း တိုးချဲ့မည်ဟုဆို
- ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဂျပန်ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက်ပို့ချမည်
- သံဃာတစ်ပါးထံမှ သိန်း ၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
- ဒဂုံငမိုးရိပ်တံတားအနီး ဂက်စ်လိုင်းပေါက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်
- မဇ္ဈိမလှိုင်းဂီတမှူး ကိုဇော်မျိုးထွဋ် ကွယ်လွန်
- အမေရိကန် အလယ်ပိုင်း ပြည်နယ်တွေ အအေးလှိုင်း ဒဏ်ခံရ
- ကျွမ်းကျင်လုပ်သား ရှားပါးမှု အထည်ချုပ်ကဏ္ဍ အကြီးမားဆုံး ပြဿနာဟုဆို
- နိုင်ငံတကာသုံး ငွေပေးချေကတ်များ သုံးစွဲမှု မြင့်တက်ဟုဆို
Posted: 06 Jan 2014 07:38 AM PST
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်နဲ့
စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲတွေမှာ ဟောပြောဖို့ ဒီနေ့ညနေ ၃
နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြိုဆိုကြတဲ့ ဒေသခံပြည်သူ
ထောင်ပေါင်းများစွာကို အခုလို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ ---
သတင်း
|
Posted: 06 Jan 2014 07:35 AM PST
အသက် ၃ဝ ကျော်အရွယ် အမျိုသားတစ်ဦးက အသက် ၁ဝ နှစ်အောက်သာ ရှိသေးသည့်
ပိုလီယိုဝေဒနာရှင် ကလေးငယ်လေးတစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သဖြင့်
ဇန်နဝါရီ ၅ ရက်က ဒလရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ ဖြစ်စဉ်မှာ
ဒလမြို့နယ် ရပ်ကွက်တစ်ခုတွင် နံနက် ၁ဝ နာရီအချိန်က
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်ရှိ စကားမပြောတတ်၊
လမ်းမလျှောက်နိုင်သော
|
Posted: 06 Jan 2014 07:32 AM PST
ဝါရင့်ဂီတမှူးတယောက်လည်းဖြစ်၊ ဂီတမှူးအကယ်ဒမီ အများဆုံး ရရှိတဲ့ထဲမှာ တဦး
အပါအ၀င်လည်း ဖြစ်တဲ့ အကယ်ဒမီ ၃ ဆုရှင် ဦးဇော်မျိုးထွဋ်ဟာ ရုတ်တရက်
နှလုံးရောဂါဖောက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညမှာ ကွယ်လွန်သွားခဲ့တယ်လို့
ဇနီးဖြစ်သူက ပြောပါတယ်။ “ရင်ခွဲရုံမှာ ခွဲလိုက်တော့ အဲဒီ ရောဂါတွေ ဘာမှ
မရှိဘူး။ နှလုံးမှာ သွားပိတ်နေတာ။ ချက်ချင်းကြီး ဆေးရုံသွားတာ။
ကားပေါ်မှာတင် သေတယ်” လို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန်
|
Posted: 06 Jan 2014 07:30 AM PST
မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့၏
ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်သည် ဇန်န၀ါရီလ ၅ ရက် ၈နာရီ ၅၀
မိနစ်ခန့်က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု
သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်က မဇ္ဈိမကို ပြောသည်။ “အဖေက
နှလုံးသွေးကြောပိတ်ပြီး ဆုံးသွားတာပါ။ အရင်တုန်းလည်း ဒီလိုမျိုးတစ်ခါမှ
မဖြစ်ဖူးဘူး။ဖြစ်ခဲ့လို့ရှိရင် ကြိုတင် ဆေးကုသလို့ ရတာပေါ့။
|
Posted: 06 Jan 2014 07:27 AM PST
ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်လို့ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရတဲ့
ဦးသာချိုကို ပျဉ်းမနား ရဲစခန်းက ဇန်န၀ါရီလ ၆ ရက်နေ့မှာ အာမခံနဲ့
ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးကျော်မိုးဇော်(ခ) ဦးသာချိုဟာ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးအတွက် ပြည်ထောင်စု
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ လွတ်လပ်ရေးနေ့က ပထမဆုံးအကြိမ်
ခွင့်ပြုမိန်မရဘဲ တကိုယ်တော် ဆန္ဒပြခဲ့လို့ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
|
Posted: 06 Jan 2014 07:25 AM PST
တယ်လီဖုန်းအရောင်းအ၀ယ်နှင့် ပတ်သက်၍ ရဲစခန်းအတွင်း၌ ရေတပ်သားနှစ်ဦးက
ရဲတပ်သားတစ်ဦးကို ဓားဖြင့်ထိုးသောကြောင့် ပြည်သူ့ဝန်ထမ်းကို
နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။
တာမွေမြို့မရဲစခန်းအတွင်း စခန်းမှူးရှိနေစဉ် ရေတပ်သားနှစ်ဦးသည် ဇန်န၀ါရီ ၃
ရက် နံနက်က ရောက်လာပြီး မှုခင်းအကူစာရေး ရဲတပ်သားတစ်ဦးနှင့်
တယ်လီဖုန်းအရောင်းအ၀ယ်ကိစ္စ ပြောနေရာမှ ရေတပ်မှ ဒုတပ်ကြပ်က လွယ်အိတ်အတွင်း
|
Posted: 06 Jan 2014 07:23 AM PST
လူအများလာရောက်အပန်းဖြေလေ့ရှိ
|
Posted: 06 Jan 2014 07:20 AM PST
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာအုပ်စု
ရဲရိုးပြင်ကျေးရွာမှာ တပ်မတော်(ရေ)က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧကပေါင်း ၅၀
ကျော်ကို ပြန်ပေးဖို့ တောင်သူတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး
ဒီကနေ့ရက်စွဲနဲ့ စာရေးသားပေးပို့လိုက်ပါတယ်။ လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့
ရဲရိုးပြင်ကျေးရွာတောင်သူ ၈ ဦးက စစ်တွေမြို့အခြေစိုက် အမှတ်- ၁၇ ၊
တပ်မတော်ရေတပ်ဌာန တာဝန်ရှိသူတွေကို ဒီကနေ့ မနက်ပိုင်းက
|
Posted: 06 Jan 2014 07:18 AM PST
တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ထားတဲ့
"တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး" ကို "အဆင့်မြင့်ပညာ
ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ" အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့
ပညာရေးဝန်ကြီးဌာနက ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ "ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာ ဒေသန္တရ
အလုပ်ရုံဆွေးနွေးပွဲ" မှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆရာ
ဆရာမများအသင်း၊ေ
|
Posted: 06 Jan 2014 07:11 AM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
ချင်းပြည်နယ်ခရီးစဉ်အဖြစ် ဒီနေ့စတင်ထွက်ခွာခဲ့ပြီးနောက် စစ်ကိုင်းတိုင်း
ကလေးမြို့ကို ညနေ ၃ နာရီလောက် ရောက်ရှိခဲ့ပြီး ဒေသခံတွေ ထောင်ပေါင်းများစွာ
ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ဝင်တွေအပါအ၀င်
ကလေးမြို့မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မြို့မိမြို့ဖတွေ၊
ကျောင်းသူကျောင်းသားတွေလည်း ကြိုဆိုခဲ့ကြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့
|
Posted: 06 Jan 2014 03:04 AM PST
Written by မဇ္ဈိမသတင်းဌာန
ဒေါ်အောင်ဆန်းစုကြည်၏ ကလေးခရီးစဉ်အား ကြိုဆိုနေသော ကလေးပြည်သူလူထုကို
ဇန်နဝါရီလ ၆ရက် နေ့လည်ပိုင်း ကတွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည)
ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ
သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင်
အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။
ကလေးမြို့သို့ ဇန်နဝါရီလ ၆ရက် ၂နာရီ
|
Posted: 06 Jan 2014 02:48 AM PST
ဂျပန်နဲ့ မြန်မာဖက်စပ် အကောင်အထည်ဖော်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်မှာ
အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေ မပြီးသေးပေမယ့် ဂျပန်
ဆူဇူကီးကားကုမ္ပဏီကိုတော့ ပထမဦးဆုံးအဖြစ် စက်ရုံ
တည်ဆောက်ခွင့်ပြုထားတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်
အဖွဲ့ရုံး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သီလ၀ါ အထူးစီးပွားရေးဇုန်အား တွေ့မြင်ရစဉ်
|
Posted: 06 Jan 2014 02:45 AM PST
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ
ဒုတိယပတ်အတွင်း ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် (Indian Student
Parliament (ISM) သို့ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD
ပါတီထံမှ သိရသည်။ အိန္ဒိယနိုင်ငံ Pune မြို့တွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၂
ရက်နေ့အအထိ သုံးရက်ကြာ ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား
|
Posted: 06 Jan 2014 02:43 AM PST
ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃
ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး
တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း
ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု
ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ
စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ြေ
|
Posted: 06 Jan 2014 02:25 AM PST
၂၀၁၄ ခုနှစ်ဆန်းမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက်
ပြင်ဆင်ကြိုးပမ်းနေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ အစိုးရတပ်နဲ့
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား တိုက်ပွဲတွေ ဆက်တိုက်
ဖြစ်ပွားနေပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ ဟိုပန်၊
ကျောက်မဲ အစရှိတဲ့ မြို့နယ် ၄ ခုထဲမှာ အစိုးရတပ်နဲ့ တအာင်းတပ်ဖွဲ့တွေကြား
ပစ်ခတ်မှုတွေ အနည်ဆုံး ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသား
|
Posted: 06 Jan 2014 01:14 AM PST
”အလုပ်မရှိက ဘဝမရှိနိုင်၊ ဘဝ ကို အလုပ်ဖြင့်တည်ဆောက်”၊ ”သင့်
အားနေရာတိုင်းတွင် စစ်ဆေးနေသည်”၊ စည်းကမ်းမှန်သမျှ လိုက်နာကြ”၊ ”သင့်
ကြောင့် သူတစ်ပါး မိသားစု မပြိုကွဲပါစေ နှင့်”၊ ” စည်းကမ်းလိုက်နာပါ၊ နေရာ
တိုင်းမှာ လျှို့ဝှက်ဖမ်းဆီးနေသည်”၊ ”ဘယ်သူမှားမှား၊ ကိုယ်ကရှောင်”၊ ”အ
ပြုံးနှင့်မေတ္တာ ပေါင်းစပ် ဝန်ဆောင် ပါ”၊ ”အမျိုးသမီးများကို ဦးစားပေးပါ၊
စောင့် ရှောက်ပါ၊ တန်ဖိုးထားပါ”၊ ”ဆေးလိပ် မသောက်ရ၊
|
Posted: 06 Jan 2014 01:10 AM PST
ပြည်သူများ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင် ရန်အတွက် သီးသန့်နေရာများ ကို
တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုလုပ်ပေး ရန် ၈၈မျိုးဆက်(ငြိမ်း
/ပွင့်)မှ ဦးမင်းကိုနိုင်က တောင်း ဆိုလိုက်ကြောင်း သိရသည်။ ဒီမိုကရေစီ
စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်အတွက်
ဇန်နဝါရီ ၅ရက်က မဟာဗန္ဓုလ ပန်းခြံဘေးနှင့် ယခင်
တရားရုံးချုပ်ဟောင်းကြားရှိနေ ရာ၌ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင်
ပြောဆိုခဲ့ခြင်းဖြစ်သည်။ '
|
Posted: 06 Jan 2014 01:05 AM PST
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အတွင်း
မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System)
မိုဘိုင်းလ်ဖုန်းလိုင်းလေးသန်း ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့
ပြောကြားသည်။ “ဒီတိုးချဲ့တဲ့ လုပ်ငန်းတွေ အပြီးသတ်ဖို့ကို ဇွန်၊
ဇူလိုင်လောက်တော့ အပြီးသတ်နိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။ ---
|
Posted: 06 Jan 2014 01:04 AM PST
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများထဲက ထူးချွန် ကျောင်းသားများအတွက်
သီးသန့် ဖွင့်လှစ်ထားသော ရန်ကုန် နည်းပညာတက္ကသိုလ်တွင် လာမည့် ငါးနှစ်အတွင်း
ဂျပန်နိုင်ငံမှ ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက် ပို့ချရန် သဘောတူညီမှု
ရရှိထားကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ
အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
Posted: 06 Jan 2014 12:52 AM PST
တက္ကစီ
စီးလာသည့် သံဃာတော် တစ်ပါးထံမှ ကျပ်သိန်း တစ်ရာ တန်ကြေးရှိသည့်
မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၅ ရက် ညနေက သင်္ဃန်းကျွန်းမြို့နယ်တွင်
ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ညနေ ၃ နာရီ ၄၅ အချိန်က မူးယစ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့်
နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့်တွင်
ကြိုတင်သတင်းအရ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြခြင်းလည်း ဖြစ်သည်။ ေ
|
Posted: 06 Jan 2014 12:54 AM PST
ဒဂုံမြို့သစ်မြောက်ပိုင်း၊
ငမိုးရိပ်တံတား (သင်္ကန်းကျွန်း) အဆင်း အမှတ် ၂ လမ်းမကြီးဘေးရှိ
ချမ်းသာကွန်ကရစ် ကုမ္ပဏီအနီးတွင် ဂက်စ်ပိုက်လိုင်းပေါက်၍ ဇန်နဝါရီ ၅ရက် ည ၁၁
နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက
ထုတ်ပြန်သည်။ "မီးတောက်နေတဲ့ ဘေးမှာ ထရန်စဖောင်မာရှိတယ်။ ဖောက်ဆိုတဲ့
အသံကြားတယ်။ မီးသတ်ကားတွေ လာတာ နောက်ကျတယ်။ အဲဒီနားမှာ ရေကလည်းမရှိဘူး။
သဲကလည်း မရှိဘူး။ ပြည်သူအနေအနဲ့
|
Posted: 06 Jan 2014 12:33 AM PST
မဇ္ဈိမလှိုင်းဂီတအဖွဲ့က ဂီတမှူး ကိုဇော်မျိုးထွဋ်
မဇ္ဈိမလှိုင်းဂီတအဖွဲ့က လိဒ်ဂီတာသမား၊ ရုပ်ရှင်ဂီတ အကယ်ဒမီဆုများရှင်
ဂီတမှူး ကိုဇော်မျိုးထွဋ် မနေ့ညပိုင်း တုန်းက ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ သူဟာ အသက်၅၄နှစ် ရှိပါပြီ။
ငယ်ငယ် ကတည်းက ရင်ကြပ် ရောဂါရှိပြီး အခုတော့ ရင်ကြပ်ရောဂါနဲ့
နှလုံးရပ်သွားတာလို့ အကြမ်းဖျဉ်း သိရကြောင်း သူ့ဆွေမျိုး အသိုင်းအဝိုင်း
ထဲက ကြည်သာ ( ပွဲကြိုက်ခင် ) ကြေ
|
Posted: 06 Jan 2014 12:32 AM PST
အာတိတ်အအေးလှိုင်းဒဏ်ကြောင့် အမေရိကန် အလယ်ပိုင်းဒေသ ပြည်နယ်အချို့မှာ
ရေခဲမှတ်အောက် ၃၀ ဒီဂရီ စင်တီဂရိတ် အထိရောက်နေပါတယ်။ နောက်ပြီး အသက်အ
န္တရာယ်ရှိတဲ့ ရေခဲမှတ်အောက် ၅၀ ဒီဂရီ လောက် ရှိတဲ့ လေအေးတိုက်မယ့်
အလားအလာကြောင့် လူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ Indiana ပြည်နယ်
Indianapolis မြို့တောဝန် ဂရက်ဘဲလတ်က အခုတွေ့ရတဲ့ ဆိုးဝါးတဲ့
ရာသီဥတုဒဏ်မျိုး ၁၀စုနှစ်တွေနဲ့ ချီပြီးတခါမှ မမြင်ဘူးတဲ့အပြင် အသက်အန္တရာယ်
|
Posted: 06 Jan 2014 12:29 AM PST
လုပ်သားအင်အား များစွာကို အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိုင်သည့်
မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍအတွင်း လုပ်ငန်းရှင်များ၏ အကြီးမားဆုံး
ပြဿနာမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြစ်လာကြောင်း ပြည်တွင်း အထည်ချုပ်
လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။ အထည်ချုပ်ကဏ္ဍသည် အမေရိကန်၏
စီးပွားရေး ပိတ်ဆို့မှုကြောင့် အနောက်နိုင်ငံများသို့
မတင်ပို့နိုင်ခဲ့ခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်ခဲ့ပြီး အစိုးရသစ်
တက်လာပြီးနောက်
|
Posted: 06 Jan 2014 12:28 AM PST
နိုင်ငံတကာ ငွေပေးချေ လုပ်ငန်းများနှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ
ပူးပေါင်း အကောင်အထည် ဖော်ထားသော နိုင်ငံတကာတွင် သုံးစွဲနိုင်သည့် Easi
Travel Master Card နှင့် Multi-Currency Travel Visa ကတ်သုံးစွဲမှုများ
တဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက
ပြောကြားသည်။ သမဝါယမဘဏ်က ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း စတင်အကောင်အထည်
ဖော်သည့် Easi Travel Master Card သုံးစွဲသူ ခြောက်ထောင်ကျော်
|
0 comments:
Post a Comment